#Local_News
Published_24 Sept 2024
▪️ MNDAA သိမ်းယူထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်လားရှိုးမြို့ကို ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက်တစ်နာရီခွဲခန့်အချိန်က ဗုံးကြဲရာတွင် ၉ ဦး၊ နံနက် ၄ နာရီခန့်အချိန် ဗုံးကြဲခံရမှုတွင် ၆ ဦး ပြင်း ထန်ဒဏ်ရာများ ရရှိခဲ့ကာ တစ်ဦးသေးဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
▪️ နံနက် ၁ နာရီခွဲအချိန်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့ကာ နံနက် ၄ နာရီခန့်တွင်လည်း ပေါင်း ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့ခြင်း ဖြစ်ကြောင်း ယင်းတွင် ဖော်ပြထားသည်။
▪️ အချို့သောတယ်လီဂရမ်သတင်းများတွင်မူ ဗုံးကြဲခံရမှုကြောင့် MNDAA စစ်သား အယောက် ၂၀ကျော်သေဆုံးသည်ဟု ရေးသားဖော်ပြနေကြသည်။
▪️ အဆိုပါ ဗုံးကြဲခံရမှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၂)ရှိ ရထိုက်ဟိုတယ်နှင့် Golden Sunflower ဟိုတယ်၊ Family Cafe အနီးတစ်ဝိုက်ရှိ နေအိမ် ၊အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
▪️ MNDAA က လားရှိုးမြို့တွင် စစ်ပြီးပြီဟုဆိုကာ ပြန်လည်ထူထောင်ရေး ကာလအဖြစ်သတ်မှတ်ထားစဉ် လေကြောင်းတိုက်ခိုက်မှုကို ရက်ဆက်ခံနေရခြင်လည်း ဖြစ်သည်။
▪️ ပြီးခဲ့သည့် ဩဂုတ်လ (၃၀)ရက် ၊ စက်တင်ဘာလ ( ၉)ရက် ၊ ( ၁၀ ) ရက် နှင့် (၂၁) ရက် တို့တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။
▪️ နစက အနေဖြင့် MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ပြီးခဲ့သည့်စက်တင်ဘာလ ၂ ရက်တွင် ကြေညာထားခဲ့သည်။
#Yangon_Times/PP
#Local_News
Published_24 Sept 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၂၀လမ်း၊ ၈၆-၈၇လမ်းကြားတွင် အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် လူ ၅ ဦးဒဏ်ရာ ရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
▪️ ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၂ နာရီ ၅ မိနစ်ခန့်က အဆောက်အဦးပြိုကျကြောင်း သတင်းအရ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း(၅)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကျား (၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) နှင့် မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) တို့အား စေတနာ မေတ္တာ ဂရုဏာအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ ချမ်းသာသုခအသင်းမှ သူနာတင်ယာဉ်(၁) စီးတို့ ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 23 September 2024
၁။ ကလောတွင် အိမ်ပြိုသွားသည့်အိမ်ထောင်စု(၁၅၀) ကျော်ကိုကျပ်သိန်း(၃၀)စီထောက်ပံ့
၂။ ရွှေရည်ညွှန်းဈေး ခုနှစ်သောင်းကျော်တက်
၃။ ပန်းချီကားနှင့် စာအုပ်များရောင်းချရငွေများကို ရမည်းသင်းရှိ ရေဘေးသင့်ပြည်သူများကိုသွားလှူမည်
၄။ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးအတွက် ပွင့်လင်းမြင်သာစွာချပြရန်အရေးကြီးဟု အမေရိကန်နိုင်ငံသားများရှုမြင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လေဖိအားနည်းဆဲလ်အရှိန်နဲ့ မုတ်သုံအားကောင်းနေတဲ့အတွက် ရန်ကုန်အပါအဝင် ဒေသအချို့မှာ မိုးကြီးပြီးလေပြင်းတိုက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 23 September 2024
#မုတ်သုံအားကောင်း #မိုးကြီးပြီးလေပြင်းတိုက်နိုင်
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ဟင်းသီး၊ ဟင်းရွက်တွေ အဓိကစိုက်ပျိုးတဲ့ ကျွန်းမျောတွေပါ လက်ရှိအချိန်အထိနစ်မြုပ်နေတာကြောင့် စားသောက်ရေးအခက်အခဲရှိတဲ့ ကျေးရွာတွေရှိနေတယ်လို့ သွားရောက်လှူဒါန်းတဲ့ အလှူရှင်တွေဆီက သိရပါတယ်။
#Local_News
Published 23 September 2024
#စားသောက်ရေးအခက်အခဲ #ကျွန်းမျောတွေပါရေနစ်မြုပ်နေ
#YMG/NN #Yangon_Times
#Local_News
Published 23 September 2024
▪️ ယခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းနီးပါးမှာ စားသောက်ကုန်အုပ်စုများဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
▪️ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပုဂ္ဂလိက စက်မှုလုပ် ငန်း ၂၄ မျိုးအတွက် ယခုကဲ့သို့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်ကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့လုပ်ဆောင်ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပုဂ္ဂလိကစက်မှုလုပ်ငန်း ၈၀၀၀ကျော် မှတ်ပုံတင်ထားပြီးမန္တလေးတိုင်းဒေသကြီးမှ ၆၈၀၀ ကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၅၇၀၀ ကျော်မှတ်ပုံတင်ထားကြောင်း သိရသည်။
▪️ အဆိုပါလုပ်ငန်း ၂၄ မျိုးတွင် စားသောက်ကုန်၊ ဆေးဝါး၊ အဝတ်အထည်၊ လူသုံးကုန်၊ ပရိဘောဂ၊ အိမ်သုံးပစ္စည်း၊ ပုံနှိပ်ပစ္စည်း၊ ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်း၊ သတ္တုမဟုတ်သည့်ဓာတ်သတ္တု၊ သတ္တုသန့်စင်စက်နှင့် လျှပ်စစ်ပစ္စည်းစသည်များ ပါဝင်ကာ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းနီးပါးသည်စားသောက်ကုန်အုပ်စုဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရေဘေးအလှူပန်းချီနဲ့စာအုပ်ရောင်းချပွဲမှရရှိတဲ့ အလှူငွေတွေကို ရမည်းသင်းရှိရေဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 23 September 2024
#ပန်းချီကားနှင့်စာအုပ်များရောင်းချရငွေ #ရေဘေးသင့်ပြည်သူများကိုလှူ
#YMG/tthl #Yangon_Times
Page 121 of 1833