#Daily_News
Published 22 September 2025
၁။ ဆက်တိုက်မြင့်တက်ခဲ့သည့် စားအုန်းဆီရည်ညွှန်းဈေးတည်ငြိမ်လာ
၂။ ကော်ဖီသီးနှံ ဧကခြောက်သောင်းကျော်စိုက်ပျိုးထား
၃။ စူပါတိုင်ဖွန်းကြောင့်နေရာကွက်၍ မိုးကြီးနိုင်ကာ သဘာဝဘေးသတိပြုရန်လိုဟုဆို
၄။ တရုတ်လေတပ်၏(၂၀၂၅)လေကြောင်းပြပွဲ ချန်ချွန်း၌စတင်ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 September 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Art Center - Yangon) တည်ဆောက်ရာတွင် ငလျင်ရစ်(ခ်)တာစကေး ၈ ဒသမ ၀ ခံနိုင်ရည်ရှိအောင်ဆောင်ရွက်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မှာကြားခဲ့ကြောင်းသိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် ရန်ကုန်မြို့ရှိ အနုပညာဗဟိုဌာန တည်ဆောက် မှုလုပ်ငန်းများကို ယမန်နေ့ကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အနုပညာဗဟိုဌာန (Myanmar Art Center- Yangon) ကို ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရပ်များ တင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအဖြစ် ဖျော်ဖြေရေးအတွက်သာမက အနုပညာဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့်ဆက်စပ်သော ဟောပြောပွဲများ ပြုလုပ်နိုင်ရန်အတွက်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊ အနုပညာနှင့် ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင်လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေမည့် အနုပညာဗဟိုဌာနတစ်ခုဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မိုးစပါးစတင်ထွက်ပေါ်ချိန်မှာ အိပ်စပို့ဆန်တွေ အကျဈေးနဲ့ ဈေးကွက်အေးနေတယ်လို့ မြန်မာနိုင်ငံဆန်ကုန်စပါးအသင်းချုပ် က သိရပါတယ်။
#Local_News
Published 20 September 2025
#မိုးစပါး #ဆန်
#YMG/NN #Yangon_Times
၂၁ စက်တင်ဘာ ၂၀၂၅
မြန်မာအစိုးရနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် နည်းပညာကုမ္ပဏီများသို့ မကြာသေးမီက သွားရောက်လေ့လာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေပိုင်းများတွင်ပေကျင်းအခြေစိုက်အဆိုပါအဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာကုမ္ပဏီများတွင် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ လေကြောင်းနည်းပညာဆိုင်ရာ ပစ္စည်းများ၊အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများကို လေ့လာ ကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကိုကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် 12th Beijing Xiangshan အစည်းအဝေးများသို့ တက်ရောက်နေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အဆင့်မြင့်နည်းပညာကုမ္ပဏီတွေကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပါယ်ခန်းမ (Bayi Hall)၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။
#ymg/knl
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ စည်ပင်ပိုင် တည်ဆောက်ဆဲ ခေတ်မီအဆင့်မြင့် သုမင်္ဂလာဈေး (ညံတောဈေး)ကအခန်းတွေကို တင်ဒါစနစ်နဲ့ငှားရမ်းသွားမယ်လို့ သိရပါတယ်။
#Local_News
Published 20 September 2025
#ပြင်ဦးလွင်ညံတောဈေး #ပြင်ဦးလွင်မြို့
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက်စက်သုံးဆီရည်ညွှန်းဈေး အားလုံးကျရိပ်ပြလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက် ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 20 September 2025
#စက်သုံးဆီ
#YMG/NN #Yangon_Times
ထိုင်းဘဏ်အကောင့်များဂယက်ကြောင့် ရန်ကုန်မှာ တန်ဖိုးကြီးမြေကွက် တွေအရာင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 20 September 2025
#ထိုင်းဘဏ်အကောင့် #ရန်ကုန်အိမ်ခြံမြေဈေးကွက်
#YMG/SW #Yangon_Times
Page 116 of 2240