၁၆ ဇူလိုင် ၂၀၂၅
နောင်ချိုမြို့တစ်မြို့လုံးအား ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂၀၀ နာရီချိန်ခန့်တွင် တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နောင်ချိုမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေတွင်တည်ရှိသည့် မြို့ဖြစ်ပါတယ်၊
စစ်ဆင်ရေးကာလ ၁၁ လအတွင်း TNLA အဖွဲ့၊ MDY-PDF နှင့် ဓနု PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၂၀ ကြိမ်၊ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်အကြမ်းဖက်သောင်းကျန်းသူများသည်တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်အားဆက်လက်ခုခံနိုင်ခြင်းမရှိတော့ဘဲ ထိခိုက် ကျဆုံးများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂၀၀ နာရီချိန်ခန့်တွင် နောင်ချိုမြို့တစ်မြို့လုံးကို တပ်မတော်က အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ် လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုတိုက်ပွဲများအတွင်း ရန်သူ့ထံမှ အလောင်း ၁၇၁လောင်း၊ လက်နက်မျိုးစုံ ၁၆၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။
၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့်နေရာများ သို့ တပ်မတော်ကအကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ဖြင့် တန်ပြန်တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် မကျည်းရေမှတစ်ဆင့် တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှုလမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။ အလားတူ ကျောက်မဲလေးဒေသမှ သံဘိုကျေးရွာအနီးနှင့် ဘန်ဘွေးဒေသမှ ဂန့်ဂေါ-အုမ္မသီးလမ်းခွဲတို့အားတန်ပြန်တိုက်စစ်ဖြင့် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီးတောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင်ဟူးတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ဇူလိုင်လ ၈ ရက်နေ့တွင် လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချိုလမ်းကြောင်းရှိ ဂုတ်ထိပ်အနီးတစ်ဝိုက်အား ဇူလိုင်လ ၁၂ ရက်နေ့တွင် လည်းကောင်း၊ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါးကျေးရွာအထိအား ဇွန်လ ၂၅ ရက်တွင်လည်းကောင်း၊ ကျောက်ကြမ်းနေရာတစ်ဝိုက်အား ဇူလိုင်လ ၁၅ ရက်နေ့တွင် လည်းကောင်း၊ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏စိတ်ဓာတ်ရေးရာကို ပြင်းထန်စွာ ရိုက်ချိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုကို အပြည့်အဝ ရရှိလာသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များသည် စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လို ခိုက်လိုစိတ်ပြင်းပြမှုတို့ဖြင့် အောင်မြေချဲ့ထွင်မှုများကို မြေပြင်၊ ဝေဟင် စစ်နည်းဗျူဟာမြောက် အဆင့်ဆင့်ပေါင်းစပ်၍ အကြမ်းဖက်သောင်းကျန်းသူများ ယာယီခံစစ်စခန်း တည်ဆောက်ထားသည့်နေရာများကို အဆင့်ဆင့်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ပြီး နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကြောင်းများခွဲ၍ “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့သို့TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၄ ခုနှစ်၊ ဇွန်၂၅ ရက်မှ စတင်၍ မြို့နှင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ရင်း/တပ်ဖွဲ့၊ဌာနချုပ်များအား အင်အား အလုံးအရင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး (၁)နှစ်ကျော်ခန့်အကြာမှာ တပ်မတော်က ထိုအကြမ်းဖက်များကို နှိမ်နှင်းပြီး အပြည့်အဝပြန်လည်ထိန်းချုပ်ရယူခဲ့တာဖြစ်ကြောင်းသိရပါတယ်။
#ymg/knl
#Daily_News
Published 16 July 2025
၁။ ရန်ကုန်မြို့ရှိ ကွန်ဒိုများငလျင်အာမခံထားရှိမှုများပြားလာ
၂။ တရုတ်ပို့မည့်ကုန်စည်အုပ်စု၇မျိုး မှတ်ပုံတင်ရန် Manual စနစ်ဖြင့်လျှောက်ထားရမည်
၃။ မုတ်သုံလေအားကောင်းနေ၍ မိုးပိုကောင်းပြီးနေရာကွက်၍မိုးကြီးနိုင်
၄။ ဂျပန်ကျေးလက်ဒေသတစ်ခု၌ လူဦးရေကျဆင်းမှုကိုဖြေရှင်းရန် လုပ်ငန်းအခွင့်အလမ်းများ ဖန်တီးကာလူတွေကိုဆွဲဆောင်ရန်ကြိုးပမ်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းကထွက်ရှိတဲ့ ကော်ဖီစေ့အစိမ်းတန်ချိန် ၆၈ တန်ကို ဥရောပဈေးကွက်သို့တင်ပို့ထားတယ်လို့ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ သိရပါတယ်။
#Local_News
Published 16 July 2025
#ဥရောပဈေးကွက်သို့တင်ပို့ #ကော်ဖီစေ့အစိမ်း
#YMG/SW #Yangon_Times
#Local_News
Published 16 July 2025
▪️ မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ဇူလိုင် (၂၀) ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချပေးခြင်းမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေးဖိုရမ်အတွက် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
▪️ မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ် အား ဇူလိုင် (၂၀) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁၁)ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် (၂၀) ရက် တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မုတ်သုံလေအားကောင်းနေတာကြောင့် အခုရက်ပိုင်းအတွင်း မိုးပိုကောင်းပြီးနေရာကွက်ကာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ မနက်ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 16 July 2025
#မုတ်သုံလေအားကောင်း #နေရာကွက်၍မိုးကြီး
#YMG/NN #Yangon_Times
တရုတ်နိုင်ငံကိုတင်ပို့မယ့် ကုန်စည်အုပ်စု ၇မျိုးအတွက် မှတ်ပုံတင်လျှောက် ထားရာမှာ Manual စနစ်နဲ့လျှောက်ထားရမှာဖြစ်တယ်လို့ GACC, ရုံးလုပ်ငန်းအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 July 2025
#တရုတ်ပို့မည့်ကုန်စည်အုပ်စု၇မျိုး #Manualစနစ်ဖြင့်လျှောက်ထား
#YMG/SW #Yangon_Times
အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ကွန်ဒိုတွေအနေနဲ့ အာမခံထားရှိမှု များပြားလာတယ်လို့ မြန်မာ့အာမခံလုပ်ငန်းက သိရပါတယ်။
#Local_News
Published 16 July 2025
#ရန်ကုန်မြို့ရှိကွန်ဒို #အာမခံထားရှိမှုများပြား
#YMG/NN #Yangon_Times
Page 115 of 2165