#Local_News
Published 20 May 2026
■ မြန်မာ-တရုတ် ရင်းနှီးမြှပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးအသင်း MCITP က ကြီးမှူးကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေး မိတ်ဖက်ချိတ်ဆက်ပွဲ Business Matching ကို မေ ၁၈ရက်မနက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ်ဟာဘင်းမြို့ ရှန်ဂရီလာဟိုတယ်တွင်ကျင်းပခဲ့သည်။
■ အခမ်းအနားသို့ မြန်မာ-တရုတ် ရင်းနှီးမြှပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးအသင်း MCITP ၏ နာယက ဦးအေးဝင်း၊ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အမှုဆောင်များ၊မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ကြ ပြီး ဟေလုံးကျန်းပြည်နယ် နိုင်ငံခြားရေးဌာန ဒုတိယညွှန်ကြားရေးမှူး Zhang Yu ၊ ပြည်နယ်ပါတီကော်မတီ စည်းလုံးညီညွတ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ် စက်မှုလက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး အဖွဲ့ချုပ်အတွင်းရေးမှူး မစ္စတာရှာလျန်းနှင့် ပြည်နယ်အဆင့် အစိုးရဌာနအကြီးအကဲများ၊ စီးပွားရေးကုမ္ပဏီများမှလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
■ အခမ်းအနားတွင် အသင်းနာယကဦးအေးဝင်း၊ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က နှုတ်ခွန်းဆက် အမှာစကားများပြောကြားကြပြီး ဟေလုံကျန်းပြည်နယ် နိုင်ငံခြားရေးဌာန ဒုတိယညွှန်ကြားရေးမှူး Zhang Yu နှင့် ပြည်နယ် စက်မှုလက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး အဖွဲ့ချုပ် အတွင်းရေးမှူး မစ္စတာရှာလျန်းတို့ကအမှာစကားပြောကြားသည်။
■ ထို့နောက် အသင်းအကြံပေး ဒေါက်တာဇော်ဦးက မြန်မာနှင့်တရုတ် ရင်းနှီးမြှပ်နှံမှုနှင့်ကုန်သွယ်မှုအခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
■ အစီအစဉ်အရ မြန်မာလုပ်ငန်းရှင်များနှင့် ဟေလုံကျန်းပြည်နယ်မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် မိတ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးအခွင့်အလမ်းများ ချိတ်ဆက်နိုင်ရေး ဆက်လက်ဆွေးနွေးကြသည်။
■ အဆိုပါအခမ်းအနားတွင် ဟေလုံကျန်းပြည်နယ်မှ မြန်မာနိုင်ငံထွက် စိန်တလုံးသရက်သီး တန်ချိန် တစ်ထောင်နှင့် ရာဘာတန်ချိန်တစ်ထောင် ဝယ်ယူနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ခုကိုရေးထိုးနိုင်ခဲ့ကြောင်းလည်းသိရသည်။
#Daily_News
Published 19 May 2026
၁။ အခြေခံပညာကျောင်းများ မေလ(၂၅)ရက်မှ စတင်လက်ခံမည်
၂။ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၁.၁၆ သန်းကျော်တန်ဖိုးရှိ ပုစွန်များတင်ပို့ထား
၃။ ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကိုကျေးရွာ(၂၀၀)ကျော်၌ဆောင်ရွက်မည်
၄။ တောင်အာဖရိက၌အချက်အခြာကျလာသည့် တရုတ်မော်တော်ယာဉ်ကဏ္ဍလုပ်ငန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို အခုလ ၂၅ ရက်ကနေ ၃၁ ရက်အထိ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 19 May 2026
#အခြေခံပညာကျောင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှ နိုင်ငံတကာကုန်သွယ်ဖက်နိုင်ငံများသို့ လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၁.၁၆ သန်းကျော် တန်ဖိုးရှိသော ပုစွန်မက်ထရစ်တန် ၃၅၀ ကျော်ကို တင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 May 2026
#ပုစွန်
#YMG/SW #Yangon_Times
ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၂၁၄ ရွာမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ အသေးစားစက်မှုလက်မှုဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 19 May 2026
#အသေးစားစက်မှုလက်မှု
#YMG/NN #Yangon_Times
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာသစ်သီးဝလံ၊ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ပူးပေါင်းကာ မြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆)ကိုယနေ့ မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းမှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 19 May 2026
#မြန်မာ့ဒူးရင်းပွဲတော်
#YMG/SW #Yangon_Times
#Local_News
Published 19 May 2026
■ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယမာန်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနကို ကြည့်ရှုစစ်ဆေးသည်။
■ အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များ ထားရှိမှု၊ သန့်ရှင်းသောသောက်သုံး ရေရရှိရေး ဆောင်ရွက်ပေးမှု၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေး၊ လူ့အသိုင်းအဝိုင်းအတွင်း တန်ဖိုးရှိသော အမျိုးသမီးများအဖြစ် ရပ်တည်နေထိုင်သွားနိုင်ရေးနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်ရရှိရေး၊ အသက်မွေးဝမ်းကျောင်းပညာဖြစ်သော အပ်ချုပ်သင်တန်း၊ သိုးမွေးထိုးသင်တန်းနှင့် အခြေခံမြန်မာ့သိုင်းပညာသင်တန်းများ သင်ကြားပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိအောင်ဆောင်ရွက်ပေးမှုတို့နှင့် ကော်မရှင်မှ ယခင်လာရောက်စစ်ဆေးခဲ့စဉ်က အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို မေးမြန်းမှတ်တမ်းတင်ကြပြီး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 110 of 2438