#Local_News
Published 1 October 2025
▪️ Narrow Sky အမည်ရှိအနုပညာပြပွဲကိုဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)တွင်အောက်တိုဘာလ၂ရက်မှ ၁၆ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ သိရသည်။
▪️ ပြပွဲတွင်ပြသမည့် အနုပညာလက်ရာများမှာ စက္ကူများကို အနုပညာမြောက်စွာ ချိုးခေါက်လှီးဖြတ်ပုံဖော်သော ကိရိဂမိ(Kirigami) ပညာရပ်ဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများဖြစ်ပြီး လူသိများသည့်အိုရိဂမိ(Origami)စက္ကူခေါက်ပညာရပ်ကဲ့သို့ပင် ထင်ရှားသည့်ဂျပန်ရိုးရာ အနုပညာ ယဉ်ကျေးမှုတစ်ခု ဖြစ်ကြောင်းသိရသည်။
▪️ တင်ဆက်ပြသမည့်အနုပညာရှင် "ဖြိုးသမိန်" ၏ "Narrow Sky"အနုပညာလက်ရာပြပွဲတွင်ဂျပန်ရိုးရာ Kirigamiနှင့် မြန်မာPapercut ပညာတို့ကိုရောနှောဖန်တီးထားသည့် လက်ရာများလည်းပါဝင်ကြောင်း၊ပြပွဲကိုအောက်တိုဘာလ၂ ရက်မှ ၁၆ရက်ထိ (အပတ်စဉ်တနင်္ဂနွေနှင့်တနင်္လာနေ့များ တွင် မနက် ၉နာရီခွဲမှညနေ၃နာရီခွဲထိပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ ရေကျော်သီတင်းကျွတ်ပွဲစျေးကို အောက်တိုဘာလ(၁)ရက်ကနေ(၇)ရက်နေ့အထိ တစ်ပတ်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2025
#ရေကျော်သီတင်းကျွတ်ပွဲစျေး #ရန်ကုန်မြို့
#YMG/SW #Yangon_Times
နယ်စပ်ကုန်သွယ်မှုများဆောင်ရွက်ရာမှာ လိုက်နာရမယ့်လုပ်ငန်းစဉ်များ အကြောင်းသင်ကြားပိုချတဲ့ သင်တန်းကို ယမန်နေ့ကရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၊ ညီလာခံခန်းမမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
#Local_News
Published 30 September 2025
#နယ်စပ်ကုန်သွယ် #
#YMG/SW #Yangon_Times
နယ်စပ်ကုန်သွယ်မှုများဆောင်ရွက်ရာမှာ လိုက်နာရမယ့်လုပ်ငန်းစဉ်များ အကြောင်းသင်ကြားပိုချတဲ့ သင်တန်းကို ယမန်နေ့ကရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၊ ညီလာခံခန်းမမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
#Local_News
Published 30 September 2025
#နယ်စပ်ကုန်သွယ် #
#YMG/SW #Yangon_Times
#Local_News
Published 30 September 2025
▪️ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၃၀ - ၉ - ၂၀၂၅ ရက်နေ့မှ ၁၃ - ၁၀ - ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ေကြာင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
▪️ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ကြောင်း၊ထို့ကြောင့် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည် ဖြစ်ရာမဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 September 2025
▪️ ယနေ့နံနက်ပိုင်းက အင်အား၄.၉ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု ဖောင်းပြင်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ တမူးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ စက်တင်ဘာ ၃၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ် ၁၂ စက္ကန့်ကဖောင်းပြင်မြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၉၅)ဒီဂရီ၊ အနက်(၆၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို လာမယ့်အောက်တိုဘာလ ၅ ရက်နဲ့ ၆ရက် တို့မှာထားဝယ်မြို့မှာ နှစ်ညဆက်တိုက် ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2025
#ထားဝယ်ရိုးရာသပိတ်မျှောပွဲ
#YMG/NN #Yangon_Times
Page 106 of 2240