၁၀၅ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၈ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယခုလ၁၃ရက်မှာကျင်းပသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
#Local_News
Published 02 October 2025
#မြန်မာ့ရုပ်ရှင်နေ့ #ရုပ်ရှင်သက်ကြီးပူဇော်ပွဲ
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် စေလွှတ်လချုပ်ပေးပိုရန် ကျန်ရှိတဲ့ အေဂျင်စီပေါင်း နှစ်ရာခန့်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာန Safe Migration Channel က ထုတ်ပြန်ပါတယ်။
#Local_News
Published 02 October 2025
#စေလွှတ်လချုပ် #Safe_Migration_Channel
#YMG/SW #Yangon_Times
လာမယ့် ၂၀၂၆ခုနှစ် မိုးရာသီအတွင်း ဒီရေတောအပင် ၄ သန်းခန့် တိုးချဲ့တည်ထောင်စိုက်ပျိုးသွားမယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 02 October 2025
#ဒီရေတောအပင် #မိုးရာသီအတွင်း
#YMG/NN #Yangon_Times
ဧည့်မထ/ ငစိန်ထက် ဈေးကွက်လိုအပ်ချက်ရှိတဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးကြဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 02 October 2025
#ဧည့်မထ #ငစိန် #MRF
#YMG/NN #Yangon_Times
#Daily_News
Published 02 October 2025
၁။ ဒီရေတောအပင် ၄ သန်းခန့် တိုးချဲ့တည်ထောင်စိုက်ပျိုးသွားမည်
၂။ စက်တင်ဘာလအတွက် စေလွှတ်လချုပ်ပေးရန် ကျန်အေဂျင်စီပေါင်း နှစ်ရာခန့်ရှိ
၃။ မြန်မာ့ရုပ်ရှင်နေ့နှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပမည်
၄။ တရုတ်-ဗီယက်နမ် ယူယီကွမ်စမတ်ဆိပ်ကမ်း၏ တရုတ်ဘက်ခြမ်း ဆောက်လုပ်မှုပြီးစီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 02 October 2025
▪️ ယနေ့မြန်မာစံတော်ချိန် ၁၀ နာရီခွဲ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံ၏ ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကာ သဘာဝဘေးများဖြစ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အသိပေးထားသည်။
▪️ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မနက်မှ နောက် ၂၄ နာရီ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် ကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းသိရသည်။
▪️ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ် နိုင် ကြောင်း သိရသည်။
▪️ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါ ဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများနှင့် ဆည်မြောင်း တာတမံများအနေဖြင့်လည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 02 October 2025
▪️ ရှေးဟောင်းစာရင်းဝင်အဆောက်အအုံများအဖြစ် မန္တလေးတိုင်းရှိ အဆောက်အအုံ (၆၀) ကျော်ကို ထပ်တိုးသတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကသိရသည်။
▪️ မန္တလေးနှင့်ပြင်ဦးလွင်မြို့နယ်ရှိ လွန်ခဲ့သည့် နှစ်ပေါင်း (၁ဝဝ) ကျော်က တည်ဆောက်ခဲ့သော အဆောက်အအုံ (၆၄) ခုကို ရှေးဟောင်းစာရင်းဝင် အဆောက်အအုံများအဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄၊ ပိုဒ်ခွဲ(ခ)
အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးမြို့မှ အဆောက်အအုံ ၃၃ ခု၊ ပြင်ဦးလွင်မှ အဆောက်အအုံ ၃၁ ခုကို ရှေးဟောင်းအဆောက်အအုံများအဖြစ် ယခုနှစ်တွင် ထပ်တိုးသတ်မှတ်ခဲ့ကြောငိးသိရသည်။
▪️ အဆိုပါ ရှေးဟောင်းစာရင်းဝင် အဆောက်အအုံများတွင် ပုဂ္ဂလိကပိုင်အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဟိုတယ်ခရီးပိုင်၊ နိုင်ငံပိုင်အဆောက်အအုံများပါဝင်ကြောင်း ၊ ပုဂ္ဂလိကပိုင်အဆောက်အအုံများအနေဖြင့် ရှေးဟောင်းစာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပါက ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်၏ပံ့ပိုးမှုများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 104 of 2240