#Local_News
Published 27 January 2025
▪️ သီလဝါတန်ဖိုးနည်းအိမ်ရာရှိ လက်ကျန်အခန်း ၈၈ခန်းကို ဝယ်ယူခွင့်ရရှိသူများအေနဖြင့် ယခုလ၂၈ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယထပ် အစည်းအဝေးခန်းမ (အမှတ်၂၂၈/၂၃၄, ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်) ၌ ရရှိမည့်အခန်းကိုမဲနှိုက်ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ CHID Bank တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း (၃၀) ပြည့်မီသူ (၁၈၉၁) ဦးအနက် ၂၀.၁.၂၀၂၅ ရက်နေ့မှ ၂၄.၁.၂၀၂၅ ရက်နေ့ အထိ "DUHD Sale Housing Facebook Page" တွင်စာရင်းပေးသွင်းသူ (၃၉၃) ဦး ရှိကြောင်း၊ ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ စာရင်းပေးသွင်း လျှောက်ထားသူများအနက် CHID Bank ၏ တန်းစီဇယားအမှတ်စဉ် အစောဆုံး (၈၈) ဦးအား အခန်းမဲနှိုက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ မဲနှိုက်ခွင့်ရရှိသူ ၈၈ဦးသည် သီလဝါအိမ်ရာအခန်းများကို အတိုးနှုန်းသက်သာသော
အိမ်ရာချေးငွေဖြင့် ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်းဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း၊အခန်းမဲနှိုက်ခွင့် ရရှိသူများအနေဖြင့် အခမ်းအနားသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား တက်ရောက်နိုင်ပြီးကိုယ်စား တက်ရောက်ပါက ကိုယ်စားလှယ်လွှဲစာ၊ အခန်းမဲနှိုက်ခွင့် ရရှိသူ၏ မှတ်ပုံတင်မိတ္တူ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 January 2025
▪️ လာမည့် ဖေဖော်ဝါရီ ၁ရက်နေ့၌ “Green Spotted Triangle” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို နေပြည်တော်ဗဟိုစာတိုက်ကြီး အပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ စာတိုက်ကြီးများ၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့်“Green Spotted Triangle” လိပ်ပြာပုံ ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ စာပို့တံဆိပ်ခေါင်းသစ်ကို လာမည့် ဖေဖော်ဝါရီ (၁)ရက်၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
▪️ ထို့အပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက် (စနေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 January 2025
▪️ ၇၇ ကြိမ်မြောက် တိပိဋကဓရ ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးဝင်ရောက်ဖြေဆိုသူ သံဃာတော်အရှင်သူမြတ် များမှ ၁၇ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ
ဘွဲ့ရ သာသနာ့အာဇာနည်ဆရာတော်တပါး ပေါ်ထွန်းလာကြောင်း သိရသည်။
▪️ အဆိုပါ စာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၂၅ ရက်နေ့အထိ (၃၃) ရက်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းစာမေးပွဲကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရ သာသနာ့အာဇာနည်ဆရာတော်တပါး ပေါ်ထွန်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
▪️ ယခုပေါ်ထွန်းခဲ့သော သာသနာ့အာဇာနည် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ်၊ သိက္ခာတော် ၂၅ ဝါရှိ အရှင်သေဋ္ဌဉာဏာလင်္ကါရ ( ရေဦးဆရာတော် ) ဖြစ်ကြောင်း သိရပါသည်။
▪️ ဆရာတော်သည် ၁၃၇၉ ခုနှစ် ၇၀ ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ တိပိဋကဓရဘွဲ့ ဆွတ်ခူးရရှိထားခြင်းဖြစ်ပြီိး ယခု ၇၇ ကြိမ်မြောက် တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ တိပိဋကကောဝိဒဘွဲ့ ထပ်မံဆွတ်ခူးရရှိခဲ့သဖြင့် ၁၇ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၆ ဇန်နဝါရီ ၂၀၂၅
Yangon Pet Fashion Show ကို Yangon Convention Center YCC မှာ ကျင်းပလျက်ရှိပါတယ်။
ဇန်နဝါရီ ၂၆ရက် ပွဲမှာ တိချစ်သူတွေက သူတို့ရဲ့အချစ်ဆုံးတိလေးတွေနှင့်အတူ ဖက်ရှင်ပြိုင်ပွဲ ဝင်ခဲ့ကြပါတယ်။
#ymg/knl
“မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး” အစီအစဉ်အဖြစ် အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော်ကို ကျင်းပသွားမယ်လို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက သိရပါတယ်။
#Local_News
Published 25 January 2025
#အိန္ဒိယ-မြန်မာအစားအစာ #ယဉ်ကျေးမှုပွဲတော်ကျင်းပ
#YMG/NN #Yangon_Times
#Daily_News
Published 25 January 2025
၁။ယခုမြွေနှစ်သည် တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ထပ်ဆင့်တိုးမြှင့်စေရန်မျှော်လင့်ဟုဆို
၂။ ဆန်နှင့်ဆန်ကွဲ လျာထားချက်ထက်ကျော်လွန်တင်ပို့နိုင်မည်
၃။ ရာဂီမုန်တိုင်းကြောင့်ရပ်နားခဲ့ရသည့် သာစည်-ရွှေညောင်ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်
၄။ ဒေါ်နယ်ထရမ့်၏ဒုက္ခသည်ခိုလှုံခွင့်ရပ်ဆိုင်းမည့်အစီအစဉ်ကြောင့် မက္ကဆီကိုနယ်စပ်၌ခိုလှုံခွင့်စောင့်ဆိုင်းနေသူများမျှော်လင့်ချက်ပျက်သုဉ်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့်ရပ်နားထားခဲ့ရတဲ့ သာစည်-ရွှေညောင်ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲတော့မယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှသိရပါတယ်။
#Local_News
Published 25 January 2025
#သာစည်-ရွှေညောင် #ရထားခရီးစဉ်ပြန်လည်ပြေးဆွဲ
#YMG/SW #Yangon_Times
Page 100 of 1950