#Local_News
Published 24 May 2025
▪️ တောင်ကြီးမြို့နယ်၊ပြည်ထောင်စုလမ်းမကြီး၌ ဆီဘောက်ဆာယာဉ် တစ်စီး ဘရိတ်ပေါက်၍ယာဉ်သုံးစီးနှင့်ဆိုင်ကယ်တစ်စီးအားတိုက်မိခဲ့ရာ နှစ်ဦး ေ-ဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ မေလ ၂၃ ရက်နေ့၊ ညနေ ၅နာရီ ၁၀ မိနစ်အချိန်ခန့် က၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စု၊ နောင်လေးကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီး-ဟိုပုံးလမ်း၊ မိုင်တိုင်အမှတ် ၁၂၄/၀ တွင် တောင်ကြီးမြို့မှ ဟိုပုံးမြို့သို့မောင်နှင်လာသော NISSAN DIESEL(အဖြူရောင်)ဆီဘောက်ဆာယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ CANTER(အဖြူရောင်) ယာဉ်(၂)စီးအား နောက်မှဝင်တိုက်မိကာ တဘက်ယာဉ်ကြောမှမောင်နှင်လာသော NISSAN(၆)ဘီးယာဉ်နှင့်HONDA 100 ဆိုင်ကယ်တို့အား ဝင်ရာက်တိုက်မိခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ကြီးခရိုင်မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ဟိုပုံးမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၇နာရီ ၃၀ မိနစ်အချိန် တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ ယင်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ကျား(၁)ဦး၊ မ(၁)ဦး (သေဆုံး)၊ ကျား(၁)ဦး (စိုးရိမ်ရ)၊ ကျား(၄)ဦး(မစိုးရိမ်ရ)တို့အား ကြက်ခြေနီအသင်းပိုင် သူနာတင်ယာဉ်ဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 May 2025
▪️ လေပြင်းတိုက်ခတ်မှုကြောင့် မြောင်းတကာ- လှိုင်သာယာ ဓာတ်အား လိုင်းမှ တာဝါတိုင်နှစ်တိုင်ပြိုလဲခြင်းနှင့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ပလက်ဖေါင်းအားအရေးပေါ် Shut Down ပြုလုပ်ခြင်းကြောင့် ယာယီ ဝန်အားထိန်းညှိမှုများ ရှိနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားသည်။
▪️ မေလ ၂၃ ရက်နေ့ ၊ မနက် ၁၁နာရီ၄၀ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားပေးစက်များသို့ ပို့လွှတ်လျက်ရှိသည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပလက်ဖေါင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်မှု (450MW )ခန့် လျှော့နည်းနေကြောင်း သိရသည်။
▪️ ထို့အပြင် ညနေ ၄နာရီ ၂၂ မိနစ်အချိန်ခန့်ကလည်း မိုးသက်လေပြင်းများ တိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ- လှိုင်သာယာ ဓာတ်အား လိုင်းသည် ထန်းတပင်မြို့နယ်၊ တံတားဦး ကျေးရွာအနီး ၊ တာဝါတိုင်အမှတ် ၉၁ နှင့် ၉၂ (၂) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် အရေးပေါ်ထိန်းသိမ်း ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းသို့ ဓာတ်အားဖြန့်ဖြူးနိုင်မှု လျော့ကျနေကြောင်း သိရသည်။
▪️ အဆိုပါ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေစဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်များတွင်ယာယီ ဝန်အားထိန်းညှိမှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_24 May 2025
▪️ နိုင်ငံတော်အနေဖြင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ၊ မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှုနှင့် ငလျင်ဘေးဒဏ်စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့ခဲ့ရမှုကို အားများကိုစုစည်း၍ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေလ ၂၃ ရက် မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
▪️ ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာ၌ နိုင်ငံတော်၏နိုင်ငံရေးဖြစ်ပေါ် ပြောင်း လဲမှုအခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစု သိရှိနားလည်နိုင်ရန်၊ယခုနှစ် ကုန်ပိုင်းတွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို ကျင်းပပြုလုပ်သွားရန် ရှိကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့ကြကြောင်း၊ ယင်းအပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလဖြစ်ပြီး သစ္စာမဲ့သည့်နိုင်ငံ့ဝန်ထမ်းအချို့၏ လုပ်ငန်း ခွင်စွန့် ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အခက်အခဲနှင့် အကြပ်အတည်းများကို နိုင်ငံတော်တွင်ရှိသမျှသော အင်အားစုများဖြင့် ရင်ဆိုင်ကျော်လွှားခဲ့ကြရကြောင်း၊ ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုများကိုလည်း ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် အကြမ်းဖက်မှု များ တဖြည်းဖြည်း လျော့ပါးသွားခဲ့ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
▪️ အကြမ်းဖက်မှုဖြစ်စဉ်များအပြင် ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည် နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြုံတွေ့ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဘီလီယံကျော်ခန့် ၊ မိုခါမုန်တိုင်း တိုက်ခတ်မှုခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၆ လအတွင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာမှလည်း ကူညီဆောင်ရွက်ပေးမှုများရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန် စွာရွာ သွန်းခဲ့မှုကြုံတွေ့ခဲ့ရချိန် တွင်လည်း ထိခိုက် ဆုံးရှုံးမှုများများပြားခဲ့ရကြောင်း၊ မကြာသေးမီက မတ်လ ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြုံတွေ့ခံစားခဲ့ရကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်အနေဖြင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များ၊ မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှုနှင့် ငလျင်ဘေးဒဏ်စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့ခဲ့ရမှုကို အားများကိုစုစည်း၍ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ နိုင်ငံတကာမှကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့မှုကြောင့် အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
▪️ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ဆောင် ရွက်ပေးရမည်ဖြစ်၍အမြန် ဆုံးပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေး ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Electronic Voting Machine ဖြင့် မဲပေးခြင်းဖြင့် မဲစာရင်းမှားယွင်းမှု များ ကို အနည်း ဆုံးဖြစ်စေနိုင်ကြောင်းလည်း နစကဥက္ကဌက ပြောသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျိုင်းတုံတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာတိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးကတပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူကြကြောင်း သိရသည်။
▪️ ထို့နောက် ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေ အနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
၂၃ မေ ၂၀၂၅
မြန်မာနိုင်ငံတွင် လှုပ်ရှားခဲ့တဲ့ ပြင်းထန်သော ငလျင်ကြီးတွင် အိန္ဒိယအစိုးရ၊ အိန္ဒိယ နွယ်ဖွားအသိုက် အဝန်းနှင့် ယင်းတို့ရဲ့ ကြီးမားသော ကွန်ရက်သည် ကရုဏာအရှိန်အဟုန်ဖြင့် ကူညီဆောင်ရွက် ပေးခဲ့ကြခြင်းမှာ အိန္ဒိယစာဆို တဂိုး၏ စကြဝဠာ လူသားဝါဒ Tagore’s vision of universal humanism.ထင်ဟပ်နေခဲ့တယ် လို့ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur က ယနေ့ မေလ ၂၃ ရက်နေ့တွင် ပြောကြား လိုက်ပါတယ်။
အိန္ဒိယနိုင်ငံသံရုံး ဆွာမိဝိဝေက နန္ဒ ယဉ်ကျေးမှုဋ္ဌာနနှင့် မြန်မာနိုင်ငံ တဂိုး အသင်းတို့ ပူးတွဲကျင်းပတဲ့ “Lecture of the Jayatu Bharatam “ ဟောပြောပွဲများ၏ အစိတ်အပိုင်းဖြစ်တဲ့ စာပေညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး၏ စာပေအနုပညာ ဟောပြောပွဲ၌ သံအမတ်ကြီး Abhay Thakur က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
“သူ့ကဗျာနှင့် စာပေအက်ဆေး အများအပြားကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး သူ၏ အတွေး အခေါ်များသည် မြန်မာပညာတတ်များထံ ပဲ့တင်ထပ်ခဲ့ပါတယ်။ နိုဘယ်လ်ဆုရခဲ့သော သူ၏ကဗျာ ဂီတဉ္ဇလီ 'Gitanjali' ဟာ အိန္ဒိယနိုင်ငံ၏ စိတ်ဝိညာဉ်၏ အသံဖြစ်လာပါတယ်။ အဲဒီဝိညာဉ်၏ ပဲ့တင်သံကို ယနေ့ ရန်ကုန်တွင်လည်းကြားနေရပါတယ်” လို့ သံအမတ်ကြီးက ချီးကျူးပြောဆိုခဲ့ပါတယ်။
ဆရာကြီးတဂိုးသည် ၁၉၁၆၊ ၁၉၂၄ နှင့် ၁၉၂၇ ခုနှစ်တွင် ရန်ကုန်သို့ ၃ ကြိမ် လည်ပတ်ခဲ့တယ်လို့ သံ အမတ်ကြီးကပြောဆိုလိုက်ပြီး သူ့ခရီးစဉ်များသည် သမားရိုးကျခရီးစဉ်တစ်ခုမဟုတ်ဘဲ အိန္ဒိယနှင့် မြန်မာအကြား ပိုမိုနက်ရှိုင်းသော ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ရေးရာဆွေးနွေးပွဲများ မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။
“သူ့ခရီးစဉ်သည် ယနေ့ သက်ရှိထင်ရှားရှိနေဆဲဖြစ်သော ဗုဒ္ဓ၏ သာဝကများ အထူးသဖြင့် မြန်မာနိုင်ငံ ပြည်သူများနှင့် စိတ်ပိုင်းဆိုင်ရာ ခင်မင်ရင်းနှီးမှုကို ဖြစ်စေပါတယ်။သူ့ မိန့်ခွန်းများတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံကဲ့သို့ ရှေး ယဉ်ကျေးမှုများသည် ၎င်းတို့၏ စိတ်ဝိညာဉ်တွင် အချင်းချင်း နက်ရှိုင်းစွာ ဆက်စပ်နေကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်” ဟု သံအမတ်ကြီး Abhay Thakur ကဆက်လက်ပြော ဆိုပါတယ်။
အိန္ဒိယနှင့် မြန်မာတို့သည် ပထဝီဝင်အိမ်နီးချင်းများသာမက နက်ရှိုင်းသော ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုနှင့် ဆွေမျိုးနှောင်ကြိုးများဖြင့် ချိတ်ဆက်ထားပြီး အချိန်တိုင်းတွင် အချင်းချင်း ရပ်တည် နေကြသည့် ရင်းနှီးသည့်မိတ်ဆွေများဖြစ်တယ်လို့လည်း သံအမတ်ကြီးက အလေးပေးပြောဆိုပါတယ်။
တဂိုး၏ စာပေဆိုင်ရာ ဟောပြောပွဲသို့ အိန္ဒိယသံအမတ်ကြီးနှင့်အတူ Tagore Society Myanmar မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ အကြီးအကဲ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊အဖွဲ့အစည်းများမှအကြီးအကဲများ၊ လူမှုအသိုက်အဝန်း ခေါင်းဆောင်များ၊နှင့်မီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl
#Daily_News
Published 23 May 2025
၁။ ကွမ်တုံ၊ မကာအို ထုတ်ကုန်ပြပွဲတွင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရန် မြန်မာကို ဖိတ်ခေါ်
၂။ MCEFနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)တို့ ညီနောင်အသင်းများအဖြစ် နားလည်မှုစာချွန်လွှာရေးထိုး
၃။ စက်သုံးဆီ ၁၆၀ ကျပ်အတွင်း ပြန်တက်
၄။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသဘောတူညီချက်ကျင့်သုံးရန် ကမ္ဘာ့ကျန်းမာရေးညီလာခံဆုံးဖြတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 May 2025
ကိစ္စရပ်တစ်မျိုးတည်းအတွက် အသုံးပြုငွေပေးချေသည့် ကတ် ၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေ ၂၂ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။
အဆိုပါ ကတ် ၄ခုအား ဖျက်သိမ်းရခြင်းမှာ အီလက်ထရောနစ်ကတ်နှင့် ငွေပေးချေမှု ဆိုင်ရာ ညွှန်ကြားချက်အရ ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် အတွက် ဖျက်သိမ်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကတ် ၄ ခုမှာ Kispa Nadi Express လီမိတက်၏ ipay Card၊ San Yaung Ni Road Transport ကုမ္ပဏီလီမိတက်၏ K Card၊ Active Business Consolidation ကုမ္ပဏီလီမိတက်၏ ABC Gift Card၊ Integrated Smart Solution ကုမ္ပဏီလီမိတက်၏ AnyPay Prepaid Card တို့ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံကျောင်းတွေ ကျောင်းအပ်နှံတာကိုယမန်နေ့က စတင်နေပြီဖြစ်ရာ ယင်းနေ့မှာပင်ကျောင်းအပ်နှံသူ ဦးရေ ၁၂ သိန်းကျော်အထိများပြားခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 23 May 2025
#ပညာရေးဝန်ကြီးဌာန #ကျောင်းအပ်နှံရေးပထမနေ့
#YMG/NN #Yangon_Times
Page 95 of 2083