#Daily_News
Published 06 August 2025
၁။မဲခေါင်-လန်ချန်း ရန်ပုံငွေဒေါ်လာ(၃.၃)သန်းကို တရားဝင်လွှဲပြောင်းပေးအပ်
၂။ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှုများကိုဒုတိယအဆင့် စစ်ဆေးမှုပြုလုပ်မည်
၃။ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်သို့ဆန်အများဆုံးတင်ပို့
၄။ တရုတ်ပြည်ရှိ ဟိုင်ယန်နျူကလီးယားဓာတ်အားပေးစက်ရုံအမှတ်(၃)အတွက် အစိတ်အပိုင်းကြီးများအားလုံးတပ်ဆင်ပြီးမြောက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 August 2025
▪️ မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၌ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
▪️ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကြီးပင်ကန်(အနောက်) ကျေးရွာအနီး အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းအပါအဝင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေခြင်းဖြစ်သည်။
▪️ ထိုသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်နှင့် မြို့နယ်တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် စိုက်ပျိုးရေရရှိရေးအတွက် စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီတွင် အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းဧရိယာအတွင်း အကျိုးပြုဧရိယာဧကပေါင်း ၁၅၀ ရှိသည့်အနက် မိုးစပါး ၇၈ ဧကနှင့် အခြားသီးနှံ ၇၂ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဧကပေါင်း ၈၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ မင်းဘူး(စကု) မြို့နယ်၌ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း၊ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှင့် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဟူ၍ စီမံကိန်းလုပ်ငန်းပေါင်းသုံးခုရှိပြီး ယင်း စီမံကိန်းလုပ်ငန်းများတွင် အကျိုးပြုဧရိယာပေါင်း ၁၆၆၂ ဧကရှိသည့်အနက် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၁၀၀၆ ဧကနှင့် အခြားသီးနှံ ၆၅၆ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးဧကပေါင်း ၃၇၂ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။
▪️ ယင်းသီးနှံစိုက်တောင်သူများအတွက် သီးနှံစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ငလျင်ဘေးကျရောက်တဲ့ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာတွေကို စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Asia_Industry
Published 06 August 2025
#အာမခံလုပ်သားများအကျိုးခံစားခွင့် #ငလျင်ဘေးအန္တရာယ်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ဇူလိုင်လအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 06 August 2025
#ဆန်နှင့်ဆန်ကွဲ #တရုတ်သို့ဆန်အများဆုံးတင်ပို့
#YMG/NN #Yangon_Times
အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှု တွေကို အခုလနှောင်းပိုင်းမှာ ဒုတိယအဆင့် စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့၊ ဒေသဆိုင်ရာ ရှေး
ဟောင်းသုတေသနနှင့် အနုပညာဌာန (SEAMEO SPAFA )အဖွဲ့က အသိပေးထားပါတယ်။
#Local_News
Published 06 August 2025
#ရှေးဟောင်းအမွေအနှစ် #အင်အားပြင်းငလျင်
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်မှ အမေရိကန်ဒေါ်လာ (၃.၃) သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 06 August 2025
#မဲခေါင်-လန်ချန်း #တရုတ်ပြည်သူ့သမ္မတနိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 06 August 2025
▪️ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
▪️ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ဌာနဖြစ်သည့်အားလျော်စွာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းမူဘောင်ထဲမှ လုပ်ငန်းများကို မြန်ဆန်လွယ်ကူအောင် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ မျှော်မှန်းသက်တမ်းတိုးမြှင့်ရေးတွင် ပြည်သူလူထုစားသုံးသည့် အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
▪️ ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
#YMG/SW #Yangon_Times
Page 91 of 2165