အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေသော်လည်း မြန်မာကျပ်ငွေခိုင်မာပြီး နိုင်ငံခြားငွေလဲလှယ်မှုနှုန်း ကျဆင်းနေတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေလည်းကျဆင်းနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 15 October 2025
#စက်သုံးဆီ #အာရှပစိဖိတ်
#YMG/NN #Yangon_Times
နေ့စားအလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာကို ကျပ် (၇,၈၀၀)အထိတိုးမြှင့် သတ်မှတ်လိုက်တယ်လို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၂၅) ဖြင့် အသိပေးကြေညာလိုက်ပါတယ်။
#Local_News
Published 15 October 2025
#နေ့စားအလုပ်သမား #လုပ်ခလစာ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိပြီးပြည်တွင်းမှာ အခွံနွှာ ၊ အခြောက်ခံ ၊ အမျိုးအစားခွဲတာတွေဆောင်ရွက်ပြီးတဲ့ မက္ကဒေးမီးယားအစေ့တွေကို တရုတ်နိုင်ငံကို တင်သွင်းခွင့်ပြုရရှိပြီလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 15 October 2025
#မြန်မာ့မက္ကဒေးမီးယားအစေ့ #တရုတ်နိုင်ငံ
#YMG/NN #Yangon_Times
မြန်မာ့သဘင်နေ့ အမြန်ဆုံးသတ်မှတ်နိုင်ဖိုအတွက် မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)က ကမကထပြုပြီးအလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 15 October 2025
#မြန်မာ့သဘင်နေ့ # မြန်မာနိုင်ငံသဘင်အစည်းအရုံး
#YMG/SW #Yangon_Times
#Daily_News
Published 15 October 2025
၁။ တရုတ်နိုင်ငံသို့ မြန်မာ့မက္ကဒေးမီးယားအစေ့များ တင်သွင်းခွင့်ရရှိ
၂။ နေ့စားအလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာ ကျပ်(၇,၈၀၀) သတ်မှတ်
၃။ အာရှပစိဖိတ် စက်သုံးဆီဈေးနှုန်းများမြင့်တက်နေသော်လည်း ပြည်တွင်းဈေးနှုန်းများကျဆင်း
၄။ အမေရိကန်ဖောက်ခွဲရေးပစ္စည်းစက်ရုံ၌ပေါက်ကွဲမှုကြီးဖြစ်သဖြင့် (၁၆)ဦးအသက်ဆုံးပါး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် ကျန်ရှိတဲ့အေဂျင်စီစာရင်းတွေကို အလုပ်သမားဝန်ကြီးဌာန Safe Migration Channel က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 14 October 2025
#မိသားစုလွှဲပို့ငွေ #Safe_Migration_Channel
#YMG/SW #Yangon_Times
စိုက်ပျိုးရေများစွာမလိုအပ်တဲ့ ရေငတ်ဒဏ်ခံ ယာစပါးမျိုးကို လာမယ့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်အမီ တောင်သူတွေကိုဖြန့်ဝေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးသတေသနဦးစီးဌာန ကသိရပါတယ်။
#Local_News
Published 14 October 2025
#မိုးစပါး #မိုးရာသီ
#YMG/NN #Yangon_Times
Page 93 of 2240