၉ အောက်တိုဘာ ၂၀၂၄
ထိုင်းနိုင်ငံက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းပွဲတစ်ခုကို လာမည့်ဒီဇင်ဘာလ အတွင်း အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပသွားဖို့ လာအိုမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ကမ်းလှမ်း ခဲ့ပါတယ်။
“ အာဆီယံအနေနှင့် မြန်မာနိုင်ငံမှာရှိနေတဲ့ အဖွဲ့တွေအားလုံးကို “ စစ်ရေးအဖြေဆိုတာမရှိ” ကြောင်း တူညီတဲ့ သတင်းစကားပါးသင့်ပါတယ်။ အခုအချိန်ဟာ စတင်ဆွေးနွေးစကားပြောကြရမယ့်အချိန်ပါ” လို့ ထိုင်းဝန်ကြီးချုပ် ပေတွန်တန် ရှင်နာဝါထရာက အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာပြောကြားတယ်လို့ ရိုက်တာက သတင်းရေးပါတယ်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ နစကကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုးတက်ရောက်နေပါတယ်။
“ ထိုင်းနိုင်ငံအနေနှင့် ကူညီရန်အဆင်သင့်ပဲ” လို့ ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။
အာဆီယံအနေနှင့် နစကရဲ့ အဆိုပြုရွေးကောက်ပွဲအကြောင်း သိပ်မပြောဘူးလို့လည်း သတင်းကရေးပါတယ်။
ဒါပေမယ့် ထိုင်းဝန်ကြီးချုပ် ပေတွန်တန်ကတော့ ရွေးကောက်ပွဲကျင်းပမှာကို ထိုင်းကထောက်ခံတဲ့ သဘော ပြောသွာပါတယ်။
“ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲတွေနှင့် ရှေ့သို့သွံားနေတဲ့အခါ နိုင်ငံရေးနေရာ ပိုမိုရှိလာဖို့နှင့် အဖွဲ့တွေအကြား စေ့စပ်ဆွေးနွေးမှုတွေပြုလုပ်ဖို့က မရှိမဖြစ်လိုအပ်တယ်” လို့ သူမကပြောပါတယ်။
“ မြန်မာနိုင်ငံအနေနှင့် အဖွဲ့ဘက်အသီးသီးအကြား ပြည်တွင်း ဆွေးနွေးပွဲရှိသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ လည်း ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်ဖြစ်ပြီး ဒါကိုအားပေးထောက်ခံတယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရသူ နစ်ကွန်ဒက်ချ်ကလည်းပြောပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းကလည်း မြန်မာနိုင်ငံရဲ့ အရှိန်အဝါရှိလှတဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယနှင့် တရုတ် နိုင်ငံတွေဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ အခန်းကဏ္ဍတစ်ရပ်အနေနှင့်ပါဝင်ဖို့ အကြံပြုထားပါတယ်လို့လည်း ထိုင်း ဝန်ကြီးချုပ်ကပြောပါတယ်။
အာဆီယကြိုးပမ်းအားထုတ်မှုတွေကို အားဖြည့်တဲ့အနေနှင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ထိုင်းနိုင်ငံက မြှင့်တင်နေပါတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ကပြောသွားပါတယ်။
Ref : Bangkok Post
မြန်မာမှုလက်မှုပညာနဲ့လုပ်ထားတဲ့ မီးပုံးတွေ ရောင်းအားမနှစ်လောက်မမှီသေးပေမယ့် ဒီနှစ်မှာလုပ်ငန်းတွေ၊ ကုမ္ပဏီတွေက ပိုမိုအားပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 9 October 2024
#မြန်မာမှုလက်ရာမီးပုံး #မြန်မာမှုလက်မှုပညာ
#YMG/tthl #Yangon_Times
သီတင်းကျွတ်ကာလအတွက် ညောင်ဦးနဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဟိုတယ်ကြီးတွေနဲ့ တည်းခိုခန်းအများစု လူပြည့်နေပြီလို့ ခရီးသွားဝန် ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published 9 October 2024
#ပုဂံ-ညောင်ဦး #တည်းခိုခန်းအများစုလူပြည့်
#YMG/NN #Yangon_Times
#Local_News
Published 9 October 2024
▪️ မြန်မာ့ဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝသည့် နည်းပြဆရာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍AFC/MFF "A" Diploma Coaching Course - Module I နည်းပြသင်တန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်း နည်းပြဆရာများမှ သင်ကြားပေးမည်ဖြစ်သည်။
▪️ အဆိုပါသင်တန်း တက်ရောက်သူများသည် AFC B (သို့မဟုတ်) AFC/MFF B အောင်လက်မှတ်ရရှိပြီးသူ၊ နည်းပြသက်တမ်းအနည်းဆုံး(၂)နှစ်ရှိရမည်ဖြစ်ပြီး နာရီ (၈၀)စာ log book တင်သွင်းခြင်းစသည့်အရည်အချင်းများနှင့်ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကျန်းမာရေးကောင်းမွန်ပြီး စာတွေ့/လက်တွေ့လေ့ကျင့်မှုများ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ပြီး လက်ရှိတွင် အသင်းနည်းပြတာဝန်ထမ်းဆောင်နေသူများအား ဦးစားပေး ရွေးချယ် မည်ဖြစ်ကာ အင်္ဂလိပ်ဘာသာကို အတော်အသင့်နားလည်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် ကွန်ပျူတာဗဟုသုတရှိရမည်ဖြစ်ပြီး Powerpoint ဖြင့် တင်ပြဆွေးနွေးနိုင်သူ ဖြစ်ရမည်ဖြစ်ကာ သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် Module – I သင်တန်း ဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေကျပ်နှစ်သိန်းငါးသောင်း (၂၅၀,၀၀ဝိ/-)၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင့်ငါးရာ (USD 1500) ကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သင်တန်းသား အမည်စာရင်းကို အာရှဘောလုံး အဖွဲ့ချုပ်သို့ အချိန်မီတင်ပြရမည် ဖြစ်သောကြောင့် သင်တန်းတက်ရောက်လိုသော အထက်ပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် သင်တန်းဝင်ခွင့် လျှောက်လွှာကို အောက်တိုဘာ ၁၅ရက် ညနေ(၄)နာရီနောက်ဆုံးထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြပညာရေးဌာန (Coach Education)သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 October 2024
▪️ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့နယ်များရှိ ရဟန်းရှင်လူများ စုပေါင်း၍ ရေဘေးသင့်ဒေသများရှိ ပြည်သူများအား သိန်းထောင်ကျော်လှူဒါန်းခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
▪️ ထိုသို့လှူဒါန်းရာတွင် နေပြည်တော်မှ ကျေးရွာနှစ်ရွာ၊ တပ်ကုန်းမှနှစ်ရွာ၊ရမည်းသင်းမှ ကျေးရွာခုနှစ်ရွာ၊ ပျော်ဘွယ်မြို့အရှေ့ဘက်ရှိ လျှော်ဖြူကုန်းရွာ၊ သာစည်မြို့ ကြက်စခန်း ရွာ၊ ကလောမြို့ရှိ သဖန်းဆိပ်ရွာ၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာ ခုနှစ်ရွာ၊ အင်းလေးဒေသရှိ ကျေးရွာတစ်ရွာစသည်ဖြင့် ရေဘေးသင့်ဒေသမြို့(၇)မြို့ရှိ ရွာ(၂၂)ရွာကို ရေဘေးပြန်လည်ထူထောင်ရေးအလှူဖြင့် စုစုပေါင်းသိန်း၈၀၀ ကိုထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပစ္စည်းတန်းဖိုး သိန်း၅၀၀ကျော်ကိုလည်း လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ လှူဒါန်းမှုများသည် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊မော်လမြိုင်မြို့သူ/မြို့သားများ၊ ကျိုက်မရောမြို့ရှိကျေးရွာများမှဆရာတော်၊ရဟန်သံဃာတော်များ၊ ဒါယကာ၊ ဒါယကာမများပြည်တွင်း/ပြည်ပအလှူရှင်များ၏စုပေါင်းအလှူအဖြစ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလှူဒါန်းမှုများအတွက် အင်းလေးနန်းဦးလယ်ခြေဘုန်းကြီးကျောင်းမှအလှူ ရေစက်ချလှူဒါန်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုရက်ပိုင်းအတွင်း ကမ္ဘာဈေးနဲ့အတူ အခေါက်ရွှေရည်ညွှန်းဈေးနှုန်းတွေပါ အနည်းငယ်လိုက်ပါကျဆင်းနေပြီး ပြင်ပရွှေဈေးကတော့မြင့်တက်လာတယ်လို့ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 9 October 2024
#ကမ္ဘာ့ရွှေဈေးကျ #ပြင်ပရွှေဈေးတက်
#YMG/NN #Yangon_Times
ဖီဖာနိုင်ငံတကာခြေစမ်းပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ မြန်မာလက်ရွေးစင်အသင်းနဲ့ သီရိလင်္ကာအသင်းတို့ ခြေစမ်းပွဲနှစ်ပွဲကန်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 9 October 2024
#မြန်မာ-သီရိလင်္ကာ #ဖီဖာနိုင်ငံတကာခြေစမ်းပွဲ
#YMG/tthl #Yangon_Times
Page 97 of 1827