စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ထုတ်ရောင်းပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကယမန်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 29 July 2025
#စက်သုံးဆီလုပ်ငန်းရှင် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပေါ်မှာ လုံခြုံရေး Sticker အသုံးပြုသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။
#Local_News
Published 29 July 2025
#OWIC #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
တောင်ငူအပါအဝင် နိုင်ငံအဝှမ်းရှိ မြို့၇ မြို့မှာ သက်ဆိုင်ရာ မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတာကြောင့် မြစ်ဘေး၊ ချောင်းဘေးနဲ့ မြေနိမ့်ပိုင်းမှာနေသူတွေကို ဘေးလွတ်ရာရွေ့ပြောင်းကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်မှာအသိပေး နှိုးဆော်ထားပါတယ်။
#Local_News
Published 29 July 2025
#စိုးရိမ်ရေမှတ်ထက်ကျော်လွန် #မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
မြန်မာ့ငါးသလောက်တန်ချိန် တစ်သိန်းကျော် ပြည်ပတင်ပို့နေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 29 July 2025
#ငါးသလောက် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 29 July 2025
▪️ ၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက် လွှင့်တင်ထားရှိထားကြောင်းနိုင်ငံပိုင်သတင်းစာများမှ တဆင့် အသိပေးကြေညာထားသည်။
▪️ အဆိုပါဝက်ဘ်ဆိုက်ကို ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများ သိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့်ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက်လွှင့်တင်ထားခြင်းဖြစ်ေကြာင်း သိရသည်။
▪️ ထို www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း လေ့လာနိုင်သည့်အပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များနှင့် ထိခိုက်ခဲ့မှုများကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသော နေရာများအား ကိုယ်တိုင်ရွေးချယ်ကာ KBZ Pay ၊ CB Pay၊ AYA Pay၊ OK $ နှင့် Wave Pay စသည့် မိမိနှစ်သက်ရာ Pay များဖြင့် လွယ်ကူစွာ တိုက်ရိုက်လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင်ပြည်ပအလှူရှင်များအနေဖြင့်လည်း Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 29 July 2025
▪️ လာမည့်ဩဂုတ်လအတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲ လေးမျိုးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြေကြာင်း သိရသည်။
▪️ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဩဂုတ်လအတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲ လေးမျိုးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်၍ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုံခြုံရေး၊ သွားလာနေထိုင်စားသောက်ရေး၊ အုပ်ချုပ်မှုနှင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့သည်။
▪️ ထို့ပြင်ပြိုင်ပွဲများ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ဝိုင်းဝန်းကူညီပံ့ပိုးပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 29 July 2025
▪️ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိ၊တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကိုလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၂၈ ရက်နေ့၊ ည ၈ နာရီအချိန်က အသိပေးထုတ်ပြန်ထားသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ရက်နေ့၊ ည ၈ နာရီမှ ၂၇ ရက်နေ့၊ ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိရကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် ရောဂါပိုးတွေ့ရှိနှုန်းမှာ (၀.၁၁) ရာခိုင်နှုန်းဖြစ်ပြီး အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း သိရသည်။
▪️ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့်အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေပြီဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း အကြံပြုထားသည်။
#YMG/NN #Yangon_Times
Page 101 of 2165