#Local_News
Published 2 October 2025
▪️ ကမ္ဘောဇဘဏ်မှ ချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများကိုသတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါကဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောငိး အသိပေးထုတ်ပြန်ထားသည်။
▪️ အဆိုပါချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူ (၆၂)ဦးသည်ကမ္ဘောဇဘဏ်လီမိတက်၏ Quick Access Loan, Personal Loan, Shopper Loan နှင့် Shopper Installment Loan မှ တဆင့် ချေးငွေရယူထားသူများဖြစ်ပြီးထိုသူများသည် ချေးငွေ အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများအား ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိနေသည့်အတွက် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ဆက်သွယ်တောင်းခံခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ပေးဆပ်ခြင်းမရှိဘဲ ဆက်လက်ပျက်ကွက်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
▪️ သို့ဖြစ်ရာ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်သို့ ပေးဆပ်ရန်ရှိသည့် အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများကို ယနေ့ (အောက်တိုဘာ ၁ ရက်) မှ (၁၄) ရက်အတွင်း နီးစပ်ရာဘဏ်ခွဲသို့ လာရောက်ဆက်သွယ်ပေးဆပ်ပါရန် နှင့် သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ ဆက်လက်၍ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ယနေ့ အောက်တိုဘာလ(၁)ရက်က စတင်ပြီး နေပြည်တော်ကော်စီနယ်မြေမှာ ပြည်တွင်းထုတ်ဓာတ်ဆီ (RON 77) တစ်လီတာကို ၂၂၄၅ ကျပ်နှုန်းနဲ့ရောင်းချပေးနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 01 October 2025
#RON_77 #နေပြည်တော်ကော်စီနယ်မြေ
#YMG/SW #Yangon_Times
ဒီကနေ့က စတင်ပြီး မြစ်ဝကျွန်းပေါ်ဒေသတွေကနေ မုတ်သုန်လေများ စတင်ဆုတ်ခွာနေပြီလို့ အောက်တိုဘာလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 01 October 2025
#မုတ်သုန်လေ #မြစ်ဝကျွန်းပေါ်ဒေသ
#YMG/NN #Yangon_Times
ယခင်က Manualစနစ်နဲ့ ဆောင်ရွက်လျက်ရှိတဲ့ ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကို ယနေ့မှစတင်ကာ MACCS စနစ်နဲ့ ပြောင်းလဲဆောင်ရွက်မှာဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 01 October 2025
#ရနောင်း_ရန်ကုန် #MACCS
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင် ရေလှောင်တမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာအခြေအနေမရှိဘူးလို့သိရပါတယ်။
#Local_News
Published 01 October 2025
#ကျောက်ပန်းတောင်းမြို့နယ် #ကြက်မောက်တောင်ရေလှောင်တမံ
#YMG/NN #Yangon_Times
#Daily_News
Published 01 October 2025
၁။ ကြက်မောက်တောင် ရေလှောင်တမံနှင့်ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိ
၂။ ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်းတင်ပို့မှုကို MACCS စနစ်ဖြင့်ပြောင်းလဲ
၃။ မုတ်သုန်လေများ ယနေ့စတင်ဆုတ်ခွာ
၄။ တောင်အာဖရိက၌အသက်ရှင်လျက်လူနာထံမှကျောက်ကပ်ခွဲစိတ်ဖယ်ထုတ်မှု ပထမဆုံးအနေဖြင့်အောင်မြင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 01 October 2025
▪️ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ် ၌ မီးရောင်စုံအလှများအလှဆင်၍သီတင်းကျွတ်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ထိုသို့ကျင်းပရာတွင် အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိအား နိုင်ငံကျော်တေးသံရှင်များဖြင့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ယင်းသို့တင်ဆက်ရာတွင် ဟဲလေး၊ ထွန်းထွန်း၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့နှင့် ပြင်ဦးလွင်မြို့မှတေးသံရှင်များအပြင် DJ ပညာရှင်များဖြစ်သော Axel, 9Nine, Kylo, Diary, Joely, Barni, Zorro, Valatino, AXN နှင့် MC HULK တို့မှလည်း ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်ကာ စားသောက်ဆိုင်များနှင့် ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများဝယ်ယူနိုင်ရန် Night Bazaar တို့ကိုလည်းစီစဉ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 105 of 2240