#Local_News
Published 09 July 2026

■ မကွေးတိုင်းဒေသကြီးအတွင်းရှိတောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို
ဓာတ်အားလိုင်းကြိုး အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို ယာယီဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

■ မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးကို ဝန်အားနှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံဓာတ်အားလိုင်းကြိုးဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို တိုင်အမှတ် (၁၁၄) နှင့် (၁၁၅) ကြားနှင့် တိုင်အမှတ် (၁၁၈) နှင့် (၁၁၉) ကြားတို့တွင်ဆောင်ရွက်မည်ဖြစ်သည်။

■ အဆိုပါလုပ်ငန်းဆောင်ရွက်မည့် ဓာတ်အားလိုင်းအပိုင်းအောက်ရှိ ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။

■ ထိုသို့လုပ်ငန်းများ ဆောင်ရွက်နေစဉ် မြင်ကွန်းမြို့၊ မိကျောင်းရဲ မြို့နှင့် သစ်ရာကောက်မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အား ပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

#YMG/NN #Yangon_Times