အကောက်ခွန်ကုန်လှောင်ရုံတွေမှာ ပို့ကုန်သွင်းကုန် ထည့်သွင်းခွင့်အတွက် CMP လုပ်ငန်းဆောင်ရွက်ခွင့်ရ ကုမ္ပဏီတွေ လျှောက်ထားနိုင်တယ်လို့ အကောက်ခွန်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 4 February 2025
#CMP #အကောက်ခွန်ကုန်လှောင်ရုံ
#YMG/SW #Yangon_Times
နှစ်လတာအတွင်း မိန်းမလှကျွန်းဘေးမဲ့တောမှာ ဆောင်းခိုငှက်မျိုးစိတ် ၁၄၀ ကျော်လာရောက်ကျက်စားဆောင်းခိုခဲ့တယ်လို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 4 February 2025
#မိန်းမလှကျွန်းဘေးမဲ့တော #ဆောင်းခိုငှက်မျိုးစိတ်
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းကို ပြန်လည်ရောက်ရှိလာတဲ့ လုပ်သားတွေကို ပြည်တွင်းမှာပဲ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့ ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 4 February 2025
#အလုပ်သမားဝန်ကြီးဌာန #အလုပ်အကိုင်ချိတ်ဆက်ပေး
#YMG/SW #Yangon_Times
ရန်ကုန်မြို့၊ မြို့နယ်တွေမှာ ဆိုင်ခွဲတွေများစွာ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး ရွှေဆိုင်အချို့ရဲ့ ဆိုင်ခွဲတွေကို လုပ်ငန်းလိုင်စင်တင်ထားတာ မရှိတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 4 February 2025
#နာမည်ကြီးရွှေဆိုင် #လိုင်စင်တင်ခြင်းမရှိ
#YMG/NN #Yangon_Times
#Local_News
Published 4 February 2025
▪️ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတက်ရောက်ရန်အတွက် ဖိတ်ကြားစာရင်းတွင်မပါဝင်သော ရုပ်ရှင်လောကသားများအနေဖြင့် တက်ရောက်လိုပါက လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားသည်။
▪️ ထူးချွန်ဆုပေးပွဲသို့ တက်ရောက်ရန်အတွက် ဖိတ်ကြားခံရသူများစာရင်းကို ဖေဖော်ဝါရီလ ၄ရက် မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကြော်ငြာသင်ပုန်းတွင် ကြေညာမည်ဖြစ်ပြီး ဖိတ်ကြားခံရသူများသည် လက်မှတ်များကို ဖေဖော်ဝါရီလ၄ရက်နေ့လည် ၁၂နာရီမှ ဖေဖော်ဝါရီလ၅ရက် ညနေ ၅ နာရီနောက်ဆုံးထား ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
▪️ ဖိတ်ကြားစာရင်းမပါဝင်သူများအနေဖြင့်လည်း လျှောက်လွှာပုံစံကိုရယူပြီး မှတ်ပုံတင်မိတ္တူ၊အစည်းအရုံးဝင်ကတ်ပြားမိတ္တူနှင့်အတူဖေဖော်ဝါရီလ၅ရက် ညနေ၃နာရီနောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း၊လက်မှတ်ပိုလျှံသည့်အပေါ်မူတည်၍ တက်ရောက်ခွင့်ရရှိသူများကို ဖေဖော်ဝါရီလ၆ရက် နေ့လည်၁၂ နာရီတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကြော်ငြာသင်ပုန်းတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 3 February 2025
၁။ ရွှေလေပတ်ကားပပျောက်ရေးနှင့် နိုင်ငံတကာသို့ရောင်းချနိုင်ရေးများပါဆောင်ရွက်နေ
၂။ စားအုန်းဆီရည်ညွန်းဈေးများ ဆက်တိုက်ကျဆင်းနေသော်လည်း ပြင်ပပေါက်ဈေးမကျ
၃။ ပြည်တွင်းထုတ် ပရိဘောဂနှင့် ကြမ်းခင်းများကို စင်ကာပူနှင့်အိန္ဒိယသို့ အဓိကတင်ပို့နေ
၄။ အစ္စရေးလ်ဘက်မှ ဥပဒေထုတ်ပြန်ပိတ်ပင်လိုက်သော်ငြား ပါလက်စ်တိုင်းဒုက္ခသည်များအတွက်အကူအညီများ UNRWA ဆက်လက်ပေးပို့သွားမည်
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 3 February 2025
▪️ မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ်သို့ မိမိတို့သဘောဆန္ဒအလျောက်ပြောင်းလဲခံယူခဲ့သူ ၂၇၈ဦးရှိကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်ထားသည်။
▪️ အဆိုပါ စင်ကာပူနိုင်ငံသားအဖြစ်ခံယူထားသူ မြန်မာများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း (မှတ်ပုံတင်) များကို ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း လာရောက်အပ်နှံခဲ့ကြကြောင်း၊ ထို ၂၇၈ဦးအနေဖြင့် သံရုံးထောက်ခံစာကို ယခုလ၂၈ရက် မတိုင်မီသံရုံးဖွင့်ရက်များ၌ နေ့စဉ် မွန်းလွဲ၂နာရီမှ ၄နာရီအတွင်း ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ကြောင်း သံရုံးကထုတ်ပြန်ထားသည်။
▪️ ထိုသို့ထုတ်ယူရာတွင် မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့် Processing letter မူရင်းတို့ကို တစ်ပါတည်းပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 90 of 1950