#Local_News
Published 6 February 2025
▪️ ပဲခူးမြို့ရှိ ဘုရားကြီးမြို့မဈေးတွင် ယနေ့မနက်အစောပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်နာရီနီးပါးငြိမ်းသတ်ခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ ၆ ရက်နေ့၊ မနက် ၁၂နာရီ ၂၀ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဘုရားကြီးမြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ အထောက်အကူပြူယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဝေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၁နာရီ ၅မိနစ် အချိန် ၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 6 February 2025
▪️ တနင်္သာရီတိုင်းဒေသကြီးတွင် အချိန်အခါမဟုတ် နေရာကွက်ကျားမိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရတနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
▪️ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 5 February 2025
၁။ ရွှေတိဂုံစေတီတော်သို့တစ်လကျော်အတွင်း ကျပ်သိန်းပေါင်း ၃၆,၀၀၀ ကျော် လှူဒါန်းထား
၂။ ပြည်ပပို့ဆန်ကြမ်းအုပ်စုဝင်ဆန်များ၏ ရည်ညွန်းစျေးကျ
၃။ နိုင်ငံတကာအဆင့်မီ ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်းအတွက် အစုရှယ်ယာများ ခေါ်ယူမည်
၄။ အမေရိကန်၌ခိုလှုံခွင့်ရယူရန် မျှော်လင့်ခဲ့သူအများအပြား မက္ကဆီကိုနယ်စပ်ခိုလှုံရေးစခန်းတွင်သောင်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 5 February 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၏ ထောက်ပံ့မှုဖြင့် မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) နှင့် အခြားလူငယ်အဖွဲ့အစည်းများ ပူးပေါင်းကာ “YC25 (Youth Conference 2025): Share Your Voice with the EU” အမည်ရ Conference ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ YC25 ကို မြန်မာနိုင်ငံက လူငယ်များအနေဖြင့်အသိပညာ၊ ဗဟုသုတနှင့်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် ၎င်းတို့ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ပူးပေါင်းအဖြေရှာနိုင်ရန် ရည်ရွယ်ပြီးယခုလ၈ရက်တွင် ရန်ကုန်မြို့၊ စက်ဆန်းရှိ Studio Canvas တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ YC25 တွင် ပါဝင်မည့် အစီအစဉ်များမှာ
၁။ မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) ၏ အများပြည်သူနှင့်သက်ဆိုင်သောနေရာများကို အသင်းအဖွဲ့နှင့် ဖန်တီးမှုစွမ်းအားများကတစ်ဆင့် မြှင့်တင်နည်းကို လေ့လာနိုင်မည့် "The Place Game Workshop"
၂။ For The Future Myanmar က ဦးဆောင်ဆွေးနွေးသွားမည့် "How Gender Affects Access to Education and Vocational Training"
၃။ allyours က ဦးဆောင်ကာ အနုပညာ ဆန်းသစ်ဖန်တီးမှုများကို နေ့စဉ်ဘဝထဲသို့ ပေါင်းစပ်နိုင်ပုံများကို ရှာဖွေသွားမည့် "Integration of Art & Design Panels & Workshops"
၄။ YEAH - Youth for Environmental Action and Hope ၏ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်များအပေါ် စိတ်ကူးစိတ်သန်းများနှင့် အကြံပြုချက်များကို မျှဝေသွားမည့် "Youth Environment Echo Workshop"
၅။ Purple - ပါပယ် နှင့် Untitled Space က ဦးဆောင်ပြီး ပြုလုပ်သွားမည့် "Caps to Pins: Crafting Creativity from Waste Workshop" နှင့်"Our Journey Brought to You: Stories of Resilience, Innovation, and Growth Panel Discussion" တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုအစီအစဉ်များထဲမှ တက်ရောက်လိုသည့် အစီအစဉ်ကို ရွေးချယ်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 5 February 2025
▪️ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ရှားပါးမျိုးစိတ် ပန်ဒါနီစုံတွဲ ပြကွက်အသစ်များ ပြင်ဆင်ထားသည့် အတွက် လာရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့မှ
သိရသည်။
▪️ နေပြည်တော်ရှိ ရှားပါးမျိုးစိတ် ပန်ဒါနီငါးကောင်မှ မီးမီးနှင့်မောင်မောင်ပန်ဒါစုံတွဲအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (၁၁၉)နှစ်အတွက် ပြကွက်အသစ်တိုးပြသနိုင်ရန် နှင့် မျိုးဆက်ပွားနိုင်ရန် ရန်ကုန်သို့ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပန်ဒါနီမလေး မီးမီးသည်အသက် လေးနှစ် ခန့်အရွယ် ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနားမှ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီး လတ်တလောတွင် အသက်၁၃ နှစ်ဖြစ်ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ မောင်မောင်မှာမူ အသက်နှစ်နှစ်ခန့်အရွယ် ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနားမှနေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီးလတ်တလောတွင် အသက်၁၂နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ ပန်ဒါနီများသည်မြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ တရုတ်နယ်စပ်နှင့် အိန္ဒိယနယ်စပ်များတွင် ကျက်စားနေထိုင်လေ့ရှိကြပြီး ကမ္ဘာ့အဆင့် ရှားပါးစာရင်းဝင်ဖြစ်ကြောင်း၊ ၎င်းတို့သည် အဓိကအားဖြင့် ဝါးရွက်များကိုစားသုံးကြပြီး အင်းဆက်အကောင်များကိုလည်း ဖမ်းယူစားသောက်လေ့ရှိကြောင်း သိရသည်။
▪️ ထို့အပြင် ဥယျာဉ်အနေဖြင့်လည်း သဘာဝနှင့် လိုက်လျောညီထွေစေရန် ဝါးရွက်များကို ခုတ်ယူ ကျွေးမွေးလေ့ရှိကာ အာဟာရဖြစ်စေရန် ငုံးဥ၊ ခါကြက်ဥ၊ စပျစ်သီး၊ ပန်းသီး၊ ငှက်ပျောသီးများနှင့် ဗီတာမင်အားဆေးများကိုလည်းကျွေးမွေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုနှစ်အတွင်းမှာ အားပျော့တဲ့လာနီညာဖြစ်စဉ်ကြောင့် ဆောင်းရာသီရက်ရှည်ပြီး မိုးရာသီမှာတော့ မိုးရေချိန် ပိုများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးခန့်မှန်းထားပါတယ်။
#Local_News
Published 5 February 2025
#လာနီညာ #ဆောင်းရက်ရှည်၍မိုးပိုနိုင်
#YMG/NN #Yangon_Times
#Local_News
Published 5 February 2025
▪️ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှ ခြံအမှတ် ၅၄ ဖြစ်သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမွေဆိုင်အိမ်အား ယနေ့ဖေဖော်ဝါရီ ၅ ရက်၊ မနက်ပိုင်းတွင် တတိယအကြိမ်လေလံတင်ရောင်းချသော်လည်း လေလံဆွဲဝယ်ယူသူမရှိ ကြောင်းသိရသည်။
▪️ အဆိုပါ ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေးကျပ် ၂၉၇ ဘီလီယံဖြင့် တတိယအကြိမ်မြောက်အဖြစ် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
▪️ ထိုကဲ့သို့တတိယအကြိမ် လေလံတင်ရောင်းချနိုင်ရန် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်း၌ ကမာရွတ်ခရိုင်တရားရုံးက လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံအထိ လျှော့ချ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းခြံကို ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်ကပြုလုပ်သည့် လေလံပွဲ၌ ငွေကျပ် ၃၁၅ ဘီလီယံဖြင့် စတင်ရောင်းချခဲ့ရာ ဝယ်ယူသူမရှိဘဲ လေလံပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဒုတိယအကြိမ် လေလံတင်ရောင်းချမှုကို ဩဂုတ် ၁၅ ရက်၌ ကျပ်ဘီလီယံ ၃၀၀ ဖြင့် ရောင်းချခဲ့သော်လည်းဝယ်တဲ့သူမရှိခဲ့ကြောင်း၊ ယခုတတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်သည့်အတွက် အဆိုပါလေလံပွဲနှင့်တ်သက်၍ ကမာရွတ်ခရိုင်တရားရုံးသို့ဖေဖော်ဝါရီ ၆ ရက်တွင် အစီရင်ခံစာ ပြန်လည်တင်သွင်းသွားနည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 87 of 1949