#Local_News
Published 11 April 2025
▪️ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEP International Ltd. တို့အကြား ရတနာကမ်းလွန်စီမံကိန်း အထွက်တိုးရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧပြီလ၉ ရက်နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယနေ့ချုပ်ဆိုသည့် စာချုပ်အရ ပိုမိုတိုးမြှင့်ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံပြည်သူများသာမက ထိုင်းနိုင်ငံပြည်သူများအနေဖြင့်လည်း မျှဝေသုံးစွဲခွင့်ရရှိမည့်အပေါ် ဝမ်းမြောက်မုဒိတာပွားမိပါကြောင်း၊ မိမိတို့စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အတိုင်း သတ်မှတ်ချိန်အတွင်း သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထွက်ရှိလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
▪️ ယခုလက်မှတ်ရေးထိုးခြင်းသည် နိုင်ငံတော်၏ အားထားရသည့် ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်သည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်းလာခြင်းကို ကုစားနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Ltd. တို့ အထွက်နှုန်းတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 April 2025
▪️ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်က အင်းလေးဒေသရှိ ပြိုကျပျက်စီးသွားခဲ့သောနေအိမ်များပြန်လည်တည်ဆောက်လှူဒါန်းပေးနိုင်ရန်အတွက် လေလံပွဲတစ်ခုပြုလုပ်လျှက်ရှိကြောင်း သိရသည်။
▪️ အဆိုပါလေလံပွဲနှင့် ပတ်သက်ပြီး ကျော်ကျော်ဗိုလ်က "ငလျင်ဘေးကြောင့် အင်းလေး ဒေသရှိပြိုကျပျက်စီးသွားခဲ့သောနေအိမ်များပြန်လည်တည်ဆောက်လှူဒါန်းပေးနိင်ရန်အတွက်အများစုပေါင်းပါဝင်နိင်သောအလှူလေလံတစ်ခုကိုပြုလုပ်ပါရစေခင်ဗျာ။ အင်းလေး ဒေသနေအိမ်အလှူအတွက်လေလံတင်မည့်အရာမှာ ကျွန်တော် ပဲဖြစ်ပါတယ်။ လေလံယှဉ်ပြိုင်ရမည့်ပုံစံမှာ လီဗာပူးလ် အသင်း၏အခိုင်အမာပရိတ်သတ်တစ်ယောက်ဖြစ်သော ကျွန်တော့်အား၊အခြားသောဘောလုံးအသင်းများ၏ပရိတ်သတ်များမှမိမိအားပေးသောဘောလုံးအသင်းရဲ့ပရိတ်သတ်တစ်ယောက်အဖြစ်သို့ ( 2025/2026 ဘောလုံးရာသီအတွက်)ပြောင်းလဲအားပေးရန် လေလံကြမ်းခင်းသတ်မှတ်စျေးမှစတင်၍စျေးပြိုင်စနစ်ဖြင့်လေလံဆွဲကြရမှာဖြစ်ပါတယ်။ဥပမာ။ ။ဘောလုံးသမားတွေ တစ်ရာသီ အသင်းပြောင်း(သို့)အဌားသွားကစားသလိုပေါ့ခင်ဗျာ။ လီဗာပူးလ် ပရိတ်သတ်ဖြစ်တဲ့ကျွန်တော့်ကို မန်ယူပရိတ်သတ်ကလေလံဆွဲပြီးမန်ယူအသင်းကိုပြောင်းအားပေးစေတာမျိုးပါ။တဘက်က လီဗာပူးလ် ပရိတ်သတ်ကလည်းကျွန်တော့်ကို မန်ယူ အသင်းထံမရောက်စေဖို့ စျေးပြိုင်ပေးလေလံဆွဲပြီးကာကွယ်ပေးနိုင်ပါတယ်။ အာဆယ်နယ်၊ချယ်ဆီး၊မန်းစီးတီး၊စပါး၊ဘာစီ၊ရီးရဲလ်….စသည်အသင်းပရိတ်သတ်များလည်းဝင်ရောက်လေလံဆွဲနိင်ပါတယ်ခင်ဗျာ။" ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
▪️ လေလံကြမ်းခင်းစျေးမှာ ငွေကျပ် ၁၀၀,၀၀၀/ မှစတင်မည်ဖြစ်ပြီးလေလံဆွဲရာတွင်တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အသင်းအဖွဲ့ဖြင့်ဖြစ်စေပါဝင်နိုင်ကြောင်း၊ လေလံပွဲပြီးမြှောက်သွားပါကလေလံအောင်မြင်သွားသောအသင်းထံသို့ဂုဏ်ယူပျော်ရွှင်ကျေနပ်စွာဖြင့်(2025/2026)ဘောလုံးရာသီ
အတွက်ပြောင်းလဲအားပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲအားပေးရာတွင်လေလံအောင်သောအသင်းအတွက်
▪️ ၁။ လေလံအောင်သောအသင်း၏ဘောလုံးဂျာစီတွင် Kyaw Kyaw Bo အမည်ရိုက်၍( 2025/2026 ) ဘောလုံးရာသီအတွက်တရားဝင်ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်း ၎င်း၏ ( Facebook,YouTube,TikTok စသည့် ) Social Media များမှတဆင့်တရားဝင်ကြေငြာပေးခြင်း
▪️ ၂။ ( 2025/2026 ) ဘောလုံးရာသီတလျှောက်လုံးအပါတ်စဉ်လေလံအောင်သောအသင်း၏ဘောလုံးပွဲစဉ်တိုင်းအား ပွဲမစတင်မှီအားပေးသော Facebook Post တင်ပေးခြင်း ဥပမာ။( Go Go MU/Manchester United , We Are Gunner/Arsenal , London Is Blue/Chelsea … စသည်ဖြင့် ) ၊ ပြိုင်ပွဲတွင်မိမိအသင်းအနိင်ရရှိပါကဂုဏ်ပြု့သော Post တင်ပေး၍ရှုံးနှိမ့်ခဲ့ပါကစိတ်မကောင်းသော Post များတင်ပေးခြင်း၊
▪️ ၃။ ( 2025/2026) ဘောလုံးရာသီတလျှောက်လုံးလေလံအောင်သောအသင်း၏ အကြောင်းအရာများမှလွှဲ၍ တခြားအသင်းများ၏ အကြောင်းအရာများကို ၎င်း၏ Social Media များ ( Facebook,YouTube,TikTok စသည့် ) တို့တွင်ရေးသားခြင်း၊ မျှဝေခြင်းမပြုလုပ်ခြင်း၊( 2025/2026 ) ဘောလုံးရာသီအတွင်း တစ်လလျှင်တစ်ကြိမ် လေလံအောင်သောအသင်း၏ Logo ပါသော ဂျာစီ(သို့)အင်္ကျီဖြင့်အလှဓာတ်ပုံရိုက်၍၎င်း၏ Facebook စာမျက်နှာတွင်တင်၍ဂုဏ်ပြုပေးခြင်း၊
▪️ ၄။ လေလံအောင်သောအသင်း၏ပရိတ်သတ်အဖြစ်သတ်မှတ်ကာလအတွင်းအသင်းကိုအားပေးရာတွင်အပေါ်ယံဟန်ဆောင်အားပေးမည်မဟုတ်ပဲ၊အသင်းနှင့်တသွေးတသားထဲစိတ်လိုက်မာန်ပါအားပေးခြင်းနှင့်
▪️ ၅။ ( 2025/2026 ) ဘောလုံးရာသီအတွင်းလေလံအောင်သောအသင်းပရိတ်သတ်တစ်ယောက်အဖြစ်နှင့်အသင်းအားပေးသူပရိတ်သတ်(သတ်မှတ်အရည်အတွက်)များနှင့်အတူအသင်းကန်မည့်ပွဲကြီးပွဲကောင်း ၂ ပွဲတိတိအား(သတ်မှတ်ထားသောနေရာ)တွင် Live ကြည့်ရှု့အားပေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ သတ်မှတ်စျေနှုန်းအတိုင်းလေလံအောင်ခဲ့ပါက၊လေလံအောင်သောငွေကြေးအားအင်းလေးငလျင်ဘေးအိမ်အလှူအတွက်အိမ်တစ်လုံးဆောက်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ပြီး၊ ထိုအိမ်၏အလှူရှင်အမည်တွင် (______________)အသင်းပရိတ်သတ်များမှဆောက်လုပ်လှူဒါန်းသည်”ဟု ရေးထိုးပေးသွားပါမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 10 Apirl 2025
၁။ အထူးရထား ခရီးစဉ်များကို ဧပြီ ၁၁ ရက်တွင် စတင်ပြေးဆွဲပေးမည်
၂။ အမျိုးသမီးများအတွက် ပန်းရံသင်တန်းအခမဲ့ဖွင့်မည်
၃။ ငလျင်ဘေးသင့်ဒေသများအတွက် စက်ရုံအထိုင်ဈေးဖြင့် ဘိလပ်မြေများရောင်းချပေး
၄။ ငလျင်လှုပ်ခတ်ပြီး တစ်ပတ်ကျော်လာသည့်အချိန်၌ မန္တလေးတွင်လုပ်ငန်းများ နာလံထစပြုလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 April 2025
▪️ ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ဧရာဝတီဖောင်ဒေးရှင်းကကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင်မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 April 2025
▪️ ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နိုင်ရေးအပါအဝင် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ငွေကြေးစီးဆင်းမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့်ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (MFS) များမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်သူများ ငွေသားထုတ်ယူမှု လွယ်ကူအဆင်ပြေစေရေးအတွက် ATM များတွင် ငွေသားလိုအပ်ချက်ပံ့ပိုးနိုင်ရေး၊ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာငွေရေးကြေးရေး အဖွဲ့အစည်းများအလိုက် ရုံးပိတ်ရက်ရှည်များတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ အလှည့်ကျတာဝန်များ ချမှတ်စီစဉ်ရေး၊ ဘဏ်နှင့် ငွေကြေးလုံခြုံမှုအတွက် လုံခြုံရေးအစီအစဉ်များချမှတ်ရေး၊ ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုတွင် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သီးခြားဆောင်ရွက်ပေးမည့် အစီအစဉ်များတင်ပြရေး၊ နိုင်ငံခြားငွေကိစ္စရပ်များအပါအဝင် ပြည်ပရောက်မြန်မာလုပ်သားများ၏ လွှဲပြောင်းငွေများ အခက်အခဲမရှိ ပြန်လည်ထုတ်ပေးနိုင်ရေး၊ အင်အားပြင်းငလျင်ဒဏ်ခံရသည့် နေရာများရှိ ပြည်သူများ ဘဏ်ဝန်ဆောင်မှုလွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရန် ပံ့ပိုးပေးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းငွေများ (မြန်မာ ကျပ်/ နိုင်ငံခြားငွေ) လွှဲပြောင်းဝင်ရောက်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စက်သုံးဆီဆိုင်များအပါအဝင် အခြားလက်လီ/လက်ကား ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များတွင် မြန်မာကျူအာ (MMQR) အသုံးပြု၍ လွယ်ကူစွာငွေပေးချေနိုင်ရေးဆောင်ရွက်ပေးမည့် ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CBM– Net ကိုလည်းသင်္ကြန်ပိတ်ရက်များအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အောင်ပန်းဒေသထွက်ရှမ်းကုန်တွေဖြစ်တဲ့ ကုန်စိမ်းနဲ့ ဒေသထွက်ကုန်တွေ ဟာ သယ်ယူပို့ဆောင်ချိန်ကြာမြင့်နေဆဲဖြစ်တာအပြင် သင်္ကြန်ကာလ နီးကပ်လာတာကြောင့် ရန်ကုန်ကိုတင်ပို့တာ နည်းပါးနေသေးတယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 10 Apirl 2025
#အောင်ပန်းဒေသထွက်ရှမ်းကုန် #အောင်ပန်းကုန်စိမ်းပွဲရုံ
#YMG/NN #Yangon_Times
မန္တလေးငလျင်နဲ့ သဘာဝဘေးသင့် ဒေသတွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ဘိလပ်မြေတွေကိုဘိလပ်မြေစက်ရုံ (မြိုင်ကလေး)နဲ့ ဘိလပ်မြေစက်ရုံ(ပြည်ညောင်)တို့ ကနေ စက်ရုံအထိုင်ဈေးနဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#စက်ရုံအထိုင်ဈေး #ဘိလပ်မြေများရောင်းချ
#YMG/NN #Yangon_Times
Page 82 of 2022