မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးတွေ ဆက်တိုက်ထုတ်ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 11 October 2024
#နိုင်ငံခြားငွေကြေး #ဗဟိုဘဏ်
#YMG/NN #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက် ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီအမျိုးအစား အားလုံးဈေးမြင့်တက်လာပြီး 92တစ်လီတာကို ကျပ် ၃၀၀၀ကျော်ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။
#Local_News
Published 11 October 2024
#စက်သုံးဆီဈေးတက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
နေပြည်တော် တပ်ကုန်းမြို့နယ်မှ ရေဘေးသင့်ရွာ (၃) ရွာအတွက်ရေဘေးပြန်လည်ထူထောင်ရေးအဖြစ် သဘင်လောကသားတွေနဲ့အလှူရှင်တွေ စုပေါင်းပြီး ကျပ်(၃၅)သိန်းတန် နေအိမ်အလုံးရေ (၄၉)လုံးလှူဒါန်းဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 11 October 2024
#ရေဘေးသင့်ပြည်သူ #(၃၅)သိန်းတန်နေအိမ်လှူ
#YMG/tthl #Yangon_Times
ဒီနှစ်သီတင်းကျွတ်မှာ သွားရောက်လည်ပတ်ဖို့ ဘိုကင်တင်ထားတဲ့ထဲမှာ ကျိုက်ထီးရိုးကိုသွားမယ့်သူတွေ၊ မော်လမြိုင်ကျိုက္ခမီ၊ စက်စဲသွားမယ့်သူတွေ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 11 October 2024
#ကျိုက်ထီးရိုး #ကျိုက္ခမီ
#YMG/tthl #Yangon_Times
#Local_News
Published 11 October 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယနေ့ မနက်ပိုင်း၌ အဝေးပြေးယာဉ်တစ်စီးတိမ်းမှောက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံပို့ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၁၁ ရက်နေ့၊ မနက်၄နာရီ ခွဲ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၄/၅)နှင့်(၂၃၄/၆)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဘုရားတောင်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁၁)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၂၅)ဦးအနက် ယာဉ်ပေါ်ပါ ကျား(၄)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 October 2024
▪️ ကလေးရရှိရန် ခက်ခဲသောစုံတွဲများအတွက် အခုနှစ်အတွင်းဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး) တွင် LEVEL-2 FERTILITY CLINIC ဖွင့်လှစ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ LEVEL-2 FERTILITY CLINIC ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၄)ရက်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၂၇)ရက်အထိ စုစုပေါင်းလူနာ (၁၃) ဦး ကြည့်ရှုခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
▪️ အဆိုပါ LEVEL-2 FERTILITY CLINIC ကို ပါမောက္ခ၊ဌာနမှူး (သားဖွားမီးယပ်)မှ ကြီးကြပ်၍ အထူးကုဆရာဝန် (မီးယပ်မှန်ပြောင်းကြည့်)နှင့် လက်ထောက်ဆရာဝန် (သားဖွားမီးယပ်)တို့နှင့်အတူ တာဝန်ကျလက်ထောက်ဆရာဝန် (သားဖွားမီးယပ်)များမှ ကလေးရရှိရန် ခက်ခဲသော စုံတွဲများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ရှုပေးလျက်ရှိကြောင်းလည်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published 11 October 2024
▪️ မန္တလေးမြို့တွင်ယနေ့ မနက် ၁၁နာရီ၁၁ မိနစ် ဝန်းကျင် အချိန်၌ ပြင်းအား 4.6 Mag ရှိ ငလျင် လှူပ်ခတ်မှုရှိခဲ့ ကြောင်းမြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီမှ သိရသည်။
▪️"မန္တလေးမှာ ငလျင်လှုပ်သွားတာဟုတ်ပါတယ်၊ သိပ်ဆိုးဆိုးရွားရွားကြီးတော့မဟုတ်ပါဘူး၊ တစ်ချို့ဆိုလှုပ်တာတောင် မသိလိုက်ဘူး၊ လူအသေအပျောက်မရှိ နိုင်ပါဘူး၊ စစ်ကိုင်းလည်းပါတယ်လို့တစ်ချို့ပြောပါတယ်၊ ကျွန်တော်တို့ ဆက်လက်အတည်ပြုနေပါတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ -မန္တလေးတိုင်းဒေသကြီး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရုကိုအတည်ပြုပြောကြားသည်။
▪️ ထို့အပြင် မိမိတို့ပတ်ဝန်းကျင်တွင် ထူးခြားမှုဖြစ်စဉ်များ ရှိခဲ့ပါက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီသို့ ဆက်သွယ် အကူညီတောင်းခံနိုင်ကြောင်း သိရသည်။
▪️ ကမ္ဘာပြတ်ရွေ့ရပ်ဝန်းများတစ်နေရာ ၄၈ နာရီကျော်ဝန်းကျင် အင်အားပြင်းမြေငလျင် မဂ္ဂနီကျု ၆.၅ နှင့်အထက် အထူးသတိပြုရန်မြေငလျင်သတင်းများစင်တာ မှ အောက်တိုဘာလ ၁၀ ရက် နေ့ကလည်း သတိပေးထားသည်။
▪️ ထို့အပြင် ယင်းနေ့မနက် ၇နာရီ ၄၀မိနစ် အချိန်က မြန်မာနိုင်ငံပြင်ပ၊ ရန်ကုန်တိုင်းဒေသကြီးမှတောင်ဘက်ပိုင်း၊ ရန်ကုန်မြို့မှအနောက်တောင်ဘက် ၃၄၀ မိုင်ခန့်အကွာ၊ ဖျာပုံမြို့မှအနောက်တောင်ဘက်ပိုင်း ၂၈၇ မိုင် ခန့်ဝေးသည့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းအလွန် အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်အနက် ၅၀ မိုင်ကိုဗဟိုပြုကာ မဂ္ဂနီကျု ၄.၂ အဆင့် မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 86 of 1818