မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF)နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)တို ပူးပေါင်းကာ ဒေသအလိုက်လေ့ကျင့်ရေးစင်တာတွေကို နေရာဒေသခြောက်ခုမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 25 October 2025
#MFF #FIFA
#YMG/SW #Yangon_Times
စွမ်းအင်အသွင်ကူးပြောင်ရေးကာလတွင် စွမ်းအင်ဖူလုံမှုနှင့်လုံခြုံမှုအတွက် နှစ်နိုင်ငံ နီးကပ်စွာပူးပေါင်းဆောင်ရွက်လိုတဲ့ အခြေအနေများကို ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 25 October 2025
#မြန်မာ_တရုတ် #စွမ်းအင်
#YMG/SW #Yangon_Times
#Daily_News
Published 25 OCtober 2025
၁။ စွမ်းအင်အသွင်ကူးပြောင်းရေးကာလတွင် မြန်မာ-တရုတ် နှစ်နိုင်ငံနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
၂။ MFF နှင့် FIFA ၏ ဒေသအလိုက် လေ့ကျင့်ရေးစင်တာများ ဒေသခြောက်ခုတွင်ဖွင့်လှစ်မည်
၃။ စက်သုံးဆီဈေး လေးပတ်ဆက်တိုက်ကျဆင်း
၄။ Airbusကုမ္ပဏီ၏A320လေယာဉ်တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်း တရုတ်၌တိုးချဲ့သွားမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 October 2025
▪️ ယနေ့အောက်တိုဘာလ ၂၅ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်တွင် ယာဉ်တစ်စီးအရှိန် လွန်တိမ်းမှောက်ကာ တစ်ဦးေ-သဆုံးခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။
▪️ ဖြစ်စဉ်မှာ ယနေ့ နံနက် ၈နာရီ ၃၀မိနစ်အချိန်က ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်တွင်တက္ကစီယာဉ်နှင့် TOWNACE အောက်ဆိုက်ကားတို့ တိမ်းရှောင်ရာမှ အရှိန်လွန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် TOWNACE ကားပေါ်တွင် လိုက်ပါစီးနင်းလာသူများအနက် တစ်ဦးေ-သဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ေ-သဆုံးသူတစ်ဦးနှင့် ဒဏ်ရာရှိသူခြောက်ဦးတို့အား ရှင်သန်ရေးကူညီမှုအသင်း၊ ကိုပူတူးအသင်း၊ ဘိုကလေးဈေးအသင်းနှင့် ကျောက်တံတားအရန်မီးသတ်တို့မှ လူနာတင်ကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
Photo-ရှင်သန်ရေးကူညီမှုအသင်း
ဆောက်လုပ်ရေးကဏ္ဍနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်သွားဖို့အတွက်
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် 𝐌𝐂𝐄𝐅 နဲ့ 𝐂𝐁 𝐁𝐚𝐧𝐤 တို့ “နားလည်မှုစာချွန်လွှာ ရေးထိုး”ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 24 October 2025
#𝐌𝐂𝐄𝐅 #𝐂𝐁_𝐁𝐚𝐧𝐤
#YMG/SW #Yangon_Times
မုန့်ဖတ်၊ပဲသွေးစတဲ့ အစားအသောက်တွေမှာ ဖော်မလင်ထည့်သူတွေကို
အမျိုးသားအစားအသောက်ဥပဒေနဲ့အရေးယူသွားမယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကအသိပေးလာပါတယ်။
#Local_News
Published 24 October 2025
#မုန့်ဖတ်_ပဲသွေး #ဖော်မလင်
#YMG/NN #Yangon_Times
ခရီးသည်များ အဆင်ပြေချောမွေ့စေရေး မှတ်တိုင်များတွင်ခရီးသည်စုပြုံမှုမရှိစေရေးတိုကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို ရည်ရွယ်ပြီးYBS စီးနင်းတဲ့ ခရီးသည်တွေထံမှ စစ်တမ်းတစ်ရပ်ကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှသိရပါတယ်။
#Local_News
Published 24 October 2025
#YBS #ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ
#YMG/SW #Yangon_Times
Page 84 of 2240