ကမ္ဘာ့အိုလံပစ်နေ့အထိမ်း အမှတ် Steward Course သင်တန်း၌ သင်တန်းသား၄၀ဦးခန့် တက်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 9 June 2025
#ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် #Steward_Courseသင်တန်း
#YMG/NN #Yangon_Times
#Local_News
Published 9 June 2025
▪️ ပြည်မြို့အနီး၌ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိမြေငလျင် တစ်ခု ယနေ့ လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ
သိရသည်။
▪️ ဇွန်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၉) နာရီ၊ (၄၄)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၉၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်မြို့၏ အနောက်ဘက် (၁၁) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၈.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၅) ဒီဂရီ၊ အနက် (၇၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဈေးကွက်အတွင်းမှာ ရောင်းချတဲ့ စားအုန်းဆီတွေအတွက် ရည်ညွှန်းစျေးကို အပတ်စဉ်သတ်မှတ် ထုတ်ပြန်ပေးလျှက်ရှိရာမှာ ယခုတစ်ပတ်အတွက် ထုတ်ပြန်ပေးတဲ့ ရည်ညွှန်းဈေးမှာတော့ တစ်ပိဿာကို ကျပ်ခြောက်ထောင်ခန့်အထိ ကျဆင်းလာပါတယ်။
#Local_News
Published 9 June 2025
#စားအုန်းဆီရည်ညွှန်းဈေး #စားအုန်းဆီဈေးကျဆင်း
#YMG/SW #Yangon_Times
#Local_News
Published 9 June 2025
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်တည်ဆောက်နေသည့် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် သုခဒဂုံပြည်သူ့အငှါးအိမ်ရာမှထပ်မံ ပြီးစီးသည့်တိုက် ၄ လုံး ကို မကြာမီ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
▪️ မဲနှိုက်ခွင့်ရရှိသည့်မြို့နယ်နှင့် ဌာနဆိုင်ရာအမည်များကိုလည်း ယခုလ ၁၀ ရက်နေ့ တွင် ထပ်မံကြေညာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သုခဒဂုံ အိမ်ရာအတွင်းတိုက်ခန်းနှင့် ဆိုင်ခန်းများကို ဝယ်ယူခွင့်ရမည်ဆိုပြီး လိမ်လည်သူများ၊ တိုက်ခန်း ငှါးရမ်းခွင့်ရမည်ပြောပြီး လိမ်ညာနေသူများ ရှိနေပါသဖြင့် ပြည်သူများအနေဖြင့် လိမ်ညာမခံရအောင် သတိပြုကြရန်လည်း ဌာနမှ အသိပေးနှိုးဆော်ထားသည်။
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် အတွက် အငှားအိမ်ရာများ တည်ဆောက်ငှားရမ်းပေးခြင်း၊ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်၍ ဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်းများကိုဆောင်ရွက်ပေးလျှက်ရှိပြီး လက်ရှိတွင်လည်း အိမ်ရာလေးခုမှ အခန်းများရောင်းချပေးရန် လျှောက်လွှာများ ခေါ်ယူလျှက်ရှိသည်။
#YMG/SW #Yangon_Times
#Local_News
Published 9 June 2025
▪️ ဆော်ဒီအာရေဗျတွင် ကျင်းပမည့် Esports World Cup 2025 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု MLBB အသင်းအဖြစ် Mythic Seal ကသွားရောက်ယှဥ်ပြိုင်မည် ဖြစ်သည်။
▪️ ထိုသို့သွားရောက်ယှဥ်ပြိုင်ရန်အတွက် ပြည်တွင်းရှိ Mobile Legends:Bang Bang (MLBB) အသင်းများမှ ကိုယ်စားပြုအသင်းအဖြစ်ရွေးချယ်ရန် MSL MM 2025 Season 1 ကို ကျင်းပခဲ့ရာ ပြည်တွင်းအသင်းပေါင်းများစွာမှ Mythic Seal အသင်းက Champions ဆုကြီးကို ရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် သွားရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
▪️ Mythic Seal အသင်းအနေဖြင့် Grand Final တွင် Yangon Galacticos အသင်းနှင့် ယမန်နေ့ညနေပိုင်းက Best of 7 ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ရပြီး ၄-၂ ရလာဒ်ဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။ Mythic Seal အသင်းတွင် Coach အဖြစ် Lnyydaddy အသင်းသားများအဖြစ် Kenn, Nikko,Bo Ye,Zippy,Khun တို့ ပါဝင် ဖွဲ့စည်းထားပြီး Coach အပါအဝင် Kenn, Nikko, Zippy စသည့် ကစားသမားများသည် နိုင်ငံတကာ MLBB ပြိုင်ပွဲများတွင် သွားရောက်ယှဥ်ပြိုင်ဖူးသည့် ဝါရင့် ကစား သမားများဖြစ်ကြောင်း သိရ သည်။
▪️ ဆော်ဒီအာရေဗျတွင် ကျင်းပမည့် Esports World Cup 2025 ပြိုင်ပွဲ၏ MLBB Mid Season Cup 2025 ပြိုင်ပွဲကို လာမည့်ဇူလိုင်လ ၁၀ရက်မှ သြဂုတ်လ ၂ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
#YMG/SW #Yangon_Times
နေပြည်တော်၊ ဇွန် ၇ ၂၀၂၅
တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံကို ယခုနှစ်ကုန်တွင် စတင် လည်ပတ်နိုင်အောင် တည်ဆောက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) သို့ ဇွန်လ ၆ ရက်က သွားရောက်ပြီး စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်ပါတယ်။
အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ပြီး စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သုံးသန်းချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံကိုလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ဆောင်ရွက်နေတယ် လို့ ဝန်ကြီးဦးကိုကိုလွင်က ပြောတဲ့အကြောင်း စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
အဆိုပါစက်ရုံမှာ မော်ဂျူလာ အမျိုးအစား စက်ရုံဖြစ်ပြီး ယခုနှစ် ၂၀၂၅ အကုန်မှာ လည်ပတ် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီအပြင် ဒုတိယအဆင့်အနေဖြင့် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သုံးသန်း ချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံအသစ်အား ၂၀၂၈ခုနှစ်အတွင်း တည်ဆောက်ပြီးစီးရန် ရည်မှန်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ယင်းအပြင် မကွေးတိုင်းဒေသကြီးရှိ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)အား အဆင့်မြှင့်တင်မွမ်းမံပြီး အဆင့်မြင့်စက်သုံးဆီများချက်လုပ်နိုင်ရေးစီမံဆောင်ရွက်သွားမယ်လို့လည်းသတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
“ စီမံကိန်းတွေပြီးစီးပါက နိုင်ငံတော်ရဲ့စက်သုံးဆီလိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင် မှာဖြစ် တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်းသက်သာစေမည့်အပြင် ယခင် ကြုံတွေ့ခဲ့ရတဲ့ စက်သုံး ဆီ အကျပ်အတည်းများကိုလည်း ကျော်လွှားနိုင်မှာဖြစ်ပြီး နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကိုလည်း တိုးမြှင့် စေမှာဖြစ်ပါတယ်” လို့ ဝန်ကြီးဦးကိုကိုလွင်က ပြောကြားပါတယ်။
ယခုနှစ်ကုန်တွင် စတင်လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေတဲ့ အဆိုပါရေနံချက်စက်ရုံမှ ထွက်ရှိလာမည့် လောင်စာဆီများသည် Euro 4 အဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီမည်ဖြစ်တယ်လို့သိရပြီး ဓာတ်ဆီ ဆိုလျှင်လည်း အနည်းဆုံး အောက်တိန်းနံပါတ် ၉၂ အထိအရည်အသွေးရရှိလာမယ်လို့ စွမ်းအင် ဝန်ကြီးဌာနမှ သိရပါတယ်။
ဝန်ကြီးဦးကိုကိုလွင်သည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၌ အဆိုပါစက်ရုံတည်ဆောက်မည့် မြေနေရာတွင် Pile Foundation လုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ရုံအတွက်လိုအပ်သည့် သဘာဝဓာတ်ငွေ့များ ထိန်းချုပ်ဖြန့်ဖြူးပေးမည့် သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်း (သန်လျင်)၊ ရေနံစိမ်းနှင့်ရေနံထွက်ပစ္စည်းများ သယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ရန် လမ်းအူကြောင်း လျာထား နေရာများ၊ တောင်ဒဂုံ-သန်လျင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ပဲခူးမြစ်ဖြတ် အပိုင်းတွင် Horizontal Directional Drilling စက်ဖြင့် တူးဖောက်ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လောင်စာဆီများကိုရရှိရေးတွင် ပြည်ပတင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေခဲ့ရ တဲ့အတွက် လောင်စာဆီရရှိမှုအခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီအတွက် နိုင်ငံရဲ့ စွမ်းအင် လုံခြုံရေး အစီအမံတစ်ခုအဖြစ် ပြည်တွင်း၌ပင် ရေနံများချက်လုပ်နိုင်အောင် စွမ်းအင်ဝန်ကြီးဌာနက စီမံ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
#ymg/knl
#Daily_News
Published 7 June 2025
၁။ Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်း ဒုတိယအကြိမ် ပြုလုပ်မည်
၂။ ပို့ကုန်ဝင်ငွေဒေါ်လာနှစ်ဘီလီယံခန့်တန်ဖိုးရှိပဲမျိုးစုံတန်ချိန် နှစ်သန်းခန့် တင်ပို့ရန်လျာထား
၃။ ဂျပန်ယဥ်ကျေးမှုစင်တာတွင် ဂျပန်ယဥ်ကျေးမှုနှင့်ပတ်သက်ပြီး လစဥ်ပြခန်း၊ ပြပွဲများပြုလုပ်မည်
၄။ ရှန်ဟိုင်းမှရာစုနှစ်သက်တမ်းရှိအဆောက်အအုံဝန်းကြီးတစ်ခုလုံးကို စက်ရုပ်ပေါင်းလေးရာကျော်ဖြင့် ပြန်လည်သယ်ယူပြောင်းရွှေ့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 79 of 2085