အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ရဲ့ လည်ပတ်ဖို့ ကျန်ရှိနေတဲ့ အဓိကစက်ရုံအလုပ်ရုံသုံးရုံကို ရုရှားနိုင်ငံက နည်းပညာအကူအညီနဲ့ လည်ပတ်သွားဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 16 January 2025
#အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) #ရုရှားနည်းပညာ
#YMG/SW #Yangon_Times
#Local_News
Published 16 January 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်အမေရိကန် ဒေါ်လာ၂၅သန်းကျော်နှင့် တရုတ်ယွမ်သုံးသိန်းကျော်ကို ယမန်နေ့က ထပ်မံထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ငွေလဲနှုန်း ၃၅၉၂ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၂၅.၃ သန်းကျော်ကို ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် တရုတ်ယွမ် ၃၆၉၂၂၁.၆ ကိုလည်း ငွေလဲနှုန်း ၅၃၉.၆ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ ထို့အတူ ၎င်းရက်တစ်ရက်တည်းတွင်ပင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ဒေါ်လာသန်း ၄၄.၃ သန်းကျော်၊ တရုတ်ယွမ် ၁၆.၅ သန်းကျော်နှင့် ထိုင်းဘတ် ၃၇.၂ သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 January 2025
▪️ ကိုရီးယားသမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo Won-shik မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက်အာဆီယံအဖွဲ့ဝင်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီးဦးသန့်စင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Wooက၂၀၂၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယားဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးကိုတည်ထောင်ခဲ့ပြီးဖြစ်သဖြင့် အစိုးရများအကြားတွင်သာမက လွှတ်တော်များအကြားတွင်လည်းပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်လုပ်ဆောင်သွားလိုပါကြောင်း၊ အာဆီယံနှင့်ဆွေးနွေးဘက်ဆက်ဆံရေးကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိကုန်သွယ်မှုသည် (၂၃) ဆနှင့် လူအချင်းချင်းထိတွေ့ဆက်ဆံမှုသည် (၃၇) ဆ မြင့်တက်လာခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအတွက် ဆိုးလ်မြို့အခြစိုက်သံရုံးများအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ခိုင်မာကြံ့ခိုင်သောဒီမိုကရေစီကိုယုံကြည်ပေးပါရန်နှင့် စိုးရိမ်ကြောင့်ကြမှုများမဖြစ်ပေါ်စေရန် ပြောကြားလိုပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏လေယာဉ်ပျက်ကျခဲ့မှုအပေါ် သက်ဆိုင်ရာနိုင်ငံများမှ ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် အာဆီယံ၏ သံခင်းတမန်ခင်းကိုအခြေတည်သောရပ်တည်ချက်များကိုထိန်းသိမ်းလျက် အာဆီယံမှ ဖော်ဆောင်ထားသည့် လုပ်ငန်းစဉ်များတွင် ဆက်လက်တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
▪️ ထို့နောက် သံအမတ်ကြီးဦးသန့်စင်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြားအနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောထားအမြင်များဖလှယ်နိုင်ရန် ယခုကဲ့သို့ နှစ်စဉ်တွေ့ဆုံခွင့်ရရှိနိုင်ရေးစီစဉ်ဆောင်ရွက်ပေးမှုသည် ကောင်းမွန်သည့်အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော်များသည် လွှတ်တော်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုအာဆီယံလွှတ်တော်များညီလာခံ(AIPA)အောက်တွင် တက်ကြွစွာဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်နှင့်လည်းတရားဝင်ဆွေးနွေးမှုများကို ၁၉၇၉ ခုနှစ်မှစတင်ခဲ့ပြီးအပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ပါ ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့ သည်မှာယခုနှစ်တွင် နှစ် (၅၀) ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်နှစ် (၅၀) အတွင်းနှစ်နိုင်ငံအကြားစီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်သာမကယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင်ပါ ခိုင်မာသောဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့များကိုမြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်တိုက်တွန်းလိုပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကိုကြံ့ကြံ့ခိုင်နိုင်မှုနှင့် ကောင်းမွန်သောဒီမိုကရေစီတန်ဖိုးများဖြင့် အောင်မြင်စွာကျော်လွှားသွားနိုင်မည်ဟုယုံကြည်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 January 2025
▪️ ယခုနှစ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများရှာဖွေခြင်း၊ ပြည်သူလူနေမှုဘဝကိုမြှင့်တင်ခြင်း စသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံမှ တတ်စွမ်းသမျှစဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က ပြောကြားခဲ့သည်။
▪️ သံအမတ်ကြီး Ms. Ma Jia က“ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကော့သောင်း၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသည့် “တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း” ပြီးမြောက်အောက်မြင်ခြင်းအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကျေးရွာပြည်သူပြည်သား စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ သံအမတ်ကြီး Ms. Ma Jia က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူတစ်ရပ်လုံးကို မျက်နှာမူသော ပြည်သူ့အကျိုးပြု လုပ်ငန်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် ကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၅၄၀၊ ကျေးလက်ပြည်သူ ၂၇၀၀ ဦးအတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို ကူညီဖော်ဆောင်ပေးခဲ့ကြောင်း၊ သန့်ရှင်းသော သောက်သုံးရေပြဿနာကို ဖြေရှင်းပေးခဲ့ကြောင်း၊ ရေထွက်ကုန်ထုတ်လုပ်မှုအတွက် ပံ့ပိုးကူညီပေးခဲ့ပြီး အခြေခံပြည်သူများအတွက် အကျိုးဖော်ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
▪️ တရုတ်နိုင်ငံမှ ငွေကြေးပံ့ပိုးကူညီပေးမှုဖြင့်ဆောင်ရွက်သည့် အဆိုပါစီမံကိန်းသည် အစိုးရ၊ စီးပွားရေးလုပ်ငန်း၊ ပြည်သူစသည့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု၏ စံပြဖြစ်ပြီး ကျေးရွာပြည်သူများအတွက် လျှပ်စစ်ဓာတ်အားနှင့် ရေရရှိရေးကို ကူညီပေးခဲ့ရုံသာမက ဒေသ၏ အသေးစားလက်မှုလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း၊ သက်ဆိုင်ရာ စက်ကိရိယာများကို ထိန်းသိမ်းကာ အကျိုးရှိစွာအသုံးချသွားပြီး စီမံကိန်း၏ အကျိုးသက်ရောက်မှုကိုမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 15 January 2025
၁။ ဂျပန်သို့ မသန်စွမ်းလုပ်သားများလည်း သွားရောက်အလုပ်လုပ်ကိုင်နိုင်မည်
၂။ ကိုရီးယားသို့ မြန်မာလုပ်သားသစ် ၁၅၀ခန့် စေလွှတ်
၃။ ထိုင်းသို့ပြောင်းတင်ပို့ ရာသီချိန်နီးကပ်လာ၍ စုဆောင်းသူများရှိလာ
၄။ လော့စ်အိန်ဂျလိစ် မီးဘေးဒဏ်သင့်ခဲ့ကြသူများ မိမိနေရပ်အခြေအနေပြန်လည်ကြည့်ရှုခွင့်ရရန်စောင့်ဆိုင်းနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရွှေဆိုင်တွေရောင်းတဲ့ဝယ်တဲ့အခါမှာ အလေးချိန်၊ အရည်အသွေးစံချိန်စံနှုန်းအပါအဝင် ကာလပေါက်ဈေးနှုန်းကွာဟပါက ဥပဒေ စိုးမိုးမှုပြုလုပ်လာမယ့် မကြာခင်ကာလများမှာ ဘောင်ချာနဲ့တကွ စားသုံးသူကာကွယ်ရေးအပါအဝင်သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ရွှေအသင်းတွေကို တိုင်ကြားနိုင်တော့မယ်
လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 15 January 2025
#အရည်အသွေးနှင့်စျေးနှုန်းကွာဟ #ဘောင်ချာနှင့်တကွတိုင်ကြားနိုင်
#YMG/NN #Yangon_Times
#Local_News
Published 15 January 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ကမ္ဘာအေးကုန်းမြေတွင် တည်ထားကိုးကွယ်သော ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိရာယခုနှစ်တွင် ဖေဖော်ဝါရီလ ၄ ရက် (၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း ၇ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းပွဲတော်တွင် ဖေဖော်ဝါရီလ ၄ ရက် (တပို့တွဲလဆန်း ၇ ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက် (တပို့တွဲလဆန်း ၈ ရက်နှင့် ၉ ရက်) မနက် ၇ နာရီတွင်မူ ထမနဲထိုးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်ဖေဖော်ဝါရီလ ၉ ရက်၊ မနက်ပိုင်း၌ မြတ်စွာဘုရားကို ရည်မှန်းပြီး ဆွမ်းတော်ကြီးကပ်လှူပူဇော် ခြင်း၊ မနက် ၈ နာရီ၌ စေတီတော်အတွင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နှင့် ဆရာတော်ကြီးများ ဦးဆောင်သော စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော် ၄၅ ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခြင်းများ ကျင်းပမှာဖြစ်ကြောင်း သိရသည်။
▪️ ထို့နောက် မနက် ၉ နာရီတွင် မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာဝက အရှင်မြတ်ကြီးနှစ်ပါးတို့အား အမှူးထား၍ နိုင်ငံတော်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်သော ပင့်သံဃာတော် ၄၅ ပါး၊ စုစုပေါင်း သံဃာတော် ၄၈ ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 113 of 1951