#Local_News
Published 29 June 2026

■ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ဇွန် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

■ အဆိုပါလက်ဖက်ရည်စကားဝိုင်း၌ ခရီးသွားကဏ္ဍအသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားမည်ဖြစ်သည်။

■ ယင်း “လက်ဖက်ရည်စကားဝိုင်း” ကို စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ကျင်းပသွားရန် စီစဉ်ထားပြီး စကားဝိုင်းများမှ ရရှိလာသည့် ရလဒ်များကို အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများပါဝင်မည့် ဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

■ ထို့အပြင် ​ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် အကြံပြုချက်များနှင့် အချက်အလက်များကို အစီရင်ခံစာအဖြစ်ပြုစုကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ပြီး MSME ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများရရှိနိုင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

#YMG/NN #Yangon_Times