#Local_News
Published 26 June 2026
■ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ၆၆ကေဗွီ လွိုင်လင်-လဲချား-မိုင်းကိုင်
ဓာတ်အားလိုင်းနှင့် ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်ရာ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ နယ်နှင့် လဲချားမြို့နယ်အတွင်း ဇွန်လ၂၇ရက်တွင် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီ ဖြစ် သော ကြောင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အား ကောင်းမွန် စေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန် စေရေးတို့အတွက် လွိုင်လင်ခရိုင်အတွင်းရှိ ၆၆ကေဗွီ လွိုင်လင်-လဲချား-မိုင်းကိုင် ဓာတ်အားလိုင်းမှ ဓာတ်အားရယူထားသော ၆၆/၃၃ ကေဗွီ ဝမ်ကုန်း၊ လဲချား၊ မိုင်းကိုင်ဓာတ်အားခွဲရုံတို့ရှိဓာတ်အား လက်ခံစက်ပစ္စည်းများနှင့် ပါဝါထရန်စဖော်မာတို့ကြား ချိတ်ဆက်ထားသောပစ္စည်းများ ကြံ့ခိုင်မှု့ စစ်ဆေးခြင်းနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်းရှိ စက်ပစ္စည်းများကိုလိုအပ်သော ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ဇွန်လ ၂၇ ရက် နံနက် (၀၈း၀၀) နာရီမှ ညနေ(၁၅း၀၀) နာရီထိ ဓာတ်အားပိတ် လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ဓာတ်အားပိတ်လုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်နှင့် လဲချားမြို့နယ်အတွင်း ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပိတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူအများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times