#Daily_News
Published 7 July 2025
၁။ ယခုနှစ်ဘဏ္ဍာနှစ်တွင် ဆန်စပါးတန်ချိန် (၃) သန်း တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်ဆောင်ရွက်နေ
၂။ ဂျပန်ရိုးရာကြယ်တာရာပွဲတော်ကို ယခုလတစ်လလုံးပြုလုပ်သွားမည်
၃။ ဝင်္ဂဘော်ဆင်စခန်းမှ ဆင်အမွှာလေးကျော်ပုလဲကွယ်လွန်ရှာ
၄။ တရုတ်မှအရှေ့အလယ်ပိုင်းဒေသသို့ လျှပ်စစ်ကားများတင်ပို့သယ်ဆောင်သည့်သင်္ဘောကြီး ခရီးဦးစထွက်ပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ငလျင်ဘေးသင့် ဒေသတွေက ရှေးဟောင်းအမွအနှစ်တွေရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပျက်စီးမှုသုံးသပ်ရေးအတွက် စာရင်းတွေကို ကွင်းဆင်းကောက်ယူနေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 7 July 2025
#ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပျက်စီးမှု #ကွင်းဆင်းကောက်ယူ 
#YMG/NN #Yangon_Times
ဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာလေးကျော်ပုလဲယမန်နေ့က ကွယ်လွန်ခဲ့ ရှာပြီဖြစ်တာကြောင့် သဂြိုလ်ပြီးစီးပြီလို့ ယင်းဆင်စခန်းကနေ သိရပါတယ်။
#Local_News
Published 7 July 2025
#ဝင်္ဂဘော်ဆင်စခန်း #ဆင်အမွှာလေးကျော်ပုလဲကွယ်လွန်
#YMG/NN #Yangon_Times
ဂျပန်ရိုးရာကြယ်တာရာပွဲတော်ကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာမှာ ယနေ့စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 7 July 2025
#ဂျပန်ရိုးရာကြယ်တာရာပွဲတော် #ဂျပန်ယဥ်ကျေးမှုစင်တာ
#YMG/SW #Yangon_Times
ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ဆန်စပါးတန်ချိန် (၃)သန်း တင်ပို့ရောင်းချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 7 July 2025
#ဆန်စပါးတန်ချိန် #မြန်မာနိုင်ငံဆန်စပါးအသင်း
#YMG/SW #Yangon_Times
		#Local_News
Published 7 July 2025
▪️ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈) ခုရှိ မြို့နယ် (၅၄) ခုရှိ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ရာ အဆိုပါ ငလျင်ဒဏ်သင့် နေအိမ်များအတွက် ငွေသားနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကျပ် ၁.၆ ထရီလီယံကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
▪️ ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ်ပေါင်း (၅၀၀၀၀)ကျော်အတွက် ဘိလပ်မြေ၊ သံချောင်း၊ သစ်၊ အိမ်မိုးသွပ်များ စသည့် ဆောက်လုပ် ရေးဆိုင်ရာပစ္စည်းများဝယ်ယူရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ထိုသို့ထောက်ပံ့ပေးရာတွင် နေအိမ်အမျိုးအစားပေါ်မူတည်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
		#Local_News
Published 7 July 2025
▪️ လေယာဥ်စီးနင်းသူများ၏ လက်ဆွဲအိတ်(Hand Carry Baggage)အတွင်း ပါဝါဘဏ် (Power Bank) များကို သယ်ဆောင်ခွင့်ပြုသော်လည်း လေယာဥ်ပေါ်တွင် အသုံးပြုခွင့်မပြုကြောင်း Myanmar Airways International(MAI) မှ ထုတ်ပြန်ထားသည်။
▪️ MAI အနေဖြင့် ခရီးသည်များ၏ ဘေးကင်းရေးအတွက် အကောင်းဆုံး ဦးစားပေး ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတကာလေကြောင်းဘေးကင်းရေးစည်းမျဉ်းများနှင့်အညီ အပြည့်အဝလိုက်နာမှုလျှက်ရှိရာ ပါဝါဘဏ်များသယ်ဆောင်ခြင်းနှင့်ပတ်သက်သော နောက်ဆုံးပေါ်မူဝါဒကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယခုလ ၁ရက်မှ စတင်ကာ လေယာဉ်ပေါ်လိုက်ပါသူအားလုံးအတွက် ဘေးကင်း လုံခြုံသော ခရီးစဥ်ဖြစ်စေရေးအတွက် ခရီးသည်တစ်ဦးလျှင် 100Wh ပါဝါဘဏ် နှစ်လုံး သို့မဟုတ် 100Wh-160Wh ပါဝါဘဏ်တစ်လုံးကို လက်ဆွဲအိတ်(Hand Carry Baggage)အတွင်း သယ်ဆောင်ခွင့်ပြုပြီး လေယာဥ်ပေါ်တွင် မိမိထိုင်ခုံ၏အောက် သို့မဟုတ် ထိုင်ခုံအိတ်ကပ် အတွင်း၌သာ ထားရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
▪️ သို့သော်လေယာဥ်ပေါ်သို့ ပါဝါဘဏ်သယ်ဆောင်ခွင့်ပြုသော်လည်း ပါဝါဘဏ်ကို အားသွင်းခြင်းနှင့် ပါဝါဘဏ်အသုံးပြုကာ အခြားDevice များသို့ အားသွင်းအသုံးပြုခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထို့ပြင်ပျက်စီးနေသည့် ပါဝါဘဏ်များကိုလည်း သယ်ဆောင်ခွင့်မပြုကြောင်း သိရသည်။
▪️ အဆိုပါ မူဝါဒအသေးစိတ်အချက်အလက်အပြည့်အစုံနှင့် ထုတ်ပြန်ထားသော တရားဝင်လမ်းညွှန်ချက်များကို ချက်အင်ကောင်တာများတွင် ဖတ်ရှုနိုင်ကြောင်း MAI က အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 125 of 2165