#Local_News
Published 17 June 2026

■ ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်ရောက်နိုင်မည့် သတင်းစာစကော် လားရှစ် (2027 April Intake - ASAHI Shimbun Scholarship) အတွက် မြန်မာနိုင်ငံသားများလျှောက်ထားနိုင်မည်ဖြစ်ကြောင်းMAJA Education Centre မှ သိရသည်။

■ အဆိုပါ သတင်းစာစကော်လားရှစ်သည် ၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူ ခြင်းဖြစ်ပြီး လျှောက်လွှာများကို MAJA Education Centre မှ စတင်လက်ခံခေါ်ယူနေ ခြင်းဖြစ်ရာ ယခု ခေါ်ယူမည့် သတင်းစာ စကော်လားရှစ်အား ဂျပန်ဘာသာ အရည်အချင်းတွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ ၊2026 April တွင် အသက် (၁၈) နှစ် နှင့် (၂၅) နှစ်အကြားရှိသူ၊ပညာအရည်အချင်း စနစ်သစ် - ၁၂ တန်းအောင်မြင် ထားသူ (သို့) စနစ်ဟောင်း ၊ တက္ကသိုလ်ပထမနှစ်နှင့် အထက် အောင်မြင်ထားသူ၊ အိမ်ထောင်မရှိသူ၊တက်တူး (လုံးဝ) မရှိသူ၊ကျန်းမာရေးကောင်းမွန်ကြံ့ခိုင်သူ၊Passport (PV / PE) ကိုင်ထားသူ (သို့မဟုတ်) Passport လျှောက်ထားဆဲ (သို့မဟုတ်) Passport လျှောက်ထား/လဲလှယ်ရန်အတွက် QR code ရရှိထားသူ၊ ဆိုင်ကယ်လိုင်စင် (က) လိုင်စင်လုပ်ရန်လိုအပ်‌ကြောင်းသိရပြီးလိုအပ်ချက်များနှင့် ပြည့်စုံသူမည်သူမဆို လျှောက်ထားနိုင်ကြောင်းသိရသည်။

■ ရွေးချယ်ခံရသူများအတွက် ကုန်ကျစရိတ်ကို အင်တာဗျူး အောင်မြင်ပြီးပါက MAJA Education Centre သို့ Processing Fees (၂၅) သိန်း သွင်းရမည်ဖြစ်ပြီးProcessing Fees (၂၅) သိန်းတွင် ဂျပန်စာသင်တန်းကြေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သတင်းစာပို့ ခြင်းဆိုင်ရာ သင်တန်းကြေး၊ ဂျပန်လူမျိုးဆရာ/မများနှင့် နေ့စဉ်စကားပြောသင်တန်းများ အပါအဝင်ဖြစ်ကြောင်းသိရပြီး COE ရရှိချိန်တွင် သတင်းစာတိုက်သို့ $1000 (သို့မဟုတ်) ယန်း ၁၅သောင်း ပေးသွင်းရမည်ဖြစ်ကြောင်းထို့နောက် လေယာဥ်လက်မှတ်အား သတင်းစာတိုက်ဘက်မှ ပြန်လည်ကျခံပေးသွားမည် ဖြစ်ပြီး ၂ နှစ်စာ ကျောင်းလခကို အဆာဟိ သတင်းစာတိုက်မှ ထောက်ပံ့မည် ဖြစ်ကာအဆောင်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သတင်းစာဆိုင်ခွဲမှ စီစဉ်မည် ဖြစ်၍ အဆောင်ကြေးအနေဖြင့် မိမိလစာမှတစ်လလျှင် ယန်း ၁ သောင်းကို နှုတ်သွားမည် ဖြစ်ကြောင်းသိရသည်။

■ လျှောက်ထားလိုသူများအနေဖြင့် ဇွန်လ ၁၂ရက်မှ ဇူလိုင်လ ၅ရက် အထိ
Google Form Link: https://forms.gle/zrBePAsXU9cQhUWF9အားဖြည့် စွက်ကာ လျှောက်ထားနိုင်ကာလျှောက်ထားပြီးသူများအား Scholarship နှင့်သက်ဆိုင်သည့် အသေးစိတ်အစီအစဥ်များကို Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတစ်ဆင့်သာ ဆက်သွယ်အကြောင်းကြား ပေးပို့သွားမည်ရာGoogle Form ဖြည့်ပြီးသည့်‌ နောက်တွင် အီးမေးလ်အား သတိပြုစစ် ဆေးရန်လိုအပ်ကြောင်း ၊ လျှောက်ထားရာတွင်ဂျပန်နိုင်ငံသို့ ‌ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိ ကြောင်းသိရသည်။

#YMG/SW #Yangon_Times