ရေဘေးကယ်ဆယ်ရေးသွားမယ့် ပရဟိတအဖွဲ့တွေ သက်ကယ်အင်္ကျီဝယ်ယူမှုများတဲ့အတွက် ရန်ကုန်ဈေးကွက်အတွင်းမှာ သက်ကယ်အင်္ကျီတွေ ပစ္စည်းပြတ်တဲ့အထိရောင်းချရနေတယ်လို့ သက်ကယ်အင်္ကျီဖြန့်ချိတဲ့ ပင်ရင်းဒိုင်မှ သိရပါတယ်။
#Local_News
Published 21 September 2024
#သက်ကယ်အင်္ကျီဝယ်ယူမှုများ #သက်ကယ်အင်္ကျီများပစ္စည်းပြတ်
#YMG/tthl #Yangon_Times
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်မယ့်ခရီးသွားကုမ္ပဏီတွေမှတ်ပုံတင်စာရင်းပေးသွင်းနိုင်ပြီလို့ ဗုဒ္ဓဂါယာဘုရားဖူးလုပ်ငန်းကော်မတီက သိရပါတယ်။
#Local_News
Published 21 September 2024
#ခရီးသွားကုမ္ပဏီများမှတ်ပုံတင် #ဗုဒ္ဓဂါယာဘုရား
#YMG/NN #Yangon_Times
#Local_News
Published 21 September 2024
▪️ တောင်ငူနှင့်မဒေါက်မြို့နယ်များ၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေ သောကြောင့် ယင်းမြို့နယ်များမှ မြစ်ကမ်းနှင့်မြေနိမ့်ပိုင်းနေသူများနေရာရွေ့ပြောင်းကြရန်
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာ ၂၁ ရက်နေ့တွင် ရေကြီးမှုအခြေအနေများနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်၌ ယင်းသို့သတိပေးထားခြင်းဖြစ်သည်။
▪️ အဆိုပါ ထုတ်ပြန်ချက်၌ ယနေ့မြန်မာစံတော်ချိန် ၈နာရီခွဲအချိန်တိုင်းထွာ ချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေကျော် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။
▪️ စစ်တောင်း မြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်လက်မခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ ၎င်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေခန့်ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။
▪️ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း လေးလက်မခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် တောင်ငူနှင့် မဒေါက် မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 September 2024
▪️ မကွေးတိုင်းဒေသကြီးရှိမြို့နယ်အချို့မှာ မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် သစ်ပင်များပြိုလဲ၍ အိမ်ပိမှုများနှင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၂၁ ရက်နေ့၊ မနက်၇ နာရီ ၅၀မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အဆုံကျေးရွာတွင် မိုးရွာသွန်းမှု့ကြောင့် ဂန္တာပင်လဲကျ၍ နေအိမ်ပေါ်သို့ပိမိနေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မလှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အလားတူ စက်တင်ဘာ ၂၁ရက်နေ့ တွင် မကွေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ ရာဇမုနိဘုရားလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်း၊ မင်းဘူးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အောင်မြေရပ်နှင့် အမှတ်(၄)ရပ်ကွက်၊ ရှမ်းစုရပ်တို့တွင် သစ်ပင်လဲကျမှုဖြစ်ပွားခြင်း၊ ချောက်မြို့နယ်၊ အမှတ်(၁၅)တိုးချဲ့ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်း၊ ရေနံချောင်းမြို့နယ်၊ ညောင်လှရပ်ကွက်၊ အ.ထ.က (၃)စာသင်ကျောင်းဝန်းရှေ့ သစ်ပင်လဲကျခြင်းနှင့် ပွင့်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခြင်းတို့အား မကွေးမြို့နယ်မီးသတ်စခန်း၊ မင်းဘူးမြို့နယ်မီးသတ်စခန်း၊ ချောက်မြို့နယ်မီးသတ်စခန်း၊ ရေနံချောင်းမြို့နယ်မီးသတ်စခန်းနှင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 20 September 2024
၁။ ငမိုးရိပ်ဆည် ရေအနည်းငယ်ပြန်တိုးလာ၊ ရေပိုလွှဲမှ (၂)ပေကျော်နေ
၂။ လေပွေလှိုင်းဖြတ်သန်းမည့်လမ်းကြောင်း ညာဘက်ခြမ်းတွင်ပါဝင်သည့်ဒေသများ မိုးပိုမိုရွာသွန်းနိုင်ဟုဆို
၃။ ဓာတ်ဆီဈေးတက်ပြီး၊ ဒီဇယ်ဈေးပြန်ကျ
၄။ သမိုင်းကြောင်း ဖတ်စာအုပ်များကိုသင်ရိုးပြောင်းလဲသည့် ဂျပန်အစိုးရအား အရပ်ဘက်အဖွဲ့အစည်းမှဝေဖန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
YBS ယာဉ်တွေကသူတို့ရဲ့ယာဉ်လိုင်းအစီအစဉ်နဲ့ ကုမ္ပဏီအစီအစဉ်တွေနဲ့ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းနေသလို YRTC အနေနဲ့ သိန်း(၃၀၀)လှူဒါန်းဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 20 September 2024
#ရေဘေးသင့်ပြည်သူ #YRTCမှလှူဒါန်း
#YMG/tthl #Yangon_Times
#Local_News
Published 20 September 2024
▪️ အီလက်ထရောနစ်နည်းစနစ် ဖြင့် အခွန်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထပ်မံကြေညာ လိုက်သည်။
▪️ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းပြည်သူ များအခွန် ပေးဆောင်ရာတွင် လွယ်ကူမြန်ဆန်စေရန် အီလက်ထရောနစ်နည်းဖြင့် အခွန် ငွေပေးဆောင်နိုင်မည့်နည်းလမ်းများကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ရက်စနစ်မှတဆင့် လည်းကောင်း၊ MPU e-commerceကိုအသုံးပြု၍ Onlineမှလည်းကောင်းပေးဆောင်နိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
▪️ e-commerce ဖွင့်လှစ်ထားသော MPU Debit Cardကိုအသုံးပြု၍ Online မှ အခွန်ငွေပေးဆောင်ခြင်း၊ မိုဘိုင်းအီလက်ထရောနစ်ငွေပေးချေမှုစနစ်သို့မဟုတ် ပုဂ္ဂလိကဘဏ်များတွင် ဖွင့်လှစ်ထားသောငွေစာရင်းမှ CBN Net system ရှိ CCT fundction ကိုအသုံးပြု၍ အီလက်ထရောနစ်နည်းဖြင့် အခွန်ပေးသွင်းခြင်းများဆောင်ရွက်ပြီဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်းအခွန်များဦးစီးဌာနသည် အထက်ပါနည်းလမ်းများအပြင် ဦးစီးဌာန၏ ဝက်ဆိုက်မှတဆင့် Multi-channel Tax payment plattform အနေဖြင့် အသုံးပြုအခွန်ငွေပေးဆောင်နိုင်ရန်အတွက် IRD's Tax payment Hub portal အားအကောင်အထည်ဖော်ခဲ့ရာ ပထမအဆင့်အနေဖြင့် စက်တင်ဘာ ၁ရက်နေ့မှစတင်၍ uab bank ၏ uab pay နှင့်uab banking ဖြင့်လည်းကောင်း၊e-commerceဖွင့်လှစ်ထားသော MPU Debit Card ဖြင့်လည်းကောင်းအခွန်ပေးသွင်းနိုင်ရန်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ IRD's Tax payment Hub portalမှတဆင့်အခြားသောဘဏ်များနှင့် မိုဘိုင်းငွေရေး၊ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ပေးသွင်းနိုင်ရန်စနစ်ပိုင်းချိတ်ဆက်ပြီးချိန်တွင်လည်း အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 124 of 1834