#Local_News
Published 16 June 2026
■ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲနှင့်အောင်လက်မှတ်ဆက်ကပ်ပွဲ ကို ဇွန်လ ၁၅ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုငိးမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၌ ကျင်းပခဲ့ရာ သီတဂူအဓိပတိ ဆရာတော်ကြီး ကြွရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
■ ကျေးဇူးတော်ရှင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ၊အဘိဓဇမဟာရဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၊သောဠသမရွှေကျင်သာသနာပိုင်၊သီတဂူအဓိပတိဆရာတော်ကြီးအမှူးပြုသော ပါမောက္ခကထိက သင်ကြားစီမံဆရာတော်များနှင့်တကွ
ကျောင်းသား၊ကျောင်းသူများ၊ဧည့်ပရိတ်သတ်အားလုံးတို့က နမောတသမဟာပဏာမ သုံးကြိမ်ရွတ်ဆိုဘုရားရှစ်ခိုး၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြကြောင်းသိရသည်။
■ ထို့နောက် ရတနာမြတ်သုံးပါးအမှူးထား၍ ကျေးဇူးတော်ရှင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ သီတဂူအဓိပတိဆရာတော်ကြီးအားပါမောက္ခကထိက သင်ကြားစီမံဆရာတော် များနှင့်တကွ တပည့်ဒါယိကာ ၊ဒါယိကာမများက ဩကာသကန်တော့ချိုးဖြင့် ညီညာဖျဖျရှိခိုးကန်တော့၍ အဓိပတိဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
■ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏သင်ကြားစီမံအဖွဲ့ဥက္ကဌ ပညာရေးမှုးဆရာတော် ဒေါက်တာအရှင်ပညောဘာသ -က သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဆိုင်ရာ နှင့်ကျောင်းသားစာရင်း အကျဉ်းချုပ်တို့ကို ရှင်းလင်းတင်ပြလျှောက်ထားခဲ့ပြီး ပညာသင်ယူနေကြသော ကျောင်းသားများလိုက်နာ သိရှိရန်စည်းမျဉ်းစည်းကမ်းများကိုသီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏သင်ကြားစီမံအဖွဲ့ဒုတိယ ဥက္ကဌ၊အုပ်ချုပ်ရေးမှုး ဆရာတော်ပါမောက္ခ ဒေါက်တာအရှင်ကောဝိဒ သိရီ-ကဖတ်ကြားလျှောက်ထားခဲ့သည်။
■ ထို့နောက်၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် Buddha-dhamma Diploma အောင်မြင်ခဲ့ကြသည့် ရဟန်းတော်များ ၊သီလရှင်ဆရာလေးများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာဗုဒ္ဓဓမ္မပါဒကဒီပလိုမာနှင့်အဆင့်မြင့်ဗုဒ္ဓဒီပလိုမာ အောင်မြင်ခဲ့ကြသည့် သင်တန်းသူ၊သင်တန်းသားများအား သီတဂူအဓိပတိဆရာတော်ကြီးမှ အောင်လက်မှတ်များချီးမြှင့်ပေးခဲ့ပြီး အလှူရှင်များ ကသီတဂူအဓိပတိဆရာတော်ကြီးအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကာ ဆရာတော်ကြီးမှ ကျပ်ငွေသိန်း၁၂၀တန်ဖိုးရှိ မိတ္တူကူးစက်အလှုရှင် ဦးဉာဏ်ဝင်း+ဒေါ်မြမြ၊သမီးမငယ်အား ဂုဏ်ပြုလွှာ
ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
■ ၎င်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ၊အဘိဓဇမဟာရဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ၊သောဠသမရွှေကျင်သာသနာပိုင်၊သီတဂူအဓိပတိဆရာတော်ကြီးထံမှ ဩဝါဒကထာနာကြားပြီး လှုဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကာ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲနှင့်အောင်လက်မှတ်ဆက်ကပ်ပွဲအောင်မြင်စွာပြီးဆုံးခဲ့ပြီး သီတဂူအဓိဌာန် ညီညာစွာရွတ်ဆိုလျှက်အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပြီး အလှူရှင်များမှ စာရေးကိရိယာများနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
■ အဆိုပါ အခမ်းအနားတွင်သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၏
Diploma in Buddha Dhamma Course (2024- 2026 Academic Year)
Diploma in Buddha's Teaching Course (2024-2026 Academic Year)
Advanced Study of Buddha Dhamma Course (2025-2026 Academic Year) ကို အောင်မြင်ပြီး ကျောင်းသား/သူတို့အား အောင်လက်မှတ် ဆက်ကပ်/ ချီးမြှင့်ခြင်း ဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times