#Local_News
Published 16 June 2026

■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် လ၁၆ ရက် နေ့လယ်ပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress - NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိ (Zhao Leji) အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံအကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ‌ကြောင်းသိရသည်။

■ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

■ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သည် တရုတ်နိုင်ငံ၏ အမြင့်ဆုံးနိုင်ငံတော်အာဏာပိုင် ဥပဒေပြုအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်၏ အရေးကြီးသော ဥပဒေများ၊ မူဝါဒများနှင့် အမျိုးသားအဆင့် ဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်ပေးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

#YMG/PP #Yangon_Times