မန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ မန္တလေးမြို့ရှိ ငလျင်ဘေးဒဏ်ခံအဆောက်အဦးများ ကြံ့ခိုင်မှုရှိမရှိစစ်ဆေးခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာမှာ အလုံးရေ (၂၀၀)ကျော်အထိ ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 22 Apirl 2025
#ကြံ့ခိုင်မှုရှိမရှိစစ်ဆေးခြင်း #ငလျင်ဘေးဒဏ်ခံအဆောက်အဦး
#YMG/SW #Yangon_Times
ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးတွေ ပြုလုပ်ဖို့အတွက် ပြည်တွင်းစက်ရုံက ထုတ်လုပ်တဲ့ ဘိလပ်မြေတွေကို ဦးစားပေးရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 22 Apirl 2025
#ငလျင်ဒဏ်သင့်ဒေသ #ဘိလပ်မြေတွေကိုဦးစားပေးရောင်း
#YMG/SW #Yangon_Times
'စာဖြေလွှာ မီးလောင်ခဲ့သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲပြန်လည်ဖြေဆိုရမည်'မန္တလေးငလျင်ကြီးကြောင့် စာဖြေလွှာတွေ မီးလောင်ပျက်စီးသွားတဲ့ နေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နယ်တွေကကျောင်းသား၊ ကျောင်းသူတွေအတွက်' ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ 'ကို ဇွန်လအတွင်း ပြန်လည်ကျင်းပသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေးလာပါတယ်။
#Local_News
Published 22 Apirl 2025
#စာဖြေလွှာမီးလောင် #စာမေးပွဲပြန်လည်ဖြေဆိုရ
#YMG/NN #Yangon_Times
'ကမ္ဘာ့ရွှေဈေးစံချိန်သစ်ထပ်မံတင်၍ ရွှေပြင်ပဈေးကျပ်သုံးသိန်းနီးပါးခုန်တက်'ကမ္ဘာ့ရွှေဈေးစံချိန်သစ်ထပ်မံတင်ခဲ့တာကြောင့် ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်ထဲနဲ့ ကျပ်သုံးသိန်းနီးပါးအထိထပ်မံခုန်တက်လာပြီး ၇၅သိန်းနီးပါးအထိရှိလာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 22 Apirl 2025
#ကမ္ဘာ့ရွှေဈေးတက် #ရွှေပြင်ပဈေးကျပ်သုံးသိန်းနီးပါးတက်
#YMG/NN #Yangon_Times
#Local_News
Published 22 April 2025
▪️ ငလျင်ဒဏ်သင့်ပြည်သူများအတွက်ထိုင်းနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ ပြီးခဲ့သည့် မတ် ၂၈ ရက်က မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက်ပြည်တွင်း၊ ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများ လှူဒါန်းလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့လှူဒါန်းမှုအနေဖြင့် မြန်မာပြည်သူများအတွက် ထိုင်းပြည်သူများ၏ အားဖြည့်မှု၊ ထိုင်းနိုင်ငံမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများကို ထိုင်းနိုင်ငံ Royal Thai Air Force မှ တာဝန်ရှိ သူများက ယမာန် နေ့မနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 April 2025
▪️ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးအထူးကုဌာနမှ ပြင်ပလူနာများကို ယနေ့မှစကာ တစ်ပတ်၂ရက်ကြည့်ရှုကုသပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးအထူးကုဌာန၏ ပြင်ပလူနာဌာနအား ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး(New YGH)လေးထပ်ဆောင် သစ်သို့ (၁၀-၄-၂၀၂၅)ရက်မှစတင်ကာပြောင်းရွှေ့ဖွင့်လှစ်ထားပြီးပြသမည့် ပြင်ပလူနာများအား ယနေ့ (၂၂-၄-၂၀၂၅) ရက် မှ စတင်၍ အဂ်ါနေ့နှင့် ကြာသပတေးနေ့ များတွင် နေရာပြောင်းရွေ့ထားသည့်ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ်မြေညီထပ်တွင် ကြည့်ရှုကုသပေးမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အသိပေးထုတ်ပြန်ထားသည်။
▪️ ထို့အပြင်လေ့ကျင့်ခန်းများဖြင့်ကုသခြင်း၊ စက်များဖြင့်ကုသခြင်းများအား
ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ် မြေညီထပ်၌ပင် ရုံးဖွင့်ရက်များ၌ နံနက်(၈:၀၀) နာရီမှ နေ့လယ်(၁၂:၀၀) နာရီအထိ ပုံမှန်ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 April 2025
ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များ တစ်ပတ်နှစ်ရက်ပျံသန်းပေးနေပြီဖြစ်ကြောင်း Myanmar Airways International (MAl)မှ သိရသည်။
MAI အနေဖြင့် အဆိုပါ ခရီးစဉ်သစ်ကို ယခုလ၁၀ရက်မှစတင်ကာ ပျံသန်းပြေးဆွဲနေခြင်းဖြစ်ပြီး အပတ်စဉ်တနင်္လာနှင့် သောကြာတိုင်း ပျံသန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရန်ကုန်-ပီနန်တိုက်ရိုက်လေကြောင်း ခရီးစဉ်စတင်လိုက်ခြင်းကြောင့် မြန်မာခရီးသွားများအနေဖြင့် ပီနန်ရှိ ကိုလိုနီခေတ် အမွေအနှစ်များနှင့်ပြည့်နှက်နေသောယူနက်စကို စာရင်းဝင်George Townသို့ အလွယ်တကူသွားရောက် လေ့လာရှုကြည့်နိုင်မည့်အပြင် ကမ္ဘာကျော် street food များ၊ ကမ်းရိုးတန်းအလှအပများကို ထိတွေ့ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 133 of 2082