#Local_News
Published 28 December 2024
▪️ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မြဝတီနှင့် တာချီလိတ်ရှိ နယ်စပ်ကုန်သွယ်ရေးများ၌ MACCS Online Payment System အွန်လိုင်းစနစ်ဖြင့် ဇန်နဝါရီ ၁ ရက်မှစတင်၍ အခွန်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးစနစ် (MACCS) ဌာနခွဲမှ အသိပေး ကြေညာထားသည်။
▪️ ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များအတွက် အခွန်ငွေပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment Direct Payment ၊ Mobile banking၊ Internet Banking of Online Payment ဖြင့် အခွန်ငွေပေးဆောင်နိုင်ရန်အတွက် AYA Bank၊ KBZ Bank၊ CB Bank တို့နှင့် ပူးပေါင်းပြီး MACCS Online Payment System အား ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်မှစတင်၍ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်ဧရိယာ၌ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
▪️ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ယခုအခါ MACCS Online Payment System အား မြဝတီ(H)နှင့် တာချီလိတ်(N2) နယ်စပ်ဒေသများတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ MACCS Online Payment System တွင် မိမိတို့၏ Mobile banking ၊ Internet Banking များမှတစ်ဆင့် Payment Statement Information ရရှိပြီးသည့် Import / Export Declaration No. များအား ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်ခြင်း (Direct Payment) နှင့် MACCS စနစ်ရှိ Deposit Account ထဲသို့ ငွေထပ်မံဖြည့်သွင်းခြင်း (Deposit Addition Only) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် MACCS Online Payment System အသုံးပြုမှုနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက Help Desk Section ဖုန်းနံပါတ်- ၀၁-၃၇၉၄၂၉ (ရုံးချိန်အတွင်း)နှင့် သက်ဆိုင်ရာပုဂ္ဂလိကဘဏ် (AYA Bank ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၇ ၊ KBZ Bank ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ ၊ KBZ Pay Call Center ဖုန်းနံပါတ် ၃၂၁၁ ၊ CB Bank ဖုန်းနံပါတ် ၀၁- ၂၃၁၇၇၇၀) များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 27 December 2024
၁။ ကျောင်းတွင်းအာဟာရတိုက်ကျွေးမှု အစီအစဉ် လာမည့်နှစ်တွင်စတင်မည်
၂။ ဓာတ်ဆီတစ်လီတာ ကျပ်၁၀၀ နှင့် စက်သုံးဆီအားလုံးဈေးကျလာ
၃။ ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများ ကျင်းပမည်
၄။ နှစ်ရှည်လများမိုးခေါင်ရေရှားမှုကြောင့် အီတလီနိုင်ငံမှဆစ်ဆီလီကျွန်းတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍအကြီးအကျယ်ထိခိုက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းဒေသမှ ထွက်ရှိတဲ့ ငရုတ်ခြောက်တွေကို အရင်ကနယ်စုံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားတင်ပို့နေတယ်လို့ ငရုတ်စိုက်ပျိုးတင်ပို့ရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 27 December 2024
#ငရုတ်ခြောက် #ဘင်္ဂလားဒေ့ရှ်နိုင်ငံ
#YMG/NN #Yangon_Times
#Local_News
Published 27 December 2024
▪️ မွေးစားမိဘများမှ ညှင်းပန်းနှိပ်စက်ထား၍ ဆေးကုသမှုခံယူနေသည့် ပဲခူးရိုးမ တောင်ပေါ်ဒေသက အသက်ငါးနှစ်အရွယ် မီးငယ်လေး (အမည်လွှဲ) ကလေးငယ် ေ-သဆုံး၍ ယနေ့သဂြိုဟ်လိုက်ကြောင်း Save The Trees Rescue Team က သိရသည်။
▪️ အဆိုပါ ကလေးငယ်ကလေးငယ်၏ ပြောဆိုချက်နှင့် စစ်ဆေးချက်များအရ ၎င်းသည် မွေးစားမိဘများ၏ မုဒိမ်းကျင့်နှိပ်စက်မှုများကြောင့် ကိုယ်တွင်းအင်္ဂါများအပြင် ပြင်ပဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
▪️ "မီးငယ်လေး တောင်ငူဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း အခုမနက် ၆ နာရီခွဲက ဆုံးသွားပါတယ်၊ ဆေးရုံတင်ထားတာတော့ တစ်ပတ်လောက်ရှိပါပြီ၊ အဓိကဖောယောင်လို့ပေါ့၊ ဝမ်းလည်းမသွားဘူး၊ သူ့ရဲ့အရင်တုန်းညှင်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့်ပေါ့၊ အတွင်းဒဏ်ရာတွေရှိမှာပါ၊ အဓိကတက်သွားတာ၊ တက်ပြီးသတိပြန်မလည်တော့ဝာာ၊ ဒီနေ့ပဲသူတို့ရဲ့ ထုံးတမ်းအစဥ်အလာအရ သဂြိုဟ်လိုက်ပါတယ်၊ တရားခံတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျတဲ့အထိ ရှေ့ဆက်သွားမှာပါ"ဟု Save The Trees Rescue Team မှ ဦးကျော်သူရက ပြောသည်။
▪️ အဆိုပါ ကလေးငယ်၏ အမှုကို အုတ်တွင်းရဲစခန်းမှ ပြီးခဲ့သည့် စက်တင်
ဘာ ၂၆ ရက်နေ့က အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ပြီး နောက်ကျူးလွန်သူမွေးစားမိဘနှစ်ဦးကို ချက်ချင်းဖမ်းဆီးချုပ်နှောင်ခဲ့ကာ၊ ရာဇသတ်ကြီး ပုဒ်မ ၃၄/၁၁၄ နဲ့ ပုဒ်မ ၃၇၆ စတဲ့ အမှုနှစ်ခုနဲ့ စွဲဆိုထားပြီး ဖြစ်ကြောင်းသိရသည်။
▪️ လတ်တလောတွင် အုတ်တွင်းခရိုင်တရားရုံးမှ လက်ခံကြားနာနေဆဲ ဖြစ်ကာ ကလေးငယ် ေ-သဆုံးသွားသော်လည်း အမှုမှန်ပေါ်ပေါက်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုကျော်သူရက ပြောသည်။
#YMG/NN #Yangon_Times
ပြည်တွင်းပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲတွေကို အခုလနောက်ဆုံးပတ်ကစတင်ပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 27 December 2024
#အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ #ပြည်တွင်းပြည်ပခရီးသွား
#YMG/SW #Yangon_Times
ဓာတ်ဆီတစ်လီတာ ကျပ်၁၀၀နဲ့ စက်သုံးဆီအားလုံးဈေးကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 27 December 2024
#ဓာတ်ဆီဈေးကျ #စက်သုံးဆီ
#YMG/NN #Yangon_Times
#Local_News
Published 27 December 2024
▪️ တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နှင့် တရုတ်နိုင်ငံ၊ တဲဟုန်ခရိုင်ပြည်သူ့အစိုးရ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး Mr. Liu Yipeng တို့ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရာတွင် မြန်မာအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်များမှတစ်ဆင့် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ရေး၊ တရုတ်နိုင်ငံအလုပ်ရှင်များအပေါ် ကြပ်မတ်ဆောင်ရွက်ရမည့်ကိစ္စများ၊ ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များနှင့် အခြားမလိုလားအပ်သည့် အခြေအနေများမဖြစ်ပေါ်စေရေး MoU စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်နိုင်ရန် တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများအပြင် တဲဟုန်ပြည်နယ်ခွဲ အစိုးရအဖွဲ့အနေဖြင့် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများနှင့် တရားမဝင်ရောက်ရှိ လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေးပြည့်ဝစွာရရှိနိုင်ရေး ကူညီကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အလုပ်သမားပူးပေါင်းဆောင်ရွက်မှုများ ချစ်ကြည်ရင်းနှီးစွာဆောင်ရွက်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ မြန်မာအလုပ်သမားများကို MoU စနစ်ဖြင့် တရားဝင်စေလွှတ်နိုင်ေရး မြန်မာအစိုးရနှင့် တဲဟုန်ပြည်နယ်ခွဲအစိုးရတို့ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ(MoU)ကို ယခုနှစ်ဇန်နဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ၊ မန်စီမြို့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 137 of 1953