မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ခရစ္စမတ်ကာလအတွင်း တစ်ရက်ကို ဘုရားဖူးဧည့်သည် ဦးရေနှစ်သောင်းကျော်ကနေ သုံးသောင်းဝန်းကျင်အထိဝင်ရောက်နေတယ်လို့ စေတီတော်ဂေါပက အဖွဲ့ထံက သိရပါတယ်။
#Local_News
Published 26 December 2024
#ကျိုက်ထီးရိုးစေတီတော် #ကျိုက်ထိုမြို့
#YMG/NN #Yangon_Times
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ခရစ္စမတ်နဲ့နှစ်သစ်ကူးပွဲတော်ခြောက်ရက်ကြာကျင်းပနေတယ်လို့ သိရပါတယ်။
#Local_News
Published 26 December 2024
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲတော်
#YMG/NN #Yangon_Times
လာမယ့်နှစ်မှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဝါဂွမ်းတွေကို ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်တွေကို တိုးမြှင့်တင်ပို့သွားဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 26 December 2024
#ဝါဂွမ်း #ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ်
#YMG/SW #Yangon_Times
#Local_News
Published 26 December 2024
▪️ မုံရွာငုံးမွေးမြူရေးဇုန်၌ ငုံးကောင်ရေ ၆ သိန်းကျော်မွေးမြူထားရာတစ်ရက်လျှင် ငုံးဥ အရေအတွက် ၅ သိန်းကျော်ထွက်ရှိနေကြောင်း သိရသည်။
▪️ အဆိုပါ မုံရွာငုံးမွေးမြူရေးဇုန်အတွင်း ငုံးမွေးမြူရေးလုပ်ငန်းရှင် ၄၀ ဦးကျော်မှ ငုံးကောင်ရေ ၆ သိန်းကျော်အား ငုံးခြံ ၉၀ ဖြင့်မွေးမြူလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့မွေးမြူရာတွင် တစ်ရက်လျှင် ငုံးဥအရေအတွက် ၅ သိန်းကျော်ထွက်ရှိရာ ဒေသတွင်းစားသုံးရန် လုံလောက်သည့်အပြင်အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 December 2024
▪️ ယနေ့ ဒီဇင်ဘာလ၂၆ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ စတိုးဆိုင်ဖွင့်နေသည့် ဆိုင်ရှင်ကို လုယက်ကာ ဓားဖြင့် ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာလ၂၆ ရက်နံနက် ၈း၃၀ နာရီအချိန်ကဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ကို ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကိုဓါးဖြင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း၊ ဆိုင်ရှင်ဖြစ်သူ ဒေါ်အေးအိခိုင်သည်ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ဒေါ်အေးအိခိုင်ဝတ်ဆင်ထားသောရွှေဆွဲကြိုးကိုဝင်ရောက်လုယက်ခဲ့ရာ ဆိုင်ရှင်ကပြန်လည်ခုခံသဖြင့် လုယက်သူကဓါးဖြင့်ထိုးခဲ့ခြင်းကြောင့် ဆိုင်ရှင်သည်အခင်းဖြစ်ရာနေရာ၌သေဆုံးခဲ့ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားပြီးနောက် တရားခံထွက်ပြေးလွတ်မြောက်သွားရာ တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးရေးဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 December 2024
▪️ ယနေ့နံနက် ၉နာရီ အချိန်ခန့်က မန္တလေးရှိရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ရွှေတစ်ပိဿာခန့်နှင့် ငွေသားများပါသွားကြောင်း သိရသည်။
▪️ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း၊ ၃၂လမ်းနှင့်၃၃လမ်းကြားတွင် ဖွင့်လှစ်ထားသည့်နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို နံနက် ၉နာရီခန့်က ဆိုင်ရှင်နှင့်ဝန်ထမ်းများ၊ လုံခြုံရေးများက ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် 110 Wave ဆိုင်ကယ် စိမ်း/ဖြူရောင် စီးနင်းလာသော အမျိုးသားနှစ်ဦးက သေနတ်အတိုတစ်လက်၊ အရှည်တစ်လိုက်ကိုင်ဆောင်ရောက်ရှိလာပြီး ဓါးပြတိုက်သွားခြင်းဖြစ်ေကြာင်း သိရသည်။
▪️ ထိုဓားပြတိုက်မှုဖြစ်စဉ်တွင် ကောင်တာအတွင်း ခင်းကျင်းထားသည့် ရွှေတစ်ပိဿာခန့်နှင့် ငွေသိန်းသုံးဆယ်ကျပ်ခန့်အား ယူဆောင်သွားကြောင်း သိရသည်။
▪️ မန္တလေးမြို့တွင်းရှိ ရွှေဆိုင်များ မကြာခဏ ဓားပြတိုက်ခံရမှုများဖြစ်ပွားနေလျှက်ရှိရာ ပြီးခဲ့သည့် ၁၈ရက်ညပိုင်းကလည်း မန္တလေးမြို့ရှိရွှေစင်အကယ်ဒမီရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေချိန် ၄ ပိဿာကျော် လုယက်ခံခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 December 2024
▪️ ယခင်ရပ်နားထားခဲ့သည့် ရန်ကုန်မြို့၏ အထင်ကရပွဲတစ်ခုဖြစ်သော လမ်းမတော်ပွဲစျေးကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပွဲစျေးကို ဒီဇင်ဘာ၂၇ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ လမ်းမတော်ပွဲစျေးကို ကိုဗစ်ကာလမတိုင်ခင်နှစ်များက တန်ဆောင်မုန်းလတွင် ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်ကာလနောက်ပိုင်းတွင် မကျင်းပဖြစ်တော့ဘဲ ယခုနှစ်တွင်ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိသည့်ပွဲတော်များကို ကိုဗစ်ကာလမှစတင်ကာရပ်နားထားခဲ့ပြီး ယခုနှစ်မှစ၍ပြန်လည်ကျင်းပခြင်းဖြစ်ကာ အထင်ကရပွဲတော်များထဲမှတစ်ခုဖြစ်သော ရေကျော်ပွဲစျေးကိုလည်း နိုဝင်ဘာလအတွင်းက ပြန်လည်ကျင်းပခဲ့သည်။
#YMG/SW #Yangon_Times
Page 139 of 1953