လက်ရှိ ၂၀၂၅ ခုနှစ်နှစ်သစ်ကူးရုံးပိတ်ရက်ရှည်အတွက် အဝေးပြေးယာဉ်လိုင်း တွေကိုလုံလောက်စွာပြေးဆွဲပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က သိရပါတယ်။
#Local_News
Published 28 December 2024
#(YRTC) #နှစ်သစ်ကူးရုံးပိတ်ရက်
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ်နှစ်စက နေစတင်ပြီး ပို့ကုန်၊ သွင်းကုန်တွေအပေါ် ဈေးကွက်ငွေလဲနှုန်းနဲ့ အခွန်ပြောင်းလဲကောက်ခံသွားမယ်လို့ အကောက်ခွန်ဦးစီးဌာနက ယမန်နေ့က အသိပေးလာပါတယ်။
#Local_News
Published 28 December 2024
#ပို့ကုန်သွင်းကုန် #အခွန်ပြောင်းလဲကောက်ခံ
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသက ကော်ဖီစိုက်ပျိုးမြေတွေကို လုပ်ကိုင်ခွင့်ရပြီး တဆင့်ပြန်လည်ရောင်းချထားသူတွေအနေနဲ့ ဇန်နဝါရီလ ၁၀ ရက် နောက်ဆုံးထားအခွန်ဆောင်ရမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက အသိပေးကြေညာထားပါတယ်။
#Local_News
Published 28 December 2024
#ကော်ဖီစိုက်ပျိုးမြေ #နောက်ဆုံးထားအခွန်ဆောင်
#YMG/SW #Yangon_Times
#Local_News
Published_28 Dec 2024
▪️ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
▪️ ဒီဇင်ဘာလ ၂၀ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ ကပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်း လိုက်ပါလာသည့် TOYOTA DYNA မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် သံတိုသံစများဖြင့် ဖုံးအုပ် တင်ဆောင်လာသည့် သံသေတ္တာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် စစ်ဆေးဖော်ထုတ်ရာ ယင်းနေ့ညနေ ၆ နာရီအချိန် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ များဖြစ်သည့် နိုင်နိုင်ဝင်း(ခ)ရှက်ဖီး နှင့် တင်ထွန်းနိုင် တို့အား ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း ရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါမူးယစ်ဆေးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ပဲခူးမြို့သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသည်။
▪️ ယခုအခါ ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
#Local_News
Published 28 December 2024
▪️ မြန်မာ့ကလေးငယ် ၆ သန်းခန့်သည် ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃.၅ သန်းခန့်၏ ၃၃ ရာခိုင်နှုန်းကျော်မှာ ကလေးငယ်များဖြစ်ေကြာင်း UNICEF Myanmar မှ သိရသည်။
▪️ ပိုမိုကျယ်ပြန့်လာသည့် ပဋိပက္ခများကြောင့် ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကလေးငယ်များအတွက် စိန်ခေါ်မှုပေါင်းများစွာရှိခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ပဋိပက္ခများ ကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း၊၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်းကြွင်းကျန်များ (ERW)ကြောင့် အနည်းဆုံးကလေး ၂၅၀ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ထိုကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင်အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
▪️ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပညာရေး အစရှိသည့် အရေးကြီးဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်လာခြင်းနှင့် ကျဆင်းလာသည့် စီးပွားရေးအခြေအနေများကြောင့် မြန်မာကလေးများ၏နေ့စဉ်ဘဝသည် ယခင်နှစ်များထက် ပိုမို ဆိုးရွားလာခဲ့ခြင်းကြောင့် UNICEF Myanmar အနေဖြင့် ပြည်တွင်းရှိ ကလေးငယ်များအရေးကို ပိုမို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_28 Dec 2024
▪️ တရုတ်နိုင်ငံသို့ သွားရောက်ရန်အတွက် ဗီဇာကြေး ကာလတိုလျှော့ချထားခြင်းကို အချိန် ထပ်မံတိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။
▪️ တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံသားများ အပြန်အလှန်သွားလာမှု အဆင်ပြေစေရန်အတွက် ပြည်ပအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံး၏ ဗီဇာကြေးလျှော့ချခြင်းအစီအမံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ ထပ်မံတိုးမြှင့်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
▪️ ဗီဇာကြေးများမှာ မြန်မာနိုင်ငံသားများအတွက် ၁ ကြိမ်ပြည်ဝင်ခွင့် အမေရိကန် ၃၇ ဒေါ်လာ ၊ ၂ ကြိမ်ပြည်ဝင်ခွင့် အတွက် အမေရိကန် ၅၆ ဒေါ်လာ ၊ ၆ လအတွင်းအကြိမ်များစွာပြည်ဝင်ခွင့် အမေရိကန်ဒေါ်လာ ၃၀၀၊ ၁ နှစ်အ ထက် အကြိမ်များစွာပြည်ဝင်ခွင့် အမေရိကန် ၄၅၀ ဒေါ်လာ နှင့် အမြန်ကြေးကို အမေရိကန် ၂၅ ဒေါ်လာဖြစ်ကြောင်း သိရသည်။
▪️ မျှတခြင်းဆိုင်ရာအခြေခံသဘောတရားအရ မြန်မာနိုင်ငံရှိအခြားနိုင်ငံသားများအတွက် ဗီဇာကြေးမတူညီကြောင်းနှင့် ဗီဇာထုတ်ယူရန် သံရုံးမှပေးသောပြေစာပေါ်ရှိ ငွေကြေးပမာဏသည်သာ အမှန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Yangon_Times/PP
#Local_News
Published 28 December 2024
▪️ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာ၌ ယမန်နေ့ညသန်းခေါင်ယံအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဒီဇင်ဘာ ၂၇ ရက်နေ့၊ ည ၁၁ နာရီ ၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ Towing vehicle (၁)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ တောင်ဥက္ကလာမြို့နယ်မီးသတ်စခန်းမှ Lifiting vehicle (၁)စီးထွက်ခွာကူညီခဲ့ရာ ယင်းယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာမစိုးရိမ်ရတို့အား သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 136 of 1953