လာမယ့်၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ကလေးငယ်တွေကို ကျောင်းတွင်း အဟာရကျွေးမွေးခြင်းအစီအစဥ်စတင်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 27 December 2024
#အာဟာရတိုက်ကျွေး #ကျောင်းတွင်း
#YMG/SW #Yangon_Times
#Local_News
Published 27 December 2024
▪️ Yangon Pet Fashion Show 2025 ကို ပုံစံနှစ်မျိုးဖြင့် နှစ်ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ Yangon Pet Fashion Show 2025 ကို ဇန်နဝါရီလ ၂၅နှင့်၂၆ရက်များတွင် ကျင်းပမည့် Yangon Pet Expo တွင် အထူးအစီအစဉ်အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ဖက်ရှင်ရှိုးပထမနေ့ ဇန်နဝါရီလ၂၅ရက်တွင် Designers' Day အမည်ဖြင့် ကျင်းပမည်ဖြစ်ပြီး အိမ်မွေးကြောင်များနှင့် ခွေးများအတွက် ကိုယ်တိုင်ချုပ်ထားသည့် pet clothes များကို ဝတ်ဆင်ပေး၍ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဒုတိယနေ့ဇန်နဝါရီလ ၂၆ရက်တွင် Woof and Meow Day ဖြင့်ကျင်းပမည်ဖြစ်ပြီး အိမ်မွေးကြောင်များနှင့် ခွေးများစိတ်ကြိုက်ဆင်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
▪️ ပြိုင်ပွဲ ကျင်းပစဉ် social media မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်လိုပါက ကြိုတင်စာရင်းပေးနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 December 2024
▪️ ၂၀၁၅ ခုနှစ် ဖြစ်ပွားမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းနှင့် တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချကြရမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
▪️ နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မနက် ၉ နာရီတွင် ကျင်းပသည့် National Annual TB Evaluation Meeting (2023) ၌ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ပြောကြားရာတွင် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ ၁၀ ဒသမ ၈ သန်းခန့်သည် တီဘီရောဂါဖြစ်ပွားခဲ့ပြီး တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၂၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းသိရှိရကြောင်း၊ WHO End TB Strategy အရ ၂၀၂၅ ခုနှစ်တွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၂၀၁၅ ခုနှစ်ဖြစ်ပွားမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းနှင့် တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ထို့အပြင် တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ပြည်တွင်း / ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ တီဘီရောဂါမဖြစ် အောင် ကာကွယ်ကုသခြင်း (TB preventive Therapy, TPT) ကို လက်ရှိအခြေအနေထက် ပိုမိုထိရောက်အောင်ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိက ဆေးရုံ / ဆေးခန်းများကိုလည်း တီဘီရောဂါကာကွယ်ကုသမှုများတွင် ယခုထက်ပိုမို ပူးပေါင်းပါဝင်လာအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ၎င်းအပြင် လူတိုင်းလက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရန်နှင့် တီဘီရောဂါတိုက်ဖျက်ရေးရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 26 December 2024
၁။ လာမည့်နှစ်တွင် ဝါဂွမ်းများကို ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်များသို့ တိုးမြှင့်တင်ပို့မည်
၂။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲတော်ကျင်းပနေ
၃။ ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးသုံးသောင်းခန့်ဝင်ရောက်
၄။ ဓာတ်အားလိုင်းများပေါ်တွင်တင်နေသည့် ရေခဲများအား စက်ရုပ်များသုံးပြီး ပထမဆုံးဖယ်ရှား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 December 2024
▪️ ပြည်တွင်း၌ နိုင်ငံခြားကုမ္ပဏီများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်း ၈မျိုးကို ပြည်ပတင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းတွင်ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုရန်အတွက် အမိန်ကြော်ငြာစာအမှတ် ၉၃/၂၀၂၄ကို ထုတ်ပြန်လိုက်ရာ ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိစေရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။
▪️ ပြည်တွင်း၌ နိုင်ငံခြားကုမ္ပဏီများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို တင်ပို့ခွင့်ပြုရာတွင် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသည့် အသား၊ ငါးနှင့် ရေထွက်ကုန်ပစ္စည်းများ၊ တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသည့် ကောက်ပဲသီးနှံများ၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ မျိုးစေ့၊ သန့်စင်ထားသည့် သတ္တုရိုင်းများ၊သစ်သီးဝလံပန်းမန်ကုန်ကြမ်းတို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက်ကုန်ချော သို့မဟုတ် ကုန်ချောပစ္စည်းများ၊ သစ်အခြေခံပရိဘောဂပစ္စည်းများ၊သဘာဝပတ်ဝန်းကျင်အထောက်အကူပြု ကုန်စည်များကို တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပို့ကုန်များတင်ပို့ရန်အတွက် သက်ဆိုင်ရာဌာနများမှ ပို့ကုန်လိုင်စင်လျောက်ထားရယူရမည်ဖြစ်ပြီး ဆန်နှင့် ဆန်ကွဲတင်ပို့ခြင်းအတွက် ပြည်ပမှပြည်တွင်းဘဏ်တစ်ခုခုသို့ကနဦးရင်းနှီးမြုပ်နှုံမှု ထည့်ဝင်ငွေအနည်းဆုံး ဒေါ်လာ သုံးသန်းလွှဲပြောင်းပြီးကြောင်း အထောက်အထားတင်ပြရန်လိုအပ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 December 2024
▪️ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ရှေ့ပြေးလူဦးရေစာရင်းကို ယခု ဒီဇင်ဘာလကုန်၌ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို ၂၀၂၄ခုနှစ် အောက်တိုဘာ၁ရက်နေ့မှစတင်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ကောက်ယူခဲ့သည့်ရှေ့ပြေးလူဦးရေစာရင်းများကို ဒီဇင်ဘာ ၃၁ရက်၌ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
▪️ ထို့ကြောင့် စာရင်းအချက်အလက်များရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန၏ website www.dop.gov.mm တွင်ရယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မန်းရွှေစက်တော်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ၇၅ ကြာကျင်းပသွားမယ်လို့ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ သိရပါတယ်။
#Local_News
Published 26 December 2024
#မန်းရွှေစက်တော် #ဗုဒ္ဓပူဇနိယဘုရားပွဲတော်
#YMG/SW #Yangon_Times
Page 138 of 1953