#Local_News
Published 08 June 2026

■ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး တစ်ဦး‌ေ_သဆုံးခဲ့ကြောင်း သိရသည်။

■ ဇွန် ၈ ရက်နေ့၊ မနက် ၇နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင် မြေပြိုမှုဖြစ်ပွားပြီး နေအိမ်၏ ဝဲဘက်အခန်းပေါ်သို့ ပိမိနေကြောင်းသတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

■ အဆိုပါဖြစ်စဉ်ကြောင့် မ(၁)ဦး(‌ေ-သဆုံး)အား တန့်ယန်းအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့‌‌ ကြောင်းသိရသည်။

#YMG/NN #Yangon_Times