မြန်မာနိုင်ငံရဲ့အကြီးမားဆုံး အိမ်မွေးတိရစ္ဆာန်ဆိုင်ရာပြပွဲကြီး Yangon_Pet_Expo_2025ကို တတိယအကြိမ်အဖြစ်ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 10 December 2024
#အိမ်မွေးတိရစ္ဆာန်ဆိုင်ရာပြပွဲကြီး #Yangon_Pet_Expo_2025
#YMG/SW #Yangon_Times
ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာ မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ရှစ်ခုမှာ နေရာကွက်ပြီး မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့
ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 10 December 2024
#လေဖိအားနည်းရပ်ဝန်း #မိုးရွာနိုင်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA )က နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးနေတဲ့ရွှေပေါက်စျေးကို ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ပြောင်းလဲထုတ်ပြန်ပေးလျှက်ရှိပြီး ဒီလိုပြောင်းလဲထုတ်ပြန်ပေးခြင်းကို အခုလ ၆ရက်က စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 December 2024
#ရွှေလုပ်ငန်းရှင်များအသင်း #ရည်ညွှန်းဈေးသတ်မှတ်
#YMG/SW #Yangon_Times
လာမယ့် ၂၀၂၅ ခုနှစ်မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူ ဦးရေဟာ ၂၀၂၄ခုနှစ်ဖြေဆိုခဲ့သူ ဦးရေထက်တစ်သိန်းကျော်အထိများပြားနေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 10 December 2024
#တက္ကသိုလ်ဝင်စာမေးပွဲ #စာရင်းပေးသွင်းသူများပြား
#YMG/NN #Yangon_Times
#Local_News
Published 10 December 2024
▪️ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများ၏ လုပ်ငန်းလည်ပတ်မှုအတွက် အထူးအသင့်တော်ဆုံး Construction Loan Service ကို CHID Bank တွင် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHDB)အနေဖြင့် ဆောက်လုပ်ရေးဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ရောင်းချပေးလျှက်ရှိသည့် အိမ်ရာအခန်းများဝယ်ယူသူများအတွက် အိမ်ရာချေးငွေထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။
▪️ " အိမ်ရာချေးငွေကတော့ ဒီဘဏ်မှာ Housing saving အကောင့်ဖွင့်ထားပြီး ဝယ်ယူမယ့်အိမ်ရာတန်ဖိုး၃၀ရာခိုင်နှုန်းပြည့်မီသူတွေကို ချေးပေးတာပါ။ လုပ်ငန်းရှင်တွေအတွက်က Construction Loan နဲ့ Tender Loan တွေကို ချေးပေးနေပါတယ်" ဟု CHID Bank မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ လုပ်ငန်းရှင်များအတွက် Construction Loan လျှောက်ထားရန် လိုအပ်ချက်များမှာ ချေးငွေလျှောက်လွှာ၊မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ PP ဓာတ်ပုံ(၂)ပုံ၊ Audited Financial Statement၊ Management Financial Report၊ Cash Flow အခွန်ပြေစာ (၃)နှစ်၊(၆)လအတွင်း ရိုက်ကူးထားသော မြေပုံရာဇဝင် (ပုံစံ ၁၀၅၊ ၁၀၆)၊လုပ်ငန်း/ကုမ္ပဏီနှင့်ပတ်သက်သော စာရွက်စာတမ်းအထောက်အထားများ၊ အာမခံပစ္စည်းဓာတ်ပုံများနှင့် အခြားဆက်စပ်စာရွက်စာတမ်းများ စသော အထောက်အထားများ လိုအပ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 December 2024
▪️ ဟောင်ကောင်တွင် လာမယ့်နှစ်လယ်ပိုင်း၌ကျင်းပမည့် နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ-၂၀၂၅အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ အဆိုပါပြပွဲကိုဟောင်ကောင်မြို့၊ Hong Kong Convention and Exhibition Centre ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီးITE ကုန်စည်ပြပွဲများသည် ဟောင်ကောင်ဒေသအပါအဝင် မဟာပင်လယ်ကွေ့ဒေသ အခြေစိုက် လုပ်ငန်းများ၊ နိုင်ငံတကာမှ လုပ်ငန်းများ ပါဝင်ပြသကြပြီး ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ITE ၌ ပါဝင်ပြသသူ ၅၁၅ ဦး၊ ကုန်သည်များလာရောက်မှု ၇၀၂၃ ဦး နှင့် ပြပွဲလာရောက်သူ ၆ သောင်း ကျော်ရှိခဲ့ကြောင်း၊ ၎င်းပြပွဲကို ၄ ရက်ကြာ ကျင်းပမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်သည်များနှင့် ဝယ်ယူသူများအတွက် ၂ ရက်နှင့် အများပြည်သူအတွက် ၂ ရက်၊ စုစုပေါင်း ၄ ရက် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲအတွက် ပြခန်းငှားရမ်းမှုများနှင့်စပ်လျဉ်းသည့်အသေးစိတ်အချက်အလက်များကို www.itehk.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီးပြခန်းငှားရမ်းခကို ၂၀၂၅ ခုနှစ်၊ ပြခန်းခပေးချေမှု အစောဆုံး ပြုလုပ်သူများအတွက် ၁၅ ရာခိုင်နှုန်း သက်သာမှုရရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ ဟောင်ကောင်ဒေသ နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ - ၂၀၂၅ ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 December 2024
▪️ အိမ်နီးချင်းနိုင်ငံတချို့တွင် ကျောင်းသားလူငယ် အားကစားပွဲတော်များမှ ကမ္ဘာ့လူငယ်စံချိန်သာမက ကမ္ဘာ့စံချိန် တို့ကိုပါ ချိုးနိုင်ခဲ့သည့် လူငယ်လက်ရွေးစင်များ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရသောကြောင့် မြန်မာနိုင်ငံတွင် လည်း လာမည့် နှစ်များတွင် ကျောင်းသားနှင့်လူငယ်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ဝန်ကြီး ဌာနပေါင်း စုံ ပြိုင်ပွဲများအပြင် အဆင့်မြင့်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန် အားကစားပြက္ခဒိန်တွင် ထည့်သွင်းရေးဆွဲပြီး မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင် ဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဌက ပြောသည်။
▪️ ယနေ့ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်း အနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ ယခုအမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစား ပြိုင်ပွဲအတွက် အားကစားနည်း ၂၃ မျိုး၊ ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲအတွက် အားကစားနည်း ၆ မျိုးနှင့် မသန်စွမ်း အားကစားပြိုင်ပွဲ ၄ မျိုးတို့ကို ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
▪️ ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် မေ (၃) ရက်မှ (၁၆) ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၂)နည်းဖြင့်လည်းကောင်း၊ ဒုတိယ အကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ဇန်နဝါရီ (၂၅) ရက်မှ ဖေ ဖော်ဝါရီ (၆) အထိ ရန်ကုန်မြို့၌ အားကစားနည်း(၂၄)နည်းဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ် တွင် ဇန်နဝါရီ (၁၁) ရက်မှ (၂၄) ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၉) နည်းဖြင့် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၂၈) ရက်အထိ နေပြည်တော်၌ အားကစားနည်း (၂၇) နည်းဖြင့်လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
▪️ ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံ တော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမား များနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီး မှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထု တစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားက စားလှုပ်ရှားမှုများတွင် ပါဝင် လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နေပြည်တော်၌ ဝန်ကြီးဌာနအဆင့်အားကစားနည်း(၆)နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)နည်း နှင့် မသန်စွမ်း အားက စားနည်း (၄) နည်း၊ စုစုပေါင်း ၃၃ နည်း တို့ဖြင့် ဒီဇင်ဘာလ အစောပိုင်းမှစတင်၍ နိုင်ငံတော်အဆင့် ကျင်းပ လျက်ရှိကြောင်း၊ မသန်စွမ်းအားကစားနည်းပြိုင်ပွဲများကို ဒီဇင်ဘာလ ၅ ရက်မှ ၈ ရက်ထိ ကျင်းပ ခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအဆင့် အားကစားနည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်းများကို ဆက်လက် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
▪️ ဖွင့်ပွဲအခမ်းအနားအား စတင်ကျင်းပရာ အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးစစ်သည်များက အမျိုးသားအားကစားပွဲတော်အလံနှင့် တိုင်းဒေသကြီး၊ ပြည် နယ် အလံများကို ဝေဟင်ထက်မှ မြေပြင်သို့ ချိတ်ဆွဲ သယ် ဆောင်၍ ကွင်းအတွင်းသို့ ဂုဏ်ပြုဆင်းသက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်အား အလေးပြုကြကြောင်း သိရသည်။
▪️ ယင်းနောက် တေးသံရှင်ထူးအယ်လင်းက “ကျွန်ုပ်တို့ မြန်မာပြည်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့တူရိယာများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ထားသည့် တေးသံသာနှင့်အတူ မီးအလှပြ မှု(Lighting Show) ကို တင်ဆက်ပြ သသည်။ ယင်းနောက် အခမ်းအနားအား အမှတ်စဉ်ရေတွက်၍ ဖွင့်လှစ်ပြီး တစ်ချိန် တည်းတွင် မီးရှူးမီးပန်းများပစ်ဖောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီး ဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်း ဖြင့် သရုပ်ဖော်တင်ဆက်ကြကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့ တွင် လေးကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခု ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဆယ်နှစ်နီး ပါးအကြာတွင် ပြန်လည် ကျင်းပနိုင်ခြင်းလည်းဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် ထူးချွန်အားကစားသမားတွေ ပေါ်ထွက်ရေးအတွက် လူထုအားကစား Mass Sports အဆင့်မှ Excellent Sports အဆင့်ထိ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိကြောင်းလည်း သိရသည်။
#Yangon_Times/PP
Page 160 of 1954