၇ မေ၊၂၀၂၆

မိမိတို့အစိုးရအဖွဲ့သည်လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားသည်။

မေလ ၆ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့်ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲများတွင် ပြည်သူများသည် သူတို့၏ သဘောဆန္ဒများနှင့် တက်ကြွစွာ စည်းကမ်းတကျ လာရောက်မဲပေးကြရာ ယင်းသည် ရွေးကောက်ပွဲကိုထောက်ခံအားပေးမှုကိုပြသခြင်းဖြစ်သည့်အပြင်  အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက်ကများကို ထောက်ခံမှုပြသခြင်းလည်းဖြစ်ကြောင်းလည်း သမ္မတ  က ဆက်လက်ပြောကြားသည်။ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်  ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်းလည်း သူက ပြောသည်။

ထို့အပြင် နိုင်ငံတော်သမ္မတက ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်နှင့်ပြည်  ထောင်စုအဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်းနှင့် ငွေကျပ် ၂၂၆ ဒသမ၁၀၇ ဘီလီယံ နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့ရကြောင်းလည်း ထည့်သွင်း ပြောကြားးသည်။

 အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်သည်ဖြစ်သဖြင့် အဂတိမှု  များနှင့်ပတ်သက်၍ အရေးယူရသည်များ မဖြစ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများမရှိစေရေး ပြည်  ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ကြပ်မတ် ထိန်းသိမ်းကြရန်လို   ကြောင်းလည်း သတိပေးပြောကြားသည်။

ထို့အပြင် နိုင်ငံတော်သမ္မတက လယ်ယာစီးပွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ MSMEကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေး ကဏ္ဍနှင့် အခြား လိုအပ်သည်များကိုလည်း သူ၏မိန့်ခွန်းတွင် အသေးစိတ်မှာကြားခဲ့သည်။

အစည်းအဝေးသို့ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီး များနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး  ချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။