ငလျင်ဘေးကျရောက်တဲ့ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာတွေကို စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Asia_Industry
Published 06 August 2025
#အာမခံလုပ်သားများအကျိုးခံစားခွင့် #ငလျင်ဘေးအန္တရာယ်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ဇူလိုင်လအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 06 August 2025
#ဆန်နှင့်ဆန်ကွဲ #တရုတ်သို့ဆန်အများဆုံးတင်ပို့
#YMG/NN #Yangon_Times
အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှု တွေကို အခုလနှောင်းပိုင်းမှာ ဒုတိယအဆင့် စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့၊ ဒေသဆိုင်ရာ ရှေး
ဟောင်းသုတေသနနှင့် အနုပညာဌာန (SEAMEO SPAFA )အဖွဲ့က အသိပေးထားပါတယ်။
#Local_News
Published 06 August 2025
#ရှေးဟောင်းအမွေအနှစ် #အင်အားပြင်းငလျင်
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်မှ အမေရိကန်ဒေါ်လာ (၃.၃) သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 06 August 2025
#မဲခေါင်-လန်ချန်း #တရုတ်ပြည်သူ့သမ္မတနိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 06 August 2025
▪️ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
▪️ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ဌာနဖြစ်သည့်အားလျော်စွာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းမူဘောင်ထဲမှ လုပ်ငန်းများကို မြန်ဆန်လွယ်ကူအောင် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ မျှော်မှန်းသက်တမ်းတိုးမြှင့်ရေးတွင် ပြည်သူလူထုစားသုံးသည့် အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
▪️ ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
#YMG/SW #Yangon_Times
#Local_News
Published 06 August 2025
▪️ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Website ကို လွှင့်တင်လိုက်ပြီဖြစ်ရာပြည်သူ့စာကြည့်တိုက်များရှိ စာအုပ်စာစောင်များအား Online မှ တဆင့်ဝင်ရောက်ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်များကို အခြေခံ၍ ပြည်သူများအသိပညာမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်း ပြည်သူ့စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်ကိုဖွင့်လှစ်ကာ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ၊ ယခုအခါပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့် စာကြည့်တိုက်အသုံးပြုသူများအား ပိုမိုလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Digital Library Management System (DLMS) ရေးဆွဲ၍ ပြည်သူ့စာကြည့်တိုက် Website ကို www.publiclibrary.gov.mm လိပ်စာဖြင့် လွှင့်တင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
▪️ လက်ရှိတွင် DLMS စနစ်ကို အသုံးပြု၍ Barcode စနစ်ဖြင့် စာကြည့်တိုက်လုပ်ငန်းများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက် အသုံးပြုသူများအနေဖြင့် အဆိုပါ Website မှတစ်ဆင့် Online Public Access Catalogue (OPAC)ဖြင့် ပြည်သူ့စာကြည့်တိုက်များရှိ စာအုပ်စာစောင်များအား Online မှ ဝင်ရောက်ရှာဖွေနိုင်ခြင်း၊ နေ့စဉ်ထုတ်သတင်းစာများအား ဝင်ရောက်ဖတ်ရှုနိုင်ခြင်း၊ e-Resources များ ဝင်ရောက်ဖတ်ရှုနိုင်ခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်ေကြာင်း သိရသည်။
▪️ အဆိုပါDLMS စနစ်ကိုပြည်သူ့စာကြည့်တိုက် ၄၀၀ ကျော်အနက် စာကြည့်တိုက်ပေါင်း ၁၅၈ တိုက်တွင် အသုံးပြု၍ ပြည်သူများအား စာကြည့်တိုက်ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူ့စာကြည့် တိုက်များအားလုံးတွင် DLMS စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ေကြာင်း ၊ပြည်သူ့စာကြည့်တိုက်များတွင် လစဉ်သုတ/ရသ စာအုပ်များ၊ အပျော်ဖတ်ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် နေ့စဉ်ထုတ်သတင်းစာများ ဝယ်ယူဖြည့်ဆည်းထားရှိပြီး ပြည်သူများ အခမဲ့ဖတ်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 06 August 2025
▪️ ယမန်နေ့သြဂုတ်လ ၅ ရက် ညနေ ၅ နာရီ မိနစ် ၂၀ခန့်က မြန်မာပလာဇာ ကားပါကင်တွင် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
▪️ “မပိုပိုအိန္ဒြာချစ်နှင့် မောင်ဝေယံမိုးအောင်တို့၏ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေး အသက် ၅၉ နှစ် သည် ၅. ၈. ၂၀၂၅ (အင်္ဂါနေ့) ညနေ ၅ နာရီ ၂၀ ဝန်းကျင်ခန့် Myanmar Plaza ကားပါကင်တွင်အမျိုးသားနှစ်ဦးမှ ဓားဖြင့်လုပ်ကြံသတ်ခံရသောကြောင့် သွေးထွက်လွန်ကာ ဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားပါကြောင်း ညိုးငယ်စွာ အသိပေးအပ်ပါသည်။
▪️ နာရေးကိစ္စနှင့် ပတ်သက်သော အသေးစိတ်အကြောင်းအရာများ မိသားစုနှင့် တိုင်ပင်ပြီးပါက ပြန်လည်အသိပေးသွားပါမည်။
▪️ လက်ရှိတွင်မေးမြန်းစုံစမ်းခြင်းများ သည်းခံပေးခြင်းဖြင့် ကူညီပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ ကျန်ရစ်သူမိသားစု” ဟု Tee Tee အမည်ရှိ
အကောင့်ပိုင်ရှင်က ရေးသားထားခြင်းဖြစ်သည်။
▪️ ထိုဖြစ်စဉ်မှာ မြန်မာပလာဇာကားပါကင် B2တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားထိုးခံရသူ၏ပစ္စည်းများ ပါရှိသွားခြင်းမရှိကြောင်းလည်း သိရသည်။
▪️ ယခင်ကလည်း မြန်မာပလာဇာကားပါကင်တွင် တိုက်ခိုက်၊လုယက်မှုဆန်သောဖြစ်စဉ်များဖြစ်ပွားခဲ့ဖူးကြောင်း၎င်းတို့ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များကို အသိပေးကာလူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့်ယခုအကြောင်းအရာကို ဝေမျှသူတချို့လည်း တွေ့ရသည်။
▪️ လက်ရှိကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာပလာဇာဘက်မှ မည်သည့် သတင်းထုတ်ပြန်ချက်ကိုမှ ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆက်သွယ်မေးမြန်းမှုများကိုလည်း လက်ခံဖြေကြားခြင်းမရှိပေ။
#YMG/SW #Yangon_Times
Page 165 of 2239