အခုဘဏ္ဍာနှစ်အတွင်း ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော်ကို နိုင်ငံတစ်ဝန်းက မြစ်ချောင်းအင်းအိုင်တွေကို မျိုးစိုက်ထည့်ဖို့ လျာထားဆောင်ရွက်နေတယ်လို့ ငါးလုပ်ငန်း ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 31 May 2025
#မြစ်ချောင်းအင်းအိုင် #ငါးသားပေါက်သိန်း၃၈၀
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့အပတ်က ပြန်လည်မြင့်တက်လာတဲ့ ရန်ကုန်အထိုင်စက်သုံးဆီဈေးနှုန်းတွေဟာ အခုတစ်ပတ်မှာတော့ တစ်လီတာကို ၁၅ကျပ်ကနေ ၄၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 31 May 2025
#စက်သုံးဆီအားလုံးဈေးကျ #စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှ အေးခဲအသားအပါအဝင် တိရစ္ဆာန်အသား (အမဲသား)များ တရုတ်နိုင်ငံသို့တင်ပို့ခွင့် ရရှိရေးအတွက် ဆွေးနွေးလျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 31 May 2025
#အေးခဲအသား #တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိရေး
#YMG/SW #Yangon_Times
တရုတ်နိုင်ငံသို့ ဆန်/ ဆန်ကွဲ တင်ပို့မယ့် ပြည်တွင်းက ကုမ္ပဏီတွေကိုနှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 31 May 2025
#ဆန်/ ဆန်ကွဲတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်
#YMG/SW #Yangon_Times
#Local_News
Published 31 May 2025
▪️ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ထိုင်းနိုင်ငံရှိ အမြန်လမ်းမိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများတစ်ဦးလျင် ထိုင်းဘတ်ငွေ (၁) သန်းစီလျော်ကြေးရရှိခဲ့ကြောင်းဗန်ကောက်မြို့၊ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
▪️ ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ ၂၁ မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှု ကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး ထိခိုက်သေဆုံးခဲ့ရာ စေတနာနစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အစီအစဉ်ဖြင့် ထိုင်းဘက်သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမားသံအရာရှိ၊ မြန်မာသံရုံး မိတ်ဆွေအဖွဲ့များအကြား ညှိနှိုင်းမှုပြုနိုင်ခဲ့ကြောင်း၊မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ နစ်နာမှုအတွက် စေတနာကြေးငွေများကို သေဆုံးသူ မိသားစုဝင်များထံ မှန်မှန်ကန်ကန်ရရှိ ခံစားနိုင်စေရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရှိမှတစ်ဆင့် မြန်မာဘက်သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများ အကူအညီရယူလျက် အဆိုပါမိသားစုဝင်များသို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
▪️ ထိုသို့ဆောင်ရွက်ချက်အရ မေလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ထိုင်း UDONSAK CHIANGMAI Co., Ltd ဘက်မှ လူသားချင်းစာနာထောက်ထားမှုအရ သေဆုံးနစ်နာမှု စေတနာကြေးငွေ တစ်ဦးလျင် ထိုင်းဘတ်ငွေ (၁) သန်းစီဖြင့် စုစုပေါင်းထိုင်းဘတ်ငွေ (၄) သန်း ကို မြန်မာသံရုံး၊ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ထိုင်း UDONSAK CHIANGMAI Co., Ltd တာဝန်ရှိသူများမှ သေဆုံးသူ အလုပ်သမားများ၏ မိသားစုဝင် (၄) ဦးထံသို့ လက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 30 May 2025
၁။ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်အဆောက်အအုံများအားလုံး ရှင်းလင်းပြီးစီး
၂။ ရန်ကုန်သို့ CMP အထည်ချုပ်လုပ်ငန်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်လာ
၃။ အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအလွန်ကြီးမည်
၄။ ဟားဗတ်တက္ကသိုလ်နှင့် ဒေါ်လာသန်းတစ်ရာတန်ကြေးရှိ စာချုပ်များအား ထရမ့်အစိုးရဖျက်သိမ်းရန်ကြိုးပမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံအဝှမ်းက သမဝါယမအသင်းသား မိုးစပါးစိုက်တောင်သူတွေအတွက် မျိုးနဲ့ သွင်းအားစုတွေကို ထောက်ပံ့ပေးသွားမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 30 May 2025
#ထောက်ပံ့ပေး #မိုးစပါးစိုက်ပျိုးရန်
#YMG/NN #Yangon_Times
Page 167 of 2164