အခုဩဂုတ်လကစတင်ပြီး ထိုင်းနိုင်ငံကို MoU U-turm (အမ်အိုယူ ယူ-တမ်း) စနစ်နဲ့သွားမယ့် မြန်မာလုပ်သားတွေ အနေနဲ့ ဘတ် ၆,၀၀၀ မိသားစုထံ လွှဲပို့ထားတဲ့ အထောက်အထားပြသရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 3 August 2024
#မိသားစုထံလွှဲပို့ငွေ #အထောက်အထားပြရ
#YMG/NN #Yangon_Times
ပဲခူးမြစ်ရေလျှံတာကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့တဲ့ ပဲခူးဘူတာဝင်းအတွင်းရေ ပြန်လည်ကျဆင်းပြီဖြစ်တာကြောင့် ဩဂုတ်လ (၃)ရက် ယနေ့က စတင်ပြီး ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ် တွေ ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 3 August 2024
#ပဲခူးဘူတာရေပြန်ကျ #ခရီးစဉ်များပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
စက်သုံးဆီခက်ခဲချိန် ရန်ကုန်-နေပြည် တော်သွားဖို့ ဆီကားကို စင်းလုံးငှားရမ်းပါက အသွားအပြန်(၅) သိန်းကျော်ကုန်ကျနိုင်သော်လည်း EVတက်စီ စင်းလုံးငှားယာဉ်နဲ့ဆိုရင် အသွားအပြန် (၂)သိန်းခွဲခန့်သာကုန်ကျနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 3 August 2024
#EVကား #စီးသူပိုများလာ
#YMG/tthl #Yangon_Times
#Local_News
Published 3 August 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့နှင့် ရေဆင်းတန်ဆောင်းကမ်းနားလမ်းတွင် မြစ်ရေမြင့်တက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ်၃ ရက်နေ့တွင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့နှင့် ရေဆင်းတန်ဆောင်းကမ်းနားလမ်းတွင် မြစ်ရေမြင့်တက်လာမှုကြောင့် လမ်းမပေါ်သို့ ရေများဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် ရေကျော်လွန်မှုမရှိစေရေးအတွက် ပုသိမ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဲအိတ်များဖြင့် တာတမံပြုလုပ်၍ ရေတားခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 2 August 2024
၁။ ကမ္ဘာ့ရွှေဈေး တစ်ရက်တည်းနှင့်(၃၅)ဒေါ်လာတက်၊ YGEA ရွှေဈေးပါ(၇)သောင်းကျော်တက်လာ
၂။ စားသုံးဆီ၊ ဆေးဝါးနှင့် ဓာတ်မြေသြဇာတင်သွင်းသည့် ကုမ္ပဏီများကို ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းကိုဗဟိုဘဏ်ရောင်းချပေး
၃။ တောင်ငူမြို့၌ မြစ်ရေစိုးရိမ်ရေအမှတ်အထက်တက်နိုင်
၄။ ပဲရစ်အိုလံပစ်အားကစားပွဲကျင်းပနေချိန်တွင် ရှေးဟောင်းအိုလံပီယာအမွေအနှစ်နေရာ၌ ခရီးသွားဧည့်သည်များပြားလာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တိုင်းနဲ့ပြည်နယ်အလိုက် စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာပြီး ရန်ကုန်မှာတော့ ဓာတ်ဆီနဲ့ဒီဇယ်တစ်လီတာကို ၁၅၀ကျပ်ဝန်းကျင်အထိမြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 2 August 2024
#ဓာတ်ဆီနှင့်ဒီဇယ် #စက်သုံးဆီဈေးနှုန်းမြင့်တက်
#YMG/NN #Yangon_Times
ဩဂုတ်၂ရက်မနက်အစောပိုင်းမှာ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ သံကူကွန်ကရစ်တံတားတစ်စင်း မို-င်းခွဲခံရတာကြောင့်လမ်း ယာယီပိတ်ပြီးနောက် နေ့ချင်းပြီး မြေဖို့
စမ်းသပ်ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 2 August 2024
#ရန်ကုန်-မော်လမြိုင် #တံတားတစ်စင်းမို-င်းခွဲခံရ
#YMG/NN #Yangon_Times
Page 169 of 1835