ဈေးကွက်အတွင်းရောင်းချနေတဲ့ အမှတ်တံဆိပ်ပါ စားဆီဗူးတွေမှာ သက်ဆိုင်ရာဌာနရဲ့ ထောက်ခံချက်အမှတ် ပါဝင်ဖို့လိုအပ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 23 January 2025
#အမှတ်တံဆိပ်ပါဗူးသွပ်ဆီ #ထောက်ခံချက်
#YMG/SW #Yangon_Times
ရန်ကုန်မြို့က ပင်စင်စားဝန်ထမ်းတွေကို လစဉ်စားအုန်းဆီပိဿာချိန်၈သောင်း ကနေ တစ်သိန်းအကြား လစဉ်ရောင်းချပေးဖို့ မျှော်မှန်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 23 January 2025
#စားအုန်းဆီလစဉ်ရောင်းချပေး #ပင်စင်စား
#YMG/NN #Yangon_Times
SME နှစ်ဆင့်ချေးငွေစီမံကိန်းမှတဆင့် SME လုပ်ငန်းရှင် ၁၉၃၆ ဦးကို ချေးငွေကျပ် ၃၈၇ ဒသမ ၅၄၃ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်တယ်လို့ SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 23 January 2025
#SMEနှစ်ဆင့်ချေးငွေ #ဘဏ်ချေးငွေ
#YMG/SW #Yangon_Times
မြန်မာ့သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ ယူနက်စကိုတင်သွင်းဖို့အထောက်အကူ ဖြစ်စေတဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့"သွေးချင်းစုံလင် သနပ်ခါးသဘင် သရုပ်ဖေါ် ပြိုင်ပွဲ"ကို ရန်ကုန်မြို့တွင် လာမယ့်ဖေဖော်ဝါရီ ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့မှာ
ကျင်းပသွားမယ်လို့ မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 23 January 2025
#သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ #ယူနက်စကို
#YMG/NN #Yangon_Times
#Local_News
Published 23 January 2025
▪️ ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၃)ကြိမ်မြောက် မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ကို ယမာန် နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက သုတေသန စာတမ်း စုစုပေါင်း(၁၀)စောင်ကို ဖတ်ကြားတင်ပြခဲ့ကြ ကြောင်း သိရသည်။
▪️ မနက်ပိုင်းတွင် သုတေသနစာတမ်းများကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်နှင့် သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တို့မှ ကထိကများ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ သားဖွား/ မီးယပ် အထူးကုဆရာဝန်၊ တပ်မတော်ဆေးတက္ကသိုလ်၊ အထွေထွေသမားတော်နှင့် ဘွဲ့လွန်သင်တန်းသူများ၊ ဆေးသု တေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် သုတေသနမှူးများက ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက် လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြသည်။
▪️ မွန်းလွဲပိုင်းတွင် လူမှုဘဝနေထိုင်မှုနှင့် အစာအာဟာရစားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့် အတူ မကူးစက်တတ်သော ရောဂါများဖြစ်ပွားမှုတိုးတက်များပြားလာသောကြောင့် ယင်းအပြုအမူများကို ဖော်ထုတ် ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝတိုးတက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးပြဿနာ ဖြစ်စေ နိုင်သည့် အချက်အလက်များဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန် ဆောင်ရွက်ခြင်း - Promoting a Healthy Lifestyle and Addressing Health Risk Behaviors” ပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့သည်။
▪️ အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာရဲတင့်လွင် က “အထိုင်လျော့ပါ၊ များများလှုပ်ရှားပါ- လေ့ကျင့်ခန်းသည်ဆေးဖြစ်သည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသီတာဝင်းက “မြန်မာနိုင်ငံအတွင်း ဆေးရွက်ကြီး ထိန်းချုပ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသ ရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးက “လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် HIV ရောဂါကို ကာကွယ်ခြင်းဖြင့် ကျန်းမာရေးကိုထိန်းသိမ်းခြင်း” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်(၂)(ရန်ကုန်)၊ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးကျော်သူက “ကျန်းမာရေး ထိခိုက်စေသောအပြုအမူများကို ဖြေရှင်းနိုင်သော လူနေမှုပုံစံများအား စိတ်ကျန်းမာရှုထောင့်မှတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြေးမုံထွေးက “အာဟာရသည် ကလေးဘဝမှ အသက်အရွယ်ကြီးသူများအထိ ကျန်းမာရေးကို မည်ကဲ့သို့ထောက်ပံ့ပေးပြီး အန္တရာယ်ရှိသော အပြုအမူများကိုမည်ကဲ့သို့ကာကွယ်ပေးခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားတင်သွင်း ခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 January 2025
▪️ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်အဖြစ်လျှောက်ထားခြင်းလုပ်ငန်းစဥ်များ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အစည်းအရုံးကတရားဝင်ထုတ်ပြန်ထားသည်။
▪️ ထိုသို့ ရပ်နားထားခြင်းကို ယခုလ ၂၇ရက်တွင်စတင်သွားမည်ဖြစ်ရာ အသင်းဝင်အသစ်အဖြစ်လျှောက်ထားခြင်းကိုသာ ခေတ္တရပ်ဆိုင်းခြင်းဖြစ်ပြီး မုလအသင်းဝင်များ သက်တမ်းတိုးခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောက်း သိရသည်။
▪️ အသင်းဝင်သစ် လျှောက်လွှာလက်ခံခြင်းကို ဖေဖော်ဝါရီလ ဒုတိယပတ်တွင်ပြန်လည်စတင်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အသင်းဝင် ရုပ်ရှင်လောပသားများအတွက် ၁၆ကြိမ်မြောက် ဆန်၊ဆီနှင့် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း ခြင်းကို ယခုလ၂၂ရက်မှ ၂၅ရက်အထိ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 January 2025
▪️ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယနေ့မနက်အစောပိုင်း၌ ကုန်စုံဈေးဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ ဇန်နဝါရီ ၂၃ ရက်နေ့၊ မနက်၆နာရီ ၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ စုပြည့်ရတနာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ (၇၀)နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၂၃ မိနစ်အချိန် ၌ မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ၂၈ မိနစ်အချိန်၌ မီးငြိမ်းခဲ့ ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် မီးစတင်လောင်ခဲ့သည့် ကုန်စုံဆိုင်မှာပျက်စီးဆုံးရှုံးခဲ့ပြီး အသေးစိတ်အချက်များအားဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 175 of 2022