မော်တင်စွန်း ဘုရားပွဲတော်ကာလဖြစ်တာကြောင့် ခရု၊ ကမာလက်မှုထည်လက်ဆောင်ပစ္စည်းတွေ အရောင်းသွက်နေတယ်လို့ လက်ဆောင်ပစ္စည်း
ရောင်းချနေသူတွေဆီက သိရပါတယ်။
#Local_News
Published 11 March 2025
#မော်တင်စွန်းပွဲတော် #ခရု၊ကမာလက်မှုထည်
#YMG/NN #Yangon_Times
တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွက် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားခရီးစဥ်တွေကို ဒီကနေ့ကနေ စတင်ပြေးဆွဲပေးနေပြီလို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 11 March 2025
#ရန်ကုန်-မော်လမြိုင် #အထူးရထားခရီးစဥ်
#YMG/NN #Yangon_Times
ပြင်ဦးလွင်ကော်ဖီဇုန်မှာ ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ရသူတွေအနေနဲ့ကော်ဖီစိုက်ပျိုးမှုကို တိုးတက်အောင် လုပ်ဆောင်ခြင်းမပြုဘဲ ဟန်ပြဆောင်ရွက်တာကို စစ်ဆေးတွေ့ရှိခဲ့ရင် လုပ်ကိုင်ခွင့် ရုပ်သိမ်းသွားမယ်လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောပါတယ်။
#Local_News
Published 11 March 2025
#ပြင်ဦးလွင်ကော်ဖီဇုန် #ခွင့်ပြုကော်ဖီစိုက်ပျိုးမြေ
#YMG/SW #Yangon_Times
#Local_News
Published 11 March 2025
▪️ ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့၊ကေတုမတီမြို့သစ်၊သီတဂူကေတုမတီအာယုဒါနဆေးရုံတော်၌ ဆဋ္ဌမအကြိမ်မြောက် သီတဂူစက္ခုဒါန အလှူတော်ရဲ့ ဒုတိယနေ့ဖြစ်သည့် မတ်လ ၁၀ ရက်နေ့တွင် မျက်စိဝေဒနာရှင် ၁၃၃ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် တတိယရက်မတ်လ ၁၁ ရက်နေ့တွင် ခွဲစိတ်ကုသပြီးစီးသော လူနာများကို မျက်စိသန့်ရှင်းခြင်း အမြင်အာရုံများ ပြန်လည်စမ်းသပ်၍ ဆရာဝန်ကြီးက ကြည်ရှုစစ်ဆေးခြင်း ထို့နောက်လိုက်နာရမည့်နည်းလမ်းများ ရှောင်ကြည့်ရမည်စည်းကမ်းများကို စနစ်တကျ မှာကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ၎င်းအပြင် ယနေ့မှစတင်၍ မတ်လ ၁၄ ရက်အထိလက်ကျန်အားလုံးတို့၌လည်း မျက်စိဝေဒနာရှင် လူနာသစ်များကို စာရင်းလက်ခံခြင်း၊ လိုအပ်သော ကုသမှုများ စီမံဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 March 2025
▪️ ယခုမတ်လ (၂၀)ရက်မှစတင်၍ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
▪️ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြ ည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသော စက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ် ထုတ် ပေးရေးစင်တာများ တစ်နေရာတည်းပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ်သမားစာချုပ်ချုပ်ဆိုသည့်နေရာများ တစ်စုတစည်းတည်းဖြစ်အောင် ပြင်ဆင်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကြောင့် OWIC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် OWIC ကတ်အသစ် ပြုလုပ်လိုသူများအား မတ်လ (၂၀)ရက် နေ့မှစတင်၍ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားသည့်အတည်ပြုပြီး အလုပ်ခေါ်စာများ (တင်ပြရက်စွဲအစဉ်အလိုက်)အရ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရရှိပြီးသူများအားလည်းကောင်း၊ မိမိအစီအစဉ်(ကျွမ်းကျင်)ဖြင့် သွားရောက်မည့်သူများအားလည်းကောင်း စိစစ်ပြီး OWIC ကတ်ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် OWIC ကတ်ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ်ဝယ်ယူခြင်းကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 March 2025
▪️ ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိဆိုင်းကြိုးများတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ဧပြီလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
▪️ သံမဏိ ဆိုင်းကြိုးများတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ဧပြီလတွင် ဒလဘက် အခြမ်း၌ ဆိုင်းကြိုး ၁၃ နှင့် ရန်ကုန်ဘက်အခြမ်း၌ ဆိုင်းကြိုး ၁၂ တပ်ဆင်ပြီးစီးမည်ဖြစ်၍ ရေလမ်းကင်းလွတ်အကျယ် ၁၃၃ မီတာသာ ကျန်ရှိတော့မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့်သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်းဆိုင်းကြိုး ၁၂/၁၃ မှ ဆိုင်းကြိုး ၂၀ အထိလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း တံတားအောက်မှဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ ရေလမ်း ကင်းလွတ်အမြင့်သည် ရေထရက်ရေအမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀.၈ မီတာရှိပြီး မြေပြင်တိုင်းတာတွေ့ရှိချက်များအရ ၄၃.၁၃ မီတာရှိသောကြောင့် ဧပြီလမှစတင်ပြီး တံတားအောက်မှခုတ်မောင်းဖြတ်သန်းရမည့် ရေယာဉ်များ၏ Air Draft သည် ၄၁ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက Round Turn Arichorage (RTA)တွင် ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိစောင့်ဆိုင်းဖြတ်သန်းခြင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကို ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားချက်အရ သိရသည်။
▪️ ကိုရီးယား- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားသည် ခေတ်မီလှပသော ဒီဇိုင်းဖြင့် ပုံစံထုတ် တည်ဆောက်ထားပြီး မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး တံတားများအနက် ရေလမ်းကင်းလွတ် အမြင့်အများဆုံး ကြိုးဆိုင်းတံတား တစ်စင်းဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် မော်တော်ယာဉ်များ၏ ဆူညံသံများ အနှောင့်အယှက် မဖြစ်စေရေး အသံထိန်းနံရံများကို တံတားတစ်ဖက်တစ်ချက်တွင်တပ်ဆင်ထားသည့်အပြင် တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေး အဆောက်အအုံတစ်ခု၊ တံတားအသုံးပြုခ ကောက်ခံရေး စခန်း (Toll Plaza)နှင့်တန်ပိုယာဉ်များ ထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တို့ကိုလည်း ထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 March 2025
▪️ ကလေးများအတွက် နွေရာသီကျောင်းပိတ်ရက် စတင်သည့်ကာလအထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်တွင် Children Party ကို လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းများနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေအနားယူချင်လို့ပဲဖြစ်ဖြစ်၊ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လည်ပတ်ချင်တယ်ဆိုရင်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ အရောက်လှမ်းခဲ့ပြီး Children Party Event ကို လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ် " ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှ ဖိတ်ခေါ်ထားသည်။
▪️ "Children Party" ကို မတ်လ ၁၃ ရက်မှ ၁၆ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ကလေးများအကြိုက် Kid's talent show ၊Megic Show၊ Game activity အပြင် စိတ်၀င်စားဖွယ်ရာ Entertainment များစွာပါ၀င်မည်ဖြစ်ကာ မိဘများအတွက် လူသုံးကုန်ပစ္စည်းအစုံအလင်ရောင်းချပေးမည့်စျေးရောင်းပွဲတော်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 179 of 2081