#Local_News
Published 16 January 2025
▪️ EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)စာမေးပွဲများ ဖေဖော်ဝါရီလတွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်အရ ဖြေဆိုမည့်ဦးရေ ၃၇၉၅၇ ဦးရှိပြီး စာမေးပွဲများကို ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦးရေ ၄၈၀၀၀ တွင် စာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။
▪️ ထိုစာတွေ့အောင်မြင်သူဦးရေ ၅၅၄၀အနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test)ကို ဖြေဆိုခဲ့ပြီး ၅၃၇၇ ဦး အောင်မြင်ကာ ၁၆၃ ဦး ကျရှုံးခဲ့ကြောင်း သိရသည်။
▪️ EPS-TOPIK နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာများစတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) ကြီးမှူးကျင်းပမယ့် ထိုင်းကုန်သွယ်မှုပြပွဲကို တက်ရောက်မယ့် မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ ပြခန်းအခမဲ့ရရှိမှာဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
#Local_News
Published 16 January 2025
#ထိုင်းကုန်သွယ်မှုပြပွဲ #ပြခန်းအခမဲ့ရရှိ
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ကိုးလတာအတွင်း မြန်မာ့ရေထွက်ကုန်တန်ချိန်လေးသိန်းကျော်ကို နိုင်ငံပေါင်း၃၀ကျော်သို့တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 16 January 2025
#မြန်မာ့ရေထွက်ကုန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း ၁၇၀ ကျော်ကို အသေးစားငွေရေး၊ ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားပြီး ၎င်းကုမ္ပဏီတွေကနေ အသင်းဝင်သုံးသန်းကျော်ကိုငွေကျပ်သန်း၂၀၀၀ ကျော်အထိ ထုတ်ချေးပေးထားတယ်လို့ သိရပါတယ်။
#Local_News
Published 16 January 2025
#ပြည်တွင်း၊ပြည်ပကုမ္ပဏီ #အသေးစားငွေရေး၊ကြေးရေးလုပ်ငန်း
#YMG/NN #Yangon_Times
အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ရဲ့ လည်ပတ်ဖို့ ကျန်ရှိနေတဲ့ အဓိကစက်ရုံအလုပ်ရုံသုံးရုံကို ရုရှားနိုင်ငံက နည်းပညာအကူအညီနဲ့ လည်ပတ်သွားဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 16 January 2025
#အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) #ရုရှားနည်းပညာ
#YMG/SW #Yangon_Times
#Local_News
Published 16 January 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်အမေရိကန် ဒေါ်လာ၂၅သန်းကျော်နှင့် တရုတ်ယွမ်သုံးသိန်းကျော်ကို ယမန်နေ့က ထပ်မံထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ငွေလဲနှုန်း ၃၅၉၂ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၂၅.၃ သန်းကျော်ကို ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် တရုတ်ယွမ် ၃၆၉၂၂၁.၆ ကိုလည်း ငွေလဲနှုန်း ၅၃၉.၆ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ ထို့အတူ ၎င်းရက်တစ်ရက်တည်းတွင်ပင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ဒေါ်လာသန်း ၄၄.၃ သန်းကျော်၊ တရုတ်ယွမ် ၁၆.၅ သန်းကျော်နှင့် ထိုင်းဘတ် ၃၇.၂ သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 January 2025
▪️ ကိုရီးယားသမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo Won-shik မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက်အာဆီယံအဖွဲ့ဝင်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီးဦးသန့်စင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Wooက၂၀၂၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယားဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးကိုတည်ထောင်ခဲ့ပြီးဖြစ်သဖြင့် အစိုးရများအကြားတွင်သာမက လွှတ်တော်များအကြားတွင်လည်းပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်လုပ်ဆောင်သွားလိုပါကြောင်း၊ အာဆီယံနှင့်ဆွေးနွေးဘက်ဆက်ဆံရေးကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိကုန်သွယ်မှုသည် (၂၃) ဆနှင့် လူအချင်းချင်းထိတွေ့ဆက်ဆံမှုသည် (၃၇) ဆ မြင့်တက်လာခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအတွက် ဆိုးလ်မြို့အခြစိုက်သံရုံးများအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ခိုင်မာကြံ့ခိုင်သောဒီမိုကရေစီကိုယုံကြည်ပေးပါရန်နှင့် စိုးရိမ်ကြောင့်ကြမှုများမဖြစ်ပေါ်စေရန် ပြောကြားလိုပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏လေယာဉ်ပျက်ကျခဲ့မှုအပေါ် သက်ဆိုင်ရာနိုင်ငံများမှ ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် အာဆီယံ၏ သံခင်းတမန်ခင်းကိုအခြေတည်သောရပ်တည်ချက်များကိုထိန်းသိမ်းလျက် အာဆီယံမှ ဖော်ဆောင်ထားသည့် လုပ်ငန်းစဉ်များတွင် ဆက်လက်တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
▪️ ထို့နောက် သံအမတ်ကြီးဦးသန့်စင်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြားအနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောထားအမြင်များဖလှယ်နိုင်ရန် ယခုကဲ့သို့ နှစ်စဉ်တွေ့ဆုံခွင့်ရရှိနိုင်ရေးစီစဉ်ဆောင်ရွက်ပေးမှုသည် ကောင်းမွန်သည့်အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော်များသည် လွှတ်တော်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုအာဆီယံလွှတ်တော်များညီလာခံ(AIPA)အောက်တွင် တက်ကြွစွာဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်နှင့်လည်းတရားဝင်ဆွေးနွေးမှုများကို ၁၉၇၉ ခုနှစ်မှစတင်ခဲ့ပြီးအပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ပါ ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့ သည်မှာယခုနှစ်တွင် နှစ် (၅၀) ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်နှစ် (၅၀) အတွင်းနှစ်နိုင်ငံအကြားစီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်သာမကယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင်ပါ ခိုင်မာသောဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့များကိုမြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်တိုက်တွန်းလိုပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကိုကြံ့ကြံ့ခိုင်နိုင်မှုနှင့် ကောင်းမွန်သောဒီမိုကရေစီတန်ဖိုးများဖြင့် အောင်မြင်စွာကျော်လွှားသွားနိုင်မည်ဟုယုံကြည်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 183 of 2022