ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာအသိပေးထားပါတယ်။
#Local_News
Published 13 January 2025
#ကချင်နှင့်စစ်ကိုင်းမိုးရွာနိုင် #မိုးဇလအသိပေး
#YMG/NN #Yangon_Times
နေရေးအခက်အခဲရှိသူတွေကို ယခုနှစ်အတွင်းမှာလည်း သုခဒဂုံပြည်သူ့အငှားအိမ်ရာမှအခန်းတွေကို ထပ်မံငှားရမ်းပေးဖို့ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 13 January 2025
#သုခဒဂုံပြည်သူ့အငှားအိမ်ရာ #နေရေးအခက်အခဲရှိသူ
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ပြည်တွင်း၊ ပြည်ပခရီးသွား ၅ သိန်းကျော်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲကသိရပါတယ်။
#Local_News
Published 13 January 2025
#ပုဂံဒေသ #ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွန်းဈေးကို ထုတ်ပြန်ရာမှာ တစ်ပိဿာကို ကျပ် ၇၂၈၀ဖြစ်တယ်လို့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 13 January 2025
#စားအုန်းဆီရည်ညွန်းစျေး #စားအုန်းဆီစျေးတည်ငြိမ်နေ
#YMG/SW #Yangon_Times
#Local_News
Published 13 January 2025
▪️ ယခုဘဏ္ဍာနှစ်ကိုးလတာအတွင်းပြည်ပနိုင်ငံများသို့ ပျားရည်တန်ချိန်(၁၁၀၀) ကျော်တင်ပို့ထားပြီး ဂျပန်သို့အများဆုံးတင်ပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၁ဒသမ၇၀၄ သန်းကျော် တန်ဖိုးရှိသည့် ပျားရည်မက်ထရစ်တန်ချိန် (၁၁၀၀)ကျော် တင်ပို့နိုင်ခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့သို့ ပုံမှန်တင်ပို့လျက်ရှိကာ ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့ ကြောင်း သိရသည်။
▪️ ပျားရည်ကိုပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပ နိုင်ငံများသို့လည်းတင်ပို့နေပြီးယင်းသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ အများဆုံးတင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 January 2025
▪️ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သီတဂူကေတုမတီအာယုဒါနဆေးရုံတော်၌ မျက်စိအလင်းအလှူတော် (၁၀၀၀၀)တစ်သောင်းပြည့်မြောက်သည်အထိ ခွဲစိတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
▪️ ကျေးဇူးတော်ရှင်သီတဂူဆရာတော်ကြီး၏ဦးဆောင်လမ်းညွန်မှု၊ ရွှေရတုတိပ်ဋကဓရဆရာတော်ကြီးဦးဆောင်သော သာသနာပြုအဖွဲ့ကြီး၏ကူညီဆောင်ရွက်မှု၊ သီတဂူဒေါက်တာအရှင်တိက္ခသာရနှင့်အတူ အမြဲမပျက်ကုသိုလ်အရပ်ရပ်တို့ကိုကူညီစောင့်ရှောက်ပေးကြသော အနယ်နယ်အရပ်ရပ်မှကောင်းမှုရှင်စေတနာရှင် ဆရာဝန် သူနာပြု တပည့်များအားလုံးတို့၏ကူညီဆောင်ရွက်မှု၊ ဝေယျာဝစ္စကုသိုလ်ရှင်အားလုံးတို့၏ စိတ်စေတနာသဒ္ဓါစွမ်းအားတို့ဖြင့် သီတဂူကေတုမတီအာယုဒါနဆေးရုံတော်ကြီးမှာ မျက်စိအလင်းအလှူတော်ကို ပေးလှူခဲ့သည်မှာ ယမန်နေ့က မျက်စိအလင်းမျက်စိအလုံးအရေအတွက်မှာ (၁၀၀၀၀)တစ်သောင်းပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တစ်သောင်းမြောက် မျက်စိဝေဒနာခွဲစိပ်ကုသခံယူသော ဦးထွန်းရွှေသည် ထန်းတပင်မြို့နယ် သပြေညွန့်ကျေးရွာမှဖြစ်ပြီး တစ်သောင်းပြည့်မြောက် မျက်စိခွဲကုသမှုခံယူသည့် ဦးထွန်းရွှေနှင့်ဆရာဝန်ကြီးများဂုဏ်ပြုပန်းစည်းများ၊ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 11 January 2025
၁။ အသက် ၂နှစ်မှ၁၈နှစ်အတွင်း မသန်စွမ်းကလေးငယ်များကို ယူနီဆက်ထောက်ပံ့မည်
၂။ ပဲစင်းငုံတန်ချိန်၂၇၀၀ စုပေါင်းရောင်းချပွဲ၌ အပ်ကုန်စနစ်ဖြင့်ပါ လက်ခံပေးနေ
၃။ မြန်မာ-ဘယ်လာရုစ် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည်
၄။ ၂၀၂၅ အီလက်ထရွန်နစ်နည်းပညာပြပွဲ၌ တရုတ် AI ထုတ်ကုန်ပစ္စည်းများ လူကြိုက်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 187 of 2022