#Daily_News
Published 1 March 2025
၁။ ပြည်တွင်း ဝါစိုက်ပျိုးမှုအတွက်နည်းပညာများကို အီဂျစ်ကပံ့ပိုးပေးမည်
၂။ မတ်လအတွက် ဆန်ကြမ်းနှင့်ဆန်ချော ရည်ညွှန်းဈေးများကျဆင်း
၃။ ဓာတ်ဆီဈေးဆက်တက်ပြီး ဒီဇယ်ဈေးပြန်ကျ
၄။ လွန်ခဲ့သော(၁၁)နှစ်က ပျောက်ဆုံးသွားသည့်မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်အား ရှာဖွေရေးပြန်လည်စတင်ရန်မလေးရှားအစိုးရထောက်ခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)တွေနဲ့ ဂျပန်လူမျိုးတွေကိုသာမကဂျပန်ဘာသာစကားတတ်ကျွမ်းတဲ့ မြန်မာလူမျိုးတွေကိုပါ အသုံးချဖို့ ရည်ရွယ်လာနိုင်ခြေရှိတယ်လို့ ြမန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) နဲ့ပတ်သက်တဲ့ သတိပြုရန် အသိပေးစာမှာ ဖော်ပြထားပါတယ်။
#Local_News
Published 1 March 2025
#အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း #ဂျပန်ဘာသာစကားတတ်ကျွမ်း
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီဈေးတွေဆက်တက်လာပြီး ဒီဇယ် ဈေးကတော့ ဒီတစ်ပတ်မှာအနည်းငယ်ပြန်ကျလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်
ရေးကော်မတီက သိရပါတယ်။
#Local_News
Published 1 March 2025
#ဓာတ်ဆီဈေးတက် #ဒီဇယ်ဈေးပြန်ကျ
#YMG/NN #Yangon_Times
အခုမတ်လအတွက် စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းစားသုံးကြတဲ့ ဆန်ကြမ်း၊ ဆန်ချောတွေရဲ့ ရည်ညွှန်းဈေးတွေ အမျိုးအစားအလိုက်တစ်အိတ်ကို၂၀၀၀ကနေ ၅၀၀၀ ကျပ်အထိ ကျဆင်းလာတယ်လို့
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။
#Local_News
Published 1 March 2025
#ဆန်ချောနှင့်ဆန်ကြမ်း #ရည်ညွှန်းဈေးကျဆင်း
#YMG/NN #Yangon_Times
အီဂျစ်နိုင်ငံရဲ့ ဝါစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေနဲ့ စိုက်ပျိုးမှုနည်းလမ်းတွေကို မြန်မာနိုင်ငံသို့ မျှဝေပံ့ပိုးပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 1 March 2025
#ပြည်တွင်းဝါစိုက်ပျိုးမှု #အီဂျစ်ကပံ့ပိုးပေး
#YMG/SW #Yangon_Times
#Local_News
Published 1 March 2025
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ မေလ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည့် နိုင်ငံတကာစိုက်ပျိုးရေးပြပွဲနှင့်ဖိုရမ်သို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ အဆိုပါပြပွဲကို စားနပ်ရိက္ခာဖူလုံမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး အပြန်အလှန် မဟာဗျူဟာများ ရေးဆွဲနိုင်ရန်နှင့် ဟန်ချက်ညီ၍ နှစ်ရှည်အကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထိပ်တန်းအရာရှိများနှင့် ပြပွဲလေ့လာသူပေါင်း ၁၅,၀၀၀ ကျော် လာရောက်မည်ဖြစ်ပြီး ရုရှားစီးပွားရေးကုမ္ပဏီပေါင်း ၅၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲတွင် မြေဆီလွှာအသုံးချမှုနှင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှုအနေဖြင့် အပင်ပိုးမွှားကာကွယ်သည့် ပိုးသတ်ဆေးနှင့်ထုတ်ကုန်များ၊ ဓာတ်မြေသြဇာများ၊ အော်ဂဲနစ်မြေဩဇာများ၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများအနေဖြင့် မွေးမြူရေးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ၊ အသင့်စား အသားထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာများ၊ ရေဆိုးသန့်စင်စက်ရုံနှင့် လေဝင်လေထွက်စနစ်များ၊ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ သီးနှံထုတ်လုပ်ခြင်းနှင့် သိမ်းဆည်းခြင်းနည်းစနစ်များ၊ စွန့်ပစ်အမှိုက်များကို ဇီဝလောင်စာနှင့် အော်ဂဲနစ်မြေဩဇာ ပြောင်းလဲခြင်း နည်းစနစ်များ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ တိရိစ္ဆာန်အစားအစာ၊ အစေ့အဆန်များနှင့် ဖြည့်စွက်ပစ္စည်းများ ပေါင်းစပ်ဒီဇိုင်းထုတ်ထားသော တိရိစ္ဆာန်ဒြပ်ပေါင်း အစားအစာထုတ်ကုန်များ စသည်တို့ကို ပြသသွားမည်ဖြစ်ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 1 March 2025
▪️ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သရေခေတ္တရာ မြို့ဟောင်းတစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် ရှုခင်းကြည့် မျှော်စင်တည်ဆောက်လျှက်ရှိရာ လတ်တလောတွင် RC လုပ်ငန်းပိုင်း ပြီးစီးနေပြီဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာ ဌာနမှ သိရသည်။
▪️ အဆိုပါရှုခင်းကြည့်မျှော်စင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းတာဝန်ယူ၍ ပြည်မြို့ရှိ သရေခေတ္တရာမြို့ဟောင်း၏ အနောက်ဘက် ကြက်တူရွေးတောင် နေရာတွင် အမြင့် ပေ ၄၂ ပေ အထိတည်ဆောက်နေခြင်းဖြစ်သည်။
▪️ ယင်းရှုခင်းကြည့်မျှော်စင်တွင် စုစုပေါင်း အဆင့် ၃ ဆင့်ပါဝင်ပြီး ၁၂ ပေအမြင့်ရှိ အဆင့် ၂ ဆင့်နှင့် ၁၀ ပေအမြင့်ရှိ တစ်ဆင့်တို့ပါဝင်ကြောင်း သိရသည်။
▪️ အဆိုပါ မျှော်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း၊ ကျန်ရှိအပိုင်းများမှာ မြန်မာမှုအမွှန်းပန်းလက်ရာများ တပ်ဆင်ရန်သာကျန်ရှိနေကြောင်း သိရသည်။
▪️ ၎င်းမျှော်စင်ကို အမြင့်ဆုံးနေရာတွင် တည်ဆောက်ထား၍ သရေခေတ္တရာမြို့ဟောင်း တစ်ခုလုံးကို တွေ့မြင်ရနိုင်မည့် အပြင် မြို့ဟောင်းအတွင်းရှိ အထင်ကရ စေတီပုထိုးများ၊ တောင်၏အနောက်ဘက်ခြမ်းရှိ ပြည်မြို့၊ မင်းကြီးတောင်၊ ဧရာဝတီမြစ်ကမ်းအထိ မြင်ရနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် တောင်ခြေမှမျှော်စင်အထိတက်နိုင်မည့် လမ်းများကို ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဖော်ဆောင်သွားရန်ရှိပြီး ကားဖြင့်လာရောက်သူများအတွက်ကိုလည်း ကားရပ်နားနိုင်မည့် ရပ်နားစခန်းများ၊ နားနေရန် ဈေးဆိုင်ခန်းများစသည်တို့ကိုဖော်ဆောင်သွားရန်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 191 of 2082