 
		#Local_News
Published 10 May 2025
▪️ Great Wall Hotelမှ အမျိုးသမီးတစ်ဦး၏ ရုပ် အေ-လာင်းတစ်ခု ထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Great Wall Hotel အဆောက်အဦအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မနက် ၉နာရီ ၄၀ မိနစ်အချိန်တွင် မ(၁)ဦး၏ ရုပ်အလာင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုနှစ်သရက်သီးရာသီမှာ တရုတ်ဝယ်လိုအားရှိနေပေမယ့် ခရီးလမ်းကြန့်ကြာတာနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မားတာတွေကြောင့်  ပြည်တွင်းကထွက်ရှိတဲ့ သရက်သီးတင်ပို့မှုနည်းပါးနေတယ်လို့ သရက်ခြံပိုင်ရှင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။
#Local_News
Published 10 May 2025 
#သရက်သီးတင်ပို့မှုနည်းပါး #ပို့ကုန်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
 
		#Local_News
Published 10 May 2025
▪️ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန်အပါအဝင် ဆန်သိုလှောင်ရောင်းချခြင်းများကို ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိုးဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့် ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိူးဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၉)ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် MAPCOရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဥက္ကဋ္ဌ ဦးကျော်ကိုဆန်းတို့မှ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်၊ သိုလှောင်ရုံမှတ်ပုံတင် စနစ် MyROတွင် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရန်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်း စာရင်းရေးသွင်းကြရန်၊ သိုလှောင်ရုံ စစ်ဆေးမည့် ကိစ္စများ၊ ရည်ညွှန်းဈေးဖြင့် ဆန်ဝယ်ယူရရှိရန် ဆောင်ရွက်ပေးမည့်ကိစ္စများ၊ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန် ကိစ္စများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
လာမယ့်အပတ်အတွင်းမှာရန်ကုန်တိုင်းမှာ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီး ရှိပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်ပေတွေ မြင့်တက်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 10 May 2025 
#ရခိုင်ကမ်းရိုးတန်းအနီး #လေတိုက်နှုန်းမြင့်နိုင်
#YMG/NN #Yangon_Times
 
ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြေးဆွဲမယ့်မီးရထားခရီးစဉ်သစ်ကိုကျောက်မီးသွေးသုံး ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းအသုံးပြုသွားမယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 May 2025 
#ရေနွေးငွေ့စက်ခေါင်းမီးရထား #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်တွေအနေနဲ့ ငလျင်ဘေးသင့်ဒေသတွေနဲ့ ပြည်တွင်း ခရီးစဉ်ဒေသတွေ၊ ခရီးသွားဆွဲဆောင်ရာ နေရာတွေကို ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ အသိပေးကြေညာထားပါတယ်။
#Local_News
Published 10 May 2025 
#ရီးသွားဆွဲဆောင်ရာနေရာ #ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန
#YMG/SW #Yangon_Times
 
		မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏
မော်စကိုဆွေးနွေးပွဲ
အဓိကရလဒ်များ
တရုတ်သမ္မတရှီကျင့်ဖျင်
◾️မြန်မာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ထောက်ခံ
◾️နိုင်ငံတည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ရေး
မြန်မာနိုင်ငံဆောင်ရွက်ချက်များကိုထောက်ခံ
◾️မန္တလေးငလျင်အကျိုးဆက်များအပေါ်စာနာမှုနှင့်
ပြန်လည်ထူထောင်ရေးကူညီမည်ဟုကတိပြု
မြန်မာနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
◾️ဒေသတွင်းနှင့်နိုင်ငံတကာကိစ္စများတွင် တရုတ်၏ထောက်ခံမှုကိုကျေးဇူးတင်
◾️ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုဆွေးနွေး
◾️တရုတ်နိုင်ငံ၏အကူအညီများကို မြန်မာကကျေးဇူးတင်
#ymg/knl
Page 192 of 2163