ရန်ကုန်မျက်စိဆေးရုံကြီးကနေ မျက်စိဝေဒနာရှင်တစ်သိန်းကျော်ကို ယမန်နှစ် တစ်နှစ်တာအတွင်း ကုသပေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 7 January 2025
#ရန်ကုန်မျက်စိဆေးရုံကြီး #မျက်စိဝေဒနာရှင်တစ်သိန်း
#YMG/NN #Yangon_Times
ရန်ကုန်စတော့အိပ်ချိန်းမှာ ဒီဇင်ဘာလအတွင်း ရှယ်စောင်ရေတစ်သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 7 January 2025
#ရန်ကုန်စတော့အိပ်ချိန်း #ရှယ်စောင်ရေတစ်သိန်းကျော်
#YMG/NN #Yangon_Times
စားသုံးသူရေးရာဦးစီးဌာနက ယခုဇန်နဝါရီလအတွက် ဆန်ရည်ညွှန်းစျေးနှုန်းတွေကိုထုတ်ပြန်ပေးလိုက်ပြီး ပြန်လည်ရောင်းချရာမှာ သတ်မှတ်နှုန်းအပေါ်၈% ထပ်မပိုစေဖို့ အသိပေးထားပါတယ်။
#Local_News
Published 7 January 2025
#ဆန်ရည်ညွှန်းစျေးနှုန်း #သတ်မှတ်နှုန်းအပေါ်၈% ထပ်မပိုရ
#YMG/SW #Yangon_Times
#Local_News
Published 7 January 2025
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်းအပါအဝင် နိုင်ငံခြားငွေကြေးများကို ယမန်နေ့က ထပ်မံထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ဇန်နဝါရီလ ၆ ရက်နေ့တွင် ငွေလဲနှုန်း ၃၅၉၁ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၁၃၀.၃ ကျပ်ဖြင့် ထိုင်းဘတ် ၂.၈ သန်းများ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ငွေလဲနှုန်း ၃၅၈၈ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၅၃၈ ကျပ်ဖြင့် တရုတ်ယွမ် ၆၇၈၃၅၄ ၊ ငွေလဲနှုန်း ၁၂၉.၉ ကျပ်ဖြင့် ထိုင်းဘတ် ၂.၄ သန်းကိုလည်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 January 2024
▪️ ရွှေပြည်သာ၌ ယနေ့မနက်အစောပိုင်း မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး လူတစ်ဦးနှင့်ခွေးတစ်ကောင်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။
▪️ ဇန်နဝါရီ ၇ရက်နေ့၊ မနက်၄ နာရီ၅၀ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ၄ နာရီ ၅၆မိနစ် အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ပြီးနောက် မနက်၆ နာရီ အချိန်တွင် မီးထိန်းပြီး ၆နာရီ ၁၉မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ေ-သဆုံးနေသည့် အမျိုးသမီး ခန္ဓာကိုယ်တစ်ခုနှင့် ခွေးတစ်ကောင်ေ-သဆုံးခဲ့ပြီး ခွေးအရှင်တစ်ကောင်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 January 2025
▪️ ယနေ့နံနက်အစောပိုင်းက ကျောက်ဆည်မြို့အနီး အမြန်လမ်းပေါ်တွင် ရပ်ထားသော ဆီဘောက်ဆာယာဉ်ကို အရှိန်မထိန်းနိုင်သည့်ကားတစ်စီးကဝင်တိုက်မှုတစ်ခုဖြစ်ပွါးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ ၇.၁.၂၀၂၅ ရက် နံနက်လ၀၇ ၀၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်၊ သစ်ကြီးတန်းရပ်ကွက်၊ မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ်(၅/၇)နှင့် (၆)မိုင်ကြားတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော Sino Truck HOWO အမျိုးအစားဆီဘောက်ဆာယာဉ်သည် ရပ်နားထားစဉ် သာစည်မှ မန္တလေးသို့ မောင်းနှင်လာသော SHACLAH အမျိုးအစားယာဉ်မှ ရှေ့ညာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဆီဘောက်ဆာယာဉ်အား ဝင်တိုက်ခဲ့ရာ ဆီကန်ပေါက်၍ ဆီများယိုစိမ့်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ အခင်းဖြစ်ရာနေရာသို့ ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျောက်ဆည်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_7 Jan 2025
▪️ မြန်မာနိုင်ငံကူးလက်မှတ်(အတု)ဖြင့်ထိုင်းနှင့် မလေးရှားသို့ တရားမဝင်အလုပ်သမားပို့ဆောင်သူများအား ဖမ်းမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားလုံခြုံရေးပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် တောင်တွင်းကြီးမြို့နယ်နေ မနှင်းအိဖြူပါ အမျိုးသမီးငယ် ၃ ဦးအပါအဝင် မြန်မာလူငယ် ၁၁ ဦးထံမှ မြန်မာနိုင်ငံကူးလက်မှတ်အတု ၁၁ အုပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
▪️ ယင်းတို့ကိုသက်နန္ဒာဝင်းက ခေါ်ဆောင်လာခြင်းဖြစ်ပြီး ခေါ်ယူလာသူ ၁၁ ဦး အနက် မနှင်းအိဖြူပါ ၉ ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း (အထက်)၊ ဒုတိယထပ်၊ အမှတ်(၂၂၀)ရှိ One Asia အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ နွယ်နီလှိုင်မင်း၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်) ဗလ တို့က တစ်ဦးလျှင် ဝန်ဆောင်ခငွေ ကျပ်သိန်း ၈၀ စီရယူ၍လည်းကောင်း၊ မောင်ကျော်မင်းထွန်းပါ ၂ ဦးအား ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့် (၃၉)လမ်းထောင့်၊ Central Tower တတိယထပ်၊ အခန်း(၃၀၂) ရှိ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ စုမြတ်(ခေါ်)စုမြတ်နန္ဒာဝင်းကတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ စီရယူ၍လည်းကောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ပေးကာ မြဝတီမြို့မှတစ် ဆင့် ထိုင်းနိုင်ငံသို့ပို့ဆောင်၍ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ကြောင်း သိရှိရသည်။
▪️ ယင်းကြောင့်မြဝတီမြို့မရဲစခန်းက နွယ်နီလှိုင်မင်း၊ ဗလနှင့် စုမြတ်တို့ကို ဥပဒေအရ အမှုဖွင့်လှစ် အရေးယူခဲ့ ကြောင်း ၊ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ရာ One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီ လှိုင်မင်း၊ ဗလ၊ လျမ်းထက်ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ ဝဏ္ဏဇော်(ခေါ်)ကိုပေါက်၊ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်သူများဖြစ်သည့် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ စေတနာသုခလမ်း၊ အမှတ်(၇၂/ ၃ လွှာ-စီ)နေ ညိုမင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ မာလာမြိုင်(၉)လမ်း၊ အမှတ်(၁၁/ ၅ လွှာ-ယာ)နေ ဂျွန်ကိုကို (ခေါ်) ဂျွန်ကိုနှင့် ၎င်း၏ဖခင်ဖြစ်သူ ထွန်းရီ၊ မြန်မာနိုင်ငံကူးလက်မှတ်အတုများကို ဂျွန်ကိုကို ထံအပ်နှံ ပြုလုပ်၍ အလုပ် သမားများကို မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးသူများဖြစ်သည့် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ လမ်း(၃၀/အထက်)၊ အမှတ်(၂၀၀)နေ စန်းဝင်း(ခေါ်) ရဖီးနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ဗထူးလမ်း သွယ်ထောင့်၊ အမှတ်(၁)နေ သန့်ဇင်ဦးတို့ ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ နွယ်နီလှိုင်မင်း၊ ဗလ ၊ စုမြတ်၊ စန်းဝင်း နှင့် သန့်ဇင်ဦးတို့သည် မလေးရှားနိုင်ငံရောက်ကျော်စွာဆိုသူက မြန်မာအလုပ်သမားများကို မလေးရှား နိုင်ငံသို့ စေလွှတ်ပေးရန် အလုပ်အပ်နှံမှုအပါအဝင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် လိုသူများကိုစုဆောင်း၍ အခကြေးငွေ ကျပ်သိန်း ၈၀ ရယူပြီး ကျော်စွာအား ၁၇ သိန်းကျပ်၊ ဇော်လင်းပိုင်နှင့် မျိုးလေး(ခေါ်)ဖာရွတ် တို့အား ထိုင်း ဘတ်ငွေ ၂၀၀၀၀ (မြန်မာကျပ်ငွေ ၂၄ သိန်း)စီ၊ အထွေထွေကုန်ကျစရိတ် ၂ သိန်းကျပ် ကုန်ကျခဲ့ရာ နွယ်နီ လှိုင်မင်းနှင့် ဗလတို့က ၁၃ သိန်းကျပ် အကျိုးအမြတ်ရယူ၍ မလေးရှားနိုင်ငံနေ မျိုးလေး ၏စီစဉ်မှုဖြင့် မြန်မာ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်သူ ဂျွန်ကိုကိုထံ အပ်နှံအတုပြုလုပ်၍လည်းကောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်မှ အချက် အလက်များကို ပြုပြင်အတု ပြုလုပ်သူ ညိုမင်းထံ အပ်နှံပြုပြင်၍ လည်းကောင်း မြန်မာနိုင်ငံကူး လက် မှတ် အတုများ ပြုလုပ်ကာ အလုပ်သမားများကို ရန်ကုန်မြို့သို့ ခေါ်ယူစုစည်း၍ ရန်ကုန်မြို့မှ ခရီးသည်တင်ယာဉ်ဖြင့် မြဝတီမြို့သို့ ပို့ဆောင်ပေးကြောင်း၊ မြဝတီမြို့သို့ရောက်ရှိပါက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ ဇော်လင်းပိုင်ဆိုသူ၏ ကိုယ်စားလှယ်ဖြစ်သူမြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘိုရပ်နေ သက် နန္ဒာဝင်းက အမှတ်(၁)မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားမှ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) ဖြင့်လည်းကောင်း၊ တရားမဝင်လမ်းကြောင်းများမှ လည်းကောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပို့ဆောင်ကြောင်း၊ မဲဆောက်မြို့သို့ရောက်ရှိပါက ဇော်လင်းပိုင်ကထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်ကတ်) အတုများ ထုတ်ပေးကာမဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကြောင်း၊ ဘန်ကောက်မြို့သို့ ရောက်ရှိပါက မြန်မာနိုင်ငံကူးလက်မှတ်အတုဖြင့် ထိုင်းနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ် လက်မှတ် ဝယ်ယူ၍ ထိုင်းနိုင်ငံတောင်ပိုင်းရှိ နရာသီဝမြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ပေးကြောင်း၊ နရာသီဝမြို့သို့ရောက်ရှိပါက မျိုးလေး၏ စီစဉ်မှုဖြင့် မလေးရှားနိုင်ငံနယ်စပ်၊ ကလန်တန်း မြို့သို့ တရားမဝင် ရေလမ်း ကြောင်းမှ လှေဖြင့် လည်းကောင်း၊ ကလန်တန်းမြို့မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ တရားမဝင်ကုန်းလမ်းကြောင်းမှ မော်တော်ယာဉ်ဖြင့် လည်းကောင်း ပို့ဆောင်ကြောင်း သိရသည်။
▪️ မလေးရှားနိုင်ငံ ပြည်တွင်း လေကြောင်းလိုင်းများဖြင့် မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံကူး လက်မှတ်အ တုများ ကိုင်ဆောင်သွားလာ အလုပ်လုပ် ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေအရအရေး ယူဆောင် ရွက်ထားရှိကြောင်း၊ ဂျွန်ကိုကို အနေဖြင့် ဗလနှင့် စုမြတ်တို့အပါ ၁၄ ဦးတို့အပ်နှံသည့် နိုင်ငံကူးလက်မှတ်အတု ၇၃၄ အုပ်အား အတုပြုလုပ်ပေးခဲ့ကြောင်းနှင့် အမှုမှထွက်ပြေးတိမ်းရှောင်နေသည့် ကျန်တရားခံများ ဖမ်းဆီးရမိ ရေးအတွက် ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
Page 194 of 2022