#Local_News
Published 25 March 2026

▪️ ယမန်နေ့ညပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ဆီဘောက်ဆာယာဉ်နှင့် Light Truckယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်လျှက်ရှိရာ အဆိုပါလူကိုအသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

▪️ ၂၄.၃.၂၀၂၆ ရက်နေ့၊ ည၇နာရီ၅၀ မိနစ်အချိန်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာနယ်မြေ၊ အောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Light Truck ယာဉ်မှ ဆီဘောက်ဆာယာဉ်အား အနောက်မှဝင်တိုက်မိရာ Light Truck ယာဉ်အား မောင်းနှင်သူ ကျား(၁)ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် လယ်ဝေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အေလာနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအား သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ဆောင်ရွက်ပေးပြီးနောက် ည၈နာရီ ၃၃ မိနစ်အချိန်တွင် ကျား(၁)ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့‌ကြောင်းသိရသည်။

#YMG/SW #Yangon_Times