နေပြည်တော်၊ မေ - ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့တော်တွင်ကျင်းပပြုလုပ်မည့်၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင်အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံဆွေးနွေး ခြင်းများကိုဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံ တွင်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြူကြူလှ သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Ms. Valentina Matvienko ၏ ဖိတ်ကြားချက်အရ ခရီးစဉ်မှာ တစ်ပါတည်း သွားရောက်မည်ဖြစ်ပြီးခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
ခရီးစဉ်တွင် နစက အဖွဲ့ဝင်များ၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမှာ ဖြစ်ပါတယ်။
#ymg/knl
Daily_News
Published 05 May 2025
၁။ တက္ကသိုလ်ဝင်တန်းပြန်ဖြေသူများအား ဆရာ၊ ဆရာမတစ်ထောင်ကျော်ဖြင့် စခန်းသွင်းသင်ကြားပေးနေ
၂။ ရှမ်းပြည်တောင်ပိုင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအတွက် ငွေသားအထောက်အပံ့များပေးအပ်
၃။ ဧရာဝတီတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ပေးနေ
၄။ အိမ်မွေးခွေးများအား လေ့ကျင့်သင်ကြားထိန်းကျောင်းမှုပေးနေသည့်ခွေးမူကြို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးအတက်ကြမ်းနေတာကြောင့် ပြည်တွင်းဈေးပါထပ်တက်လာတယ်လို့ ရွှေဈေးကွက်ထဲကနေ သိရပါတယ်။
#Local_News
Published 05 May 2025
#ကမ္ဘာ့ရွှေဈေးအတက်ကြမ်း #ပြည်တွင်းဈေးပါထပ်တက်
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးအတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 05 May 2025
#ဧရာဝတီတိုင်းဒေသကြီး #MSMEs
မြန်မာနိုင်ငံကြက်ခြေနီအသင်းကရှမ်းပြည်တောင်ပိုင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုတွေအတွက် ငွေသားအထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 05 May 2025
#ငလျင်ဘေးသင့်အိမ်ထောင်စု #ငွေသားအထောက်အပံ့များပေးအပ်
#YMG/SW #Yangon_Times
မန္တလေးငလျင်ဒဏ်ကြောင့် အဖြေလွှာတွေမီးလောင်ဆုံးရှုံးခဲ့တာကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုကြမယ့် ကျောင်းသား/ကျောင်းသူတွေကို ဆရာ၊ဆရာမတစ်ထောင်ကျော်နဲ့ စခန်းသွင်းသင်ကြားပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 05 May 2025
#တက္ကသိုလ်ဝင်တန်းပြန်ဖြေသူများ #စခန်းသွင်းသင်ကြားပေးနေ
#YMG/NN #Yangon_Times
#Local_News
Published 5 April 2025
▪️ ယနေ့ မေလ၅ရက် နံနက်စောပိုင်းက မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အနီး အင်အားရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
▪️ ထိုငလျင်သည် ပျော်ဘွယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ အနက် ၁၆ ကီလိုမီတာကိုဗဟိုပြု၍ ယနေ့နံနက် ၆ နာရီ၊ ၃ မိနစ်၊ ၁၄ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲမြေငလျင်များ ဆက်တိုက် လှုပ်ခတ်လျှက်ရှိရာ တစ်လကျော်အကြာထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း (၁၆၂) ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 198 of 2163