#Local_News
Published 06 July 2024
▪️ ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောလူနာနှင့် ဝမ်းလျှော၍ သေဆုံးလူနာများဆေးရုံပို့ဆောင်ပေးရခြင်းရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
▪️ သာကေတ၊ ဒေါပုံ၊ ဗိုလ်တထောင်စသည့်မြို့နယ်များမှ ဝမ်းလျှော၍ ဆေးရုံပို့ပေးရသူများ သေဆုံးသူများ ရှိနေသည်ဟုဆိုသည်။
▪️ "လူနာငါးယောက်မှာ ၃ယောက်လောက်က ဝမ်းပျက်ဝမ်းလျောဖြစ်နေသို့ သယ်ပေးနေရပါတယ်။ ဝမ်းလျောဝမ်းပျက်လူနာတွေသယ်ဆောင်ပေးနေရတွေများနေပါတယ်။ ဒေါပုံ သဲကုန်းကမ်းနားလမ်းမှာ နှစ်ယောက်လောက်သယ်ပေးရတယ်။ သုံးယောက်လောက်တော့ဆုံးသွားတယ်လို့ ပြောတယ်။ သာကေတမှာတော့ ကာလဝမ်းရောဂါ ကာကွယ်ဆေးထိုးပေးနေပြီတော့ကြားတယ်"ဟု ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ဝမ်းရောဂါမဖြစ်ပွားအောင် ယင်နားစာနှင့် မသန့်ရှင်းသောအစားအသောက်များကို မစားသောက်ရန်နှင့် လက်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေးများကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်းနှင့် ဆန်ဆေးရည်ကဲ့သို့ အရည်ကျဲကျဲ ဝမ်းသွားပါက ဆေးရုံသို့ အချိန်မီသွားရောက်ကြရန်လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
ရန်ကုန်ဈေးကွက်ထဲမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဖြစ်တဲ့ စက်သုံးဆီဈေးတွေဆက်တက်ဆက်တက်နေပြီး တစ်လတာအတွင်း တစ်လီတာကိုကျပ် ၁၀၀ ကျော်မှ ၅၀၀ကျော်အထိမြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 06 July 2024
#စက်သုံးဆီဈေးဆက်တက် #စက်သုံးဆီဈေးကွက်
#NN #Yangon_Times
ရန်ကုန်မှာ ဝမ်းလျောလူနာတွေထက် မိုးတွင်း တုပ်ကွေးဖြစ်ကာ ဖျားနာတဲ့ လူကြီး၊ ကလေးလူနာတွေနဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးငယ်တွေကိုသာ ဆေးရုံပို့ဆောင်ပေးနေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
#Local_News
Published 06 July 2024
#ကလေးဖျားနာလူနာ #သွေးလွန်တုပ်ကွေးလူနာ
#tthl #Yangon_Times
#Local_News
Published 7 July 2024
▪️ ယခုရက်သတ္တပတ်အတွင်း မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေဝင်နစ်မြု-ပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက သတိပေး ကြေညာထားသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်တွင် ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့ရန် ပြုလုပ်ထားခြင်း၊ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားခြင်း၊ ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားခြင်း၊ လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားခြင်းများကို လုပ်ဆောင်ထားရန်လိုအပ်ကြောင်း သိရသည်။
▪️ ထို့အပြင် အဓိကအားဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းပေးခြင်း၊ သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားခြင်း၊ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားခြင်းတို့ကိုလည်း ကြိုတင်ပြင်ဆင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက်စစ်ဆေးနေကာထူးခြားသည့်အခြေအနေများ အချိန်နှင်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများကြိုတင်ပြင်ဆင်ထားရန်လိုကြောင်းလည်း ဆိုထားသည်။
▪️ ရေကြီးနစ်မြု-ပ်မှုများ အတွက်လည်း အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းနှင့် နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသသတိပေးချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက်နားထောင်ကာ ပြည်တွင်းထုတ်နေ့စဉ် သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြရန်လိုကြောင်းလည်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 6 July 2024
▪️ ချင်းတွင်းမြစ်နှင့် နန့်ရင်းချောင်းရေဝင်ရောက်မှုများကြောင့် ဟုမ္မလင်းနှင့် မိုးကောင်းမြို့နယ်ရှိကျေးရွာများအား ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင် ၅ရက်နေ့၊ မနက်၇နာရီ အချိန်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များသို့ နန့်ရင်းချောင်းရေဝင်ရောက်မှုကြောင့် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ (၃)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဇူလိုင်၅ရက်နေ့၊ မနက်၉ နာရီ၅ မိနစ် အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဂွေးတောက်ကုန်းကျေးရွာအုပ်စု၊ မင်းသာယာကျေးရွာတွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့နယ် မီးသတ်စခန်းမှ အမြန်ရေယာဉ်(၂) စီး ၊ ဇက်ရေယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 06 July 2024
▪️ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေ၍ သာကေတ၊ တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် (၄)နာရီကြာ ယာယီဓာတ်အားပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 230kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV သာကေတ- သီတာ (၁+၂) ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းအား မြို့နယ်စုဖွဲ့အင်အားဖြင့် (၇.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ (၁၄:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
▪️ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၏ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်
▪️ ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့ နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှအသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published 05 July 2024
၁။ ဆန်များအိမ်အရောက်ပို့ပေးသည်ဆိုပြီး ငွေကြေးလိမ်လည်မှုများရှိနေ
၂။ ရခိုင်မှအုန်းဆီရရှိမှုမရှိတော့၍ ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေ
၃။ ရူပီးနှင့်ကျပ်ငွေ ကုန်သွယ်မှုငွေပေးချေရေးယန္တရား စတင်ဆောင်ရွက်နေပြီး ပို့ကုန်သမားများအဆင်ပြေ
၄။ တရုတ်-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတန်ဖိုးအား ဆက်လက်ထိန်းသိမ်းသွားရန် ရှီကျင့်ဖင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 199 of 1835