#Local_News
Published 21 March 2026
▪️ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁ဦး၊ ပေါင်း ၂၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ယင်းတို့မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ဦး၊ ရွှေကျင်မြို့မှ အမျိုးသား ၁ဦး၊ ရွှေတောင်မြို့မှ အမျိုးသား ၁ဦး၊ ရေတာရှည်မြို့မှ အမျိုးသား ၃ဦး၊ ပန်တောင်းမြို့မှ အမျိုးသား ၆ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား ၂ဦး၊ မင်းလှမြို့မှ အမျိုးသား ၁ဦး၊ ဖြူးမြို့မှ အမျိုးသား ၁ဦး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား ၁ဦး၊ စုစုပေါင်း အမျိုးသား (၂၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိအေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
▪️ ၎င်းတို့နှင့်အတူ ပါရှိလာသည့် M4သေနတ် ၂ လက်၊ MA1သေနတ် ၃ လက်၊ MA3 ၂လက်၊ MA4သေနတ် ၁ လက်၊ AK47သေနတ် ၁ လက်၊ T-81 သေနတ် ၁လက်၊ ပစ္စတို ၂လက်၊ လေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၅၆၉ တောင့်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး ၄လုံး၊ ၄၀မမဗုံးသီး ၇ လုံး၊ ခဲဖူး ၈၈ခုတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက် ဆုကြေးငွေသိန်း ၅၀နှုန်း ဖြင့် ၁၀ လက်အတွက် ငွေကျပ် သိန်း ၅၀၀ ၊ ပစ္စတို ၁ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၃၀ နှုန်းဖြင့် ၂လက်အတွက် ဆုကြေးငွေကျပ်သိန်း ၆၀၊ လေသေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ် ၅ သိန်း၊ လက်ပစ်ဗုံး တစ်လုံးစီ အတွက်ဆုကြေးငွေ ကျပ် ၃ သိန်း နှုန်းဖြင့် လက်ပစ်ဗုံး ၄ လုံး အတွက် ငွေကျပ် ၁၂ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူ များထံ ပြန်လည် လွှဲပြောင်းအပ်နှံ ပေးအပ် ခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times